Showing posts with label Donate. Show all posts
Showing posts with label Donate. Show all posts
ရေးသားသူ ထင်လင်းအောင်
ရွှေဆံနွယ်ဓမ္မဓရကုသိုလ်ဖြစ်ဆေးရုံ ဒီဇင်ဘာ (၂၇) ပန္နက်တင်မည်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အလောင်းတော် ကဿပ ဘုရားဖူးသွားရာလမ်း၊ ယမားချောင်းကြီး
မြောက်ဘက် ဆင်တဲရွာအရှေ့ဘက် ရွှေဆံနွယ်ဓမ္မဓရကုသိုလ်ဖြစ် (၁၆)ကုဋင်ဆံ့ဆေးရုံကို ဒီဇင်ဘာ
(၂၇) ပန္နက်တင်မည် ဖြစ်ကြောင်းသိရသည်။ ရွှေဆံနွယ်ဆရာတော် အရှင်ဝါယမာနန္ဒသည်
ရွှေဆံနွယ်ကဗျာဖြင့် ယင်းအမည်တွင်ခဲ့ခြင်းဖြစ်ပြီး ထိုကဗျာကြောင့်ပင် ဒကာ ဒကာမများက
သဒ္ဓါတရားထက်သန်စွာဖြင့် ဆံနွယ်များ၊ ၀တ္ထုငွေကြေးများ လှူဒါန်းခဲ့မှုကြောင့် လမ်းတံတာများကို ဆောက်လုပ်လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ““လမ်းတံတား ကုသိုလ်အပြင်
အသက်ကယ်တဲ့ ဇီဝိတဒါနကုသိုလ်တစ်မျိုး ထပ်မံရစေချင်တဲ့ရည်ရွယ်ချက်၊ ဒေသခံပြည်သူတွေရဲ့
အရေးတကြီးလိုအပ်နေတဲ့ ကျန်းမာရေးအခက်အခဲကို ဖြေရှင်းဆောင်ရွက်ပေးလိုတဲ့ ရည်ရွယ်ချက်
တွေကြောင့် ကုသိုလ်ဖြစ်ဆေးရုံကို ဆောက်လုပ်ဖို့ ရည်ရွယ်ခဲ့တာပါ””ဟု ရွှေဆံနွယ်ဆရာတော်က
မိန့်ကြားသည်။““ အောက်တိုဘာ (၁၇) ရက်က ဆေးရုံအတွက် အကျိုးတော်ဆောင်များ
အစည်းအဝေးကို ကျင်းပခဲ့ပါတယ်၊ သြ၀ါဒါစရိယဆရာတော်ငါးပါး၊ လူပုဂ္ဂိုလ်နာယက (၃)ဦး၊
ဖြစ်မြောက်ရေးကော်မတီအဖွဲ့ (၉)ဦး၊ ဘဏ္ဍာငွေရှာဖွေရေး (၂၄)ဦး၊ ဆောက်လုပ်ရေး (၅)ဦး၊
သတင်းပြန်ကြားရေး (၇)ဦး၊ ဘဏ္ဍာထိန်း (၃)ဦး၊ စာရင်းစစ်(၃)ဦးနဲ့ ဆေးရုံဖြစ်မြောက်ရေး
အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ ကုသိုလ်ဖြစ်ဆေးရုံအတွက် တာဝန်ခံဆရာဝန်ကြီးအဖြစ်
ဒေါက်တာ ကျော်ဦး M.B.B.S (Mdy) Dip.Med Sc (Family Medicine) က
ကုသိုဖြစ် တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်””ဟု ရွှေဆံနွယ်ဆေးရုံဖြစ်မြောက်ရေးအကျိုးတော်
ဆောင်ဆရာတော် အရှင်ရေ၀တ(သာသနာ့ပျိုးခင်း)က မိန့်ကြားသည်။အရေးတကြီး
လိုအပ်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များကို ပြုလုပ်မှုမည်ဖြစ်သည့်
အတွက် အလှူတော်ငွေများ၊ ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများ၊ ဆေးဖက်ဆိုင်ရာ
စက်ပစ္စည်းများ၊ လူနာတင်ယာဉ်များနှင့် လှူဒါန်းလိုသည်များကို အောက်ပါလိပ်စာ
များသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိ၇သည်။

