Showing posts with label သူငယ်ချင်း. Show all posts
Showing posts with label သူငယ်ချင်း. Show all posts
ရေးသားသူ ထင်လင်းအောင်
ဟဲလို! သူငယ်ချင်း...



အွန်လိုင်းတက်ရင်ဘာလုပ်မလဲ...ချက်မှာလား...သိပ်ပြီးမချက်နဲ့ကွ...ချက်ရင်လည်း
ပါးပါးလေးပဲချက် အချိန်ကုန်တယ်ကွ...ပြောသာပြောနေရတာ ငါလည်း အွန်လိုင်းတက်ရင်
ဂျီတော့လေးတော့ ၀င်ထားတဲ့အကျင့်ကပါနေတယ်...ဒါပေမဲ့ တန်ဆေးလွန်ဘေး
ဆိုတဲ့စကားကိုပဲ လက်ကိုင်ထားပြီး ချက်ရတယ်...ချက်တယ်ဆိုတာလည်း ကျောင်းတက်တုန်းကသူငယ်ချင်းတွေ...လူချင်းမတွေ့နိုင်တော့ အွန်လိုင်းမှာပဲ
ဂျီတော့လေးနဲ့ပဲချက်ရတယ်။သူငယ်ချင်းတွေရဲ့ life တွေဘယ်လိုလဲ...
ဘာတွေလုပ်နေကြလဲ... ဘာတွေဖြစ်ဖို့ကြိုးစားနေကြလဲ...ဘာတွေဖြစ်နေပြီလဲ...
အတုယူစရာရှိတာယူပြီးကိုယ့်ဘ၀ကိုလည်း တိုးတက်အောင်ကြိုးစားဖို့သတိပေးရတာပေါ့...

ငါတို့လို ကွန်ပျူတာကျောင်းသားတွေအဖို့ကတော့ အွန်လိုင်းမှာ လုပ်စရာတွေလေ့လာစရာ
တွေအများကြီးပဲ...ငါတို့ဘာတွေလေ့လာချင်လဲ...င်ါတို့ဘာလုပ်ချင်လဲ...ဆိုတာကိုယ့်
ဖာသာအသေအချာသိဖို့လိုတယ်...programmer လုပ်ချင်တာလား...
web developerလုပ်ချင်တာလား...network engineer ဖြစ်ချင်တာလား
ဆိုတာကို သိအောင်လုပ်ရမယ်...


ကိုယ်သင်ယူလေ့လာချင်စရာ languange တွေကို အွန်လိုင်းကနေလေ့လာကြမယ်...
သင်တန်းတက်ဖို့အချိန်မပေးနိုင်ဘူးဆိုရင် ဒီဆိုဒ်လေးတွေက လေ့လာလို့ကောင်းတယ်...

ကိုယ်က windows programming ပိုင်းကို လေ့လာချင်တယ်ဆိုရင်...

http://www.functionx.com

အဲဒီ website မှာသင်ယူစရာတွေအများကြီးပဲ
အသေးစိတ်ရှင်းပြထားတယ်...c# ဆိုရင်လည်း basic ကနေ advanced ထိ detail
ရှင်းပြထားတယ်...java စိတ်ဝင်စားရင်လည်း ဒီ website ထဲမှာပဲစားသုံးနိုင်တယ်...

ကိုယ်က web ပိုင်းကိုလေ့လာချင်ရင်လည်း အိုကေပဲ...

http://www.w3schools.com ဒီ website က အားလုံးကိုယ်သိချင်တာတွေ
အပြည့်အဆုံပဲဖော်ပြထားတယ်...html,CSS, javascript ,php အကြောင်းတွေကို
သင်တန်းတက်စရာမလိုပဲ လေ့လာရလွယ်အောင် ရေးထားတယ်...

ကိုယ်က asp.net ကိုစိတ်ဝင်စားတယ်လေ့လာချင်တယ်ဆိုရင်လည်း
http://www.asp.net က ၀မ်းပမ်းတသာကြိုဆိုနေတယ်...

မြန်မာလိုအွန်လိုင်းကနေ သင်တန်းတင်ချင်ရင်လည်း
http://edu.mysteryzillion.orgကို သွားပြီးတက်ချင်တဲ့သင်တန်းကိုရှာပြီး
တက်ကြည့်လိုက်...

ကဲသူငယ်ချင်း မင်းကဘာကိုစိတ်ဝင်စားတာလဲ...ဘာဖြစ်ချင်တာလဲ...သေချာစဉ်စား
ဆုံးဖြတ်ပြီးရင်အဲဒီwebsite တွေကိုသွားရောက်လေ့လာလိုက်ပါနော...

ပညာတွေ...အတွေအကြုံတွေဖလှယ်ချင်လည်း
ဟောဒီ http://www.mysteryzillion.org ကိုသွားးပြီးဆွေးနွေးလိုက်အုံး...
မင်းအတွက်အကျိုးမယုတ်စေရပါဘူး...

