Showing posts with label ချမ်းသာစေမယ့် နည်းလမ်းများ. Show all posts
Showing posts with label ချမ်းသာစေမယ့် နည်းလမ်းများ. Show all posts
ရေးသားသူ ထင်လင်းအောင်
ကမ္ဘာ့ဒုတိယအချမ်းသာဆုံးဖြစ်တဲ့ Warren Buffet ၏ ဘ၀ဒဿနများကို
ကျွန်တော် The voice ဂျာနယ်ကနေဖတ်လိုက်ရပါတယ်။သူ ပြောတဲ့ ချမ်းသာ
စေမယ့် ဘ၀ဒဿနတွေကို အလွန်နှစ်သက်မိပါတယ်....သူငယ်ချင်းတို့လည်း
ဖတ်ကြည့်ပါအုံး...။

အလုပ်ကို ကြိုးစားခြင်း
ကြိုးစားမှုမှန်သမျှ အရာထင်ပါလိမ့်မယ်။ "လေ"သာတွင်တွင် ကြီးပစ်နေရင် ဆင်းရဲတွင်းထဲ
ပြုတ်ကျဖို့ သေချာတယ်။

ပျင်းရိခြင်း
အိပ်ပျော်နေတဲ့ ပုဇွန်ကတော့ ရေစီးအတိုင်း မျောသွားမှာပဲ။

ငွေရပေါက်
အလုပ်တစ်ခုတည်း အားမကိုးပါနဲ့။အနည်းဆုံး နောက်ထပ်ရင်းနှီးမှုတစ်ခုက ငွေရပါစေ။

အသုံးအစွဲ
သင်မလိုတဲ့ ပစ္စည်းတွေ လျှောက်ဝယ်နေမိပြီဆို။ မကြာခင် လိုတဲ့ ပစ္စည်းတွေ ထုတ်ရောင်း
ရတော့မယ်။

စုဆောင်းခြင်း
သုံးပြီးလို့ ပိုတဲ့ပိုက်ဆံကို မစုပါနဲ့။စုပြီးလို့ပိုတဲ့ပိုက်ဆံကို သုံးပါ။

ချေးငှားခြင်း
ပိုက်ဆံချေးသူဟာ ကြွေးရှင်ရဲ့ ကျွန်ဖြစ်တတ်တယ်။

စာရင်းဇယား
သင့် ဖိနိပ်စုပ်နေမှတော့ ထီးယူလာလည်း အသုံးမ၀င်တော့ပါဘူး။

အသုံးစာရင်းကို ပြန်ဆန်းစစ်ခြင်း
အသေးသုံးလေးတွေ ကို ဂရုစိုက်ပါ။အပေါက်သေးသေးလေးတွေကြောင့် သဘောင်္ကြီးတွေ
နစ်ရတယ်။

ဖောင်ဖျက်ခြင်း
ခြေနှစ်ချောင်းလုံးနဲ့ မြစ်ရဲ့ အနက်ကို မစမ်းပါနဲ့။အရန်အစီအစဉ်တစ်ခုရှိပါစေ။

ရင်းနှင်းမြုပ်နှံမှု
သင့်ရဲ့ ကြက်ဥတွေအားလုံးကို ခြင်းတစ်ခုတည်း မထဲ့ပါနဲ့။
(သင်၏ ပိုင်ဆိုင်မှုတွေအားလုံးကို တစ်နေရာတည်းမှာမထားပါနဲ့)