၁။ ရွှေဆံနွယ်ဆရာတော် အရှင်ဝါယမာနန္ဒ၊ အဆောင်(၁၈) အဆောင်မှူး၊
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ မန္တလေးမြို့၊ (ဖုန်း 09-2035154)
၂။ အရှင်ရေ၀တ(သာသနာ့ပျိုးခင်း)၊ ပဲခူးဆောင်၊ လက်ထောက်အဆောင်မှူ၊
သာသနာ့တက္ကသိုလ်၊ ကမ္ဘာအေး၊ ရန်ကုန်၊ ဖုန်း 09-5025409
၃။ ဒေါ်ပန်းမြတ်နိုးခင်၊ (ပင်စလီလက်ဖက်ခြောက်လုပ်ငန်း) ရွှေဂုံတိုင်လမ်းမ၊
ရန်ကုန်။ (ဖုန်း 01-545164၊ 09-5016642)
၎။ ဒေါ်မိုးမိုးလွင် အမှတ်(223) ၂၉ လမ်း၊ ရန်ကုန်၊ ဖုန်း 01-248188
ရေးသားသူ ထင်လင်းအောင်
စစ်ကိုင်းတိုင်း ၊ယင်းမာပင်မြို့နယ်၊အလောင်းတော်ကဿပဘုရားဖူးသွားရာလမ်း
ယမား ချောင်းကြီးမြောက်ဘက် ဆင်တဲကျေးရွာ


ရွှေဆံနွယ် ဓမ္မကုသိုလ်ဖြစ်ဆေးခန်း

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊အလောင်းတော်ကဿပဘုရားဖူးသွားရာလမ်း ယမား ချောင်းကြီး
မြောက်ဘက်ခြမ်းတွင် ဒေသခံပြည်သူများစွာ နေထိုင်လျက်ရှိပါသည်။ မိုးတွင်း ကာလနှင့်အထက်မှ
ဆည်ရေလွတ်ရာကာလများမှာ ယမားချောင်းကြီး ရေပြည့်လျှံနေ တတ်ပါသည်။ချောင်းကူးတံတား
မရှိသည့် ထိုယမားချောင်းကူးအခက်အခဲကြောင့် ဒေသခံပြည် သူတို့မှာ အရေးပေါ်ကျမ်းမာရေး
အခက်အခဲနှင့် ရင်ဆိုင်ခဲ့ကြရပါသည်။ဆေးရုံဆေးခန်း ရှိရာ မြို့ပြသို့ အသွားလမ်းခရီး ယမား
ချောင်းကြီး တစ်ဖက်မှာပင် အသက်မဆုံးရှုံးသင့်ပါဘဲနှင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြရပါ
သည်။တန်ဖိုးကြီးမားလှသော လူ့ဘ၀ကို ရရှိပါလျက် အချိန်မီ ကျန်းမာရေးစောင့်ရှောက်မှု
မရရှိကြသော ဒေသခံပြည်သူများမှာ စောစီးစွာ လူ့ဘ၀ မှ စွန့်ခွာ သွားကြရရှာပါသည်။ထိုကဲ့သို့
ကယ်ဆယ်မှုလိုအပ်နေသည့် မြို့ပြနှင့် ဝေးလံလှသော ဒေသခံပြည်သူများအတွက် ယမားချောင်းကြီး
မြောက်ဘက်၊အလောင်းတော် ကဿပလမ်းနှင့် (၇)ဖာလုံခန့်အကွာ ဆင်တဲကျေးရွာ အရှေ့ဘက်၌
ရွှေဆံနွယ် ဓမ္မဓရ ကုသိုလ်ဖြစ်ဆေးခန်းတည်ဆောက်၍ တိုက်နယ်ဆေးရုံ အဆင့်ရောက်အောင်
ဒေသခံပြည်သူ များအတွက် အရေးတကြီးလိုအပ်နေသော ကျန်းမာရေး စောင့်ရှောက်မှု
အစီအစဉ်ပြုလုပ်သွား မည်ဖြစ်ပါသဖြင့် အလှူတော်ငွေများ ဆေးဝါးနှင့် ဆေးပစ္စည်းအသုံးအဆောင်
များ၊ဆေးဖက် ဆိုင် ရာစက်ပစ္စည်းများ၊လူနာတင်ယာဉ်နှင့် လှူဒါန်းလိုသည်များကို အောက်ပါလိပ်စာ
သို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

ဆက်သွယ်ရန်လိပ်စာ
၁။အရှင်ရေ၀တ(သာသနာ့ပျိုးခင်း)ပဲခူးဆောင်လ/ထ အဆောင်မှူး၊
အရှင်ဥာဏိဿရ ၊အခန်း(၁၂)၊ပဲခူးဆောင်၊နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊
ရန်ကုန်မြို့။
sasanagarden@gmail.com
09 5025409