သူငယ်ချင်းအားလုံး အချိန်ကို အကျိုးရှိရှိအသုံးချနိုင်ကြပါစေဗျာ...
ရေးသားသူ ထင်လင်းအောင်
လူတိုင်းလူတိုင်းမှာ သူငယ်ချင်းတွေရှိကြမှာပါ။ကိုယ့်အပေါ်မှာ ကောင်းတဲ့သူငယ်ချင်းတွေရှိသလို
ဆိုးတဲ့သူငယ်ချင်းတွေလည်းရှိကြမှာပါ။ကိုယ့်အပေါ်ကောင်းမွန်တဲ့ သူငယ်ချင်းတွေကို အလွန်တန်
ဖိုးရှိတဲ့ ရတနာတစ်ခုကိုပိုင်ဆိုင်ထားသလိုတန်ဖိုးထားမယ်...ကိုယ့်အပေါ်မကောင်းတဲ့ သူငယ်ချင်း
တွေကို ခွင့်လွတ်နားလည်ပေးဖို့ကြိုးစားကြည့်သင့်တယ်လို့ ကျွန်တော်ထင်တယ်...။


ကျွန်တော့်ဘ၀မှာ သူငယ်ချင်းတွေအများကြီးပဲ...ငယ်ငယ်တုန်းက ကစားဖော်ကစားဘက်သူ ငယ်ချင်းတွေ...တက္ကသိုလ်ကျောင်းသားဘ၀တုန်းက စာကြည့်ဖော်ကြည့်ဘက် သူငယ်ချင်း
တွေ...စက်ကိုင်ဖော်ကိုင်ဘက်သူငယ်ချင်းတွေ...ဂစ်တာတီးဖော်တီးဘက်သူငယ်ချင်းတွေ...
ထန်းရည်သောက်ဖော်သောက်ဘက်သူငယ်ချင်းတွေ...တရားထိုင်ဖော်ထိုင်ဘက်သူငယ်ချင်းတွေ
အမှတ်တရသူငယ်ချင်းတွေ အများကြီးပဲဗျ။ အဲဒီသူငယ်ချင်းတွေနဲ့ ကျွန်တော် ဆုံခဲ့ကြုံခဲ့
ခင်မင်ခဲ့တဲ့ အမှတ်တရ နေ့စွဲလေးတွေကို ကျွန်တော့်ရင်ထဲမှာ ကျွန်တော့်အတွေးထဲမှာ
“မနေ့ကလိုပဲ” ထင်ကျန်နေဆဲပဲ...သတိတရရှိနေဆဲပဲဗျ..။

ကျွန်တော့် သူငယ်ချင်းတွေလား? ပြောပြပါမယ်ဗျာ...

ငယ်ငယ်တုန်းကသူငယ်ချင်းများ
ကိုချမ်း၊ထက်ကျော်၊ဂဂျူး၊နွေဦး၊မျိုးဇော်ဦး

မုံရွာကွန်ပျူတာကောလိပ်(ယခု ကွန်ပျူတာတက္ကသိုလ်)တက်စဉ်တုန်းကသူငယ်ချင်းများ
ဆက်လွင်ဌေး၊သန့်ဇော်ဦး၊နေအောင်စိုး၊ဖိုးချမ်း၊အောင်ခန့်မွန်၊သူရိန်စိုး၊အီထွန်း၊စိုးမင်းထွန်း၊
ကိုနေမင်းစိုး၊ကိုဝင်းထွန်း၊ကိုအောင်မျိုးထက်၊ကိုကျော်လှိုင်ထွေး၊မျိုးကိုကို၊မာန်သာ၊သက်မောင်ဦး
ခင်မောင်ထွေး

မန္တလေးကွန်ပျူတာတက္ကသိုလ်တက်စဉ်တုန်းကသူငယ်ချင်းသစ်များ
ိဝင်းမောင်၊ဝေလင်းထွန်း၊ဇော်မျိုးထက်၊
ရွှေစင်လတ်၊မခိုင်၊ခင်ဇာမွန်၊ခင်စန္ဒာမိုး၊ဝေမာ၊သွယ်သွယ်၊ငယ်လေး၊မေလတ်ချို၊တင်မြာ
ဆွေဆွေအောင်၊ကေသီအောင်ဆန်း၊နေမင်း

အဲဒီသူငယ်ချင်းတွေနဲ့ ကျွန်တော် ၊ ကျွန်တော် နဲ့ သူငယ်ချင်းတွေ ရဲ့ မမေ့နိုင်စရာ
အဖြစ်အပျက်တွေကို ကျွန်တော် နောက်တင်မယ့် ပိုစ့်တွေထဲမှာ ပြောပြပါမယ်။