Showing posts with label ညီလေး.....သို့. Show all posts
Showing posts with label ညီလေး.....သို့. Show all posts
ရေးသားသူ ထင်လင်းအောင်
ညီလေးရေ....မင်းက အလုပ်လုပ်တော့မယ်ပေါ့...အကိုကြီးလို ကိုယ့်ခြေထောက်ပေါ်ကို
ရပ်နေနိုင်အောင် ကြိုးစားတော့မယ်ပေါ့။ မင်းကို ရန်ကုန်မှာ အကိုကြီးနဲ့ အတူတူ ခေါ်ပြီး အလုပ်တစ်ခုခုလုပ်စေချင်ပါတယ်။ဒါပေမယ့် ညီလေးရာ...အဖေ၊အမေတို့နဲ့ ဝေးရာမှာ
ကိုယ့်ခြေထောက်ပေါ်ကို ရပ်နေနိုင်ဖို့ ကြိုးစားတာဟာအပြောသာလှပေမယ့်လက်တွေ့ဘ၀ ကတော့မလွယ်ဘူး...ညီလေးရ….။ဒါတွေကို ညီလေး အလုပ်လုပ်ရင် သိလာမှာပါကွာ။

မင်းအလုပ်လုပ်မယ့် အလုပ်က ဓာတ်ပုံဆိုင်မှာဆိုတော့ ကောင်းတာပေါ့။မင်းကPhotoshop လည်းရတယ်။ကွန်ပျူတာပညာမှာလည်း အကိုကြီးရဲ့ ပညာတွေကို ယူတတ်တယ်....။
ဓာတ်ပုံရိုက်ရာမှာလည်း ideaကောင်းတယ်...ဓာတ်ပုံရိုက်တာကိုလည်း ၀ါ သနာပါတယ်
ဆိုတော့ အကိုကြီးအားပေးပါတယ်။အလုပ်လုပ်တယ်ဆိုတာ ကိုယ်ဝါသနာပါ တဲ့ အလုပ်ကို
လုပ်မှကောင်းတာ....ကိုယ်စိတ်ဝင်စားတဲ့ အလုပ်ကိုလုပ်မှကောင်းတာ... ညီလေးမှာက
ဒီအချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုတော့ “ကောင်းတယ်၊လုပ်ပါ”လို့ အကိုကြီး
အားရ၀မ်းသာပြောမိတာပေါ့....ဖုန်းထဲမှာ။

မင်းရဲ့ အလုပ်က စရိတ်ငြိမ်း ၃၀၀၀၀ ဆိုတော့မဆိုးပါဘူးကွာ။ကိုယ့်အတွက်job
experience လည်းရတယ်။ပညာလည်းတိုးတက်မယ်။ဝမ်းလည်းဝတဲ့ အလုပ်မျိုးပဲ
အလုပ်လုပ်မယ့်နေရာဒေသကလည်း ရွှေမန်းမှာဆိုတော့ အဖေတို့နဲ့ မဝေးဘူးပေါ့ကွာ။

ညီလေး မင်းအလုပ်လုပ်တော့မယ်ဆိုတော့ အပေါင်းအသင်းတွေဆန့်လာပြီ။လူမျိုးဆုံနဲ့
တွေ့ရတော့မယ်။မင်းတွေ့မယ့်လူတွေက ဆေးလိပ်သောက်တဲ့သူ၊လောင်းကစားဝါသနာ ပါတဲ့သူ၊အရက်သောက်တဲ့သူ၊အမျိုးမျိုးမင်းတွေ့ရလိမ့်မယ်။မင်းကလောင်းကစားလုပ်တာ ၀ါသနာမပါဘူးဆိုတာအကိုကြီးသိပါတယ်။ဒါပေမယ့် မင်းဆေးလိပ်နဲနဲသောက်စပြုနေပြီ။
ဆေးလိပ်တို့ အရက်တို့ဟာ ကိုယ့်ရဲခန္ဓာကိုယ်ကို မကျန်းမာစေတဲ့ အရာတွေပါ...။ ရောဂါဖြစ်စေတဲ့အရာတွေပါ...။တတ်နိုင်သမျှရှောင်ကျဉ်တာအကောင်းဆုံးပါ....။
မင်းကို အကိုကြီးအထူးမှာချင်တာက အရက်မသောက်ပါနဲ့လို့ပြောချင်ပါတယ်...။
လူကိုဖျက် အရက်တဲ့။ ဒီစကားပုံလေးကို မင်းကြားဖူးမှာပါနော်....။ညီလေးကို
အရက်ရဲ့ အပြစ်တွေကို အထူးပြောပြနေမယ်မထင်ပါ ဘူးလေ...။ဘာကြောင့်လဲ
ဆိုတော့ ဟိုတလောကမှ မင်းရဲ့ဦးလေး အရက်ကို စွဲစွဲမြဲမြဲသောက်လို့ မင်းရဲ့
လက်ပေါ်မှာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားခဲ့တာ လက်တွေ့သာဓက
ပြခဲ့ပြီမဟုတ်လား...။