Showing posts with label ဘာသာပြန်စာပေ. Show all posts
Showing posts with label ဘာသာပြန်စာပေ. Show all posts
ရေးသားသူ ထင်လင်းအောင်
ကယ်လာ ပထမဦးဆုံးကလေးကိုယ်ဝန်ဆောင်ချိန် (၂)လအကြာမှာ သူမရဲ့ချစ်ခင်ပွန်းသေ
ဆုံးသွားတယ်။သူတို့ လက်ထပ်ပြီး ၁နှစ်အလွန်မှာ ကိုယ်ဝန်ရခဲ့ခြင်းဖြစ်တယ်။သူတို့ဘ၀ထဲကို
ဝင်ရောက်လာမယ့် ရတနာလေးကို သူတို့ စောင့်မျှော်နေခဲ့ကြတာ...။ ကယ်ရန်ဟာ
သူမကိုယ်ဝန်ရှိမှန်းသိခဲ့တုန်းက အရမ်းပျော်နေခဲ့တယ်...။

သူအလုပ်သွားတဲ့ တစ်မနက်မှာ ကားတိုက်မှုဖြစ်ခဲ့တယ်။ဆရာဝန်တောင် သူ့ရဲ့အသက်ကို
မကယ်နိုင်ခဲ့ပါဘူး။ သည်လို ကြမ္မာဆိုးတွေယူဆောင်လာတဲ့မနက်ခင်းကို ကြုံတွေ့ခဲ့တာ
(၄)နှစ်တောင်ကြာပါပကော။ သူသေသွားပြီး (၂)လအကြာမှာ သားလေးအရေဘင်ကို
မွေးဖွားခဲ့တယ်။အခုဆို သားလေးအရေဘင် တောင် (၄)နှစ်ပြည့်နေပြီ။သူ့အဖေ
အကြောင်းကို တီတီတာတာမေးတတ်စပြုနေပြီ။

သားလေး သူ့အဖေအကြောင်းကို မေးတိုင်း သူမရင်ထဲမှာ နာကျင်လိုက်ရတာ။
သူ့အဖေဟာ သေသွားပြီး ကောင်းကင်ဘုံကို ရောက်သွားတယ်ဆိုတာ ဘယ်လိုနားလည်
အောင်ပြောရပါ့။သားလေးဟာ သူ့အဖေကို အရမ်းတမ်းတနေတာ။ ဒါပေမဲ့ ဘယ်လိုမှ
သားလေးနားလည်အောင်မဖြေနိုင်ခဲ့ပါဘူး။ညတစ်ညမှာ သားလေးကို အိပ်ရာထဲမှာသိပ်နေတုန်း
သားလေးက သူ့အဖေအကြောင်းကို မေးပြန်ပါရော။

“မေမေ သား မှာ အဖေဘာလို့မရှိတာလဲ...သားဖေဖေဘယ်မှာလဲဟင်...”

“သားလေး...ဟိုး...မိုးကောင်ကင်မှာရှိတဲ့ ကြယ်ပွင့်လေးတွေကိုတွေ့လား...အလင်းလက်ဆုံး
နဲ့ အကြီးမားဆုံး ကြယ်ပွင့်လေးကိုတွေ့လား”

“ဟုတ်ကဲ့ မေမေ”

“အဲဒါ သားဖေဖေပေါ့ကွယ်...သူက သားကိုစောင့်ရှောက်ဖို့ ကောင်းကင်ဘုံကိုသွားတာလေ...
မိုးကောင်ကင်မှာ လင်းလက်နေတဲ့ အကြီးမားဆုံးနဲ့ အတောက်ပဆုံးကြယ်ပွင့်လေးကိုတွေ့တိုင်း
သားဖေဖေက သားကို ချစ်တယ် လို့ပြောနေတယ်လို့မှတ်လိုက်နော် သားလေး...
သားဖေဖေက သားလေးကို ရဲစွမ်းသတ္တိရှိပြီး ကျန်းမာသန်စွမ်း တဲ့ သားတစ်ယောက်
်ဖြစ်စေချင်တာ...သားလေးကောင်းကင်ဘုံကို သွားရတဲ့ တစ်နေ့မှာ သားလည်း သားဖေဖေလို
ုကြီးမားပြီး လင်းလက်တဲ့ ကြယ်စင်လေးဖြစ်လိမ့်မယ်ကွယ်...”

“ဟုတ်ကဲ့ပါမေမေ...သားဖေဖေ ကို မြင်ချင်တဲ့အခါတိုင်း မိုးကောင်ကင်မှာလင်းလက်နေတဲ့
ကြယ်ပွင့်လေးတွေ ကို သားမော့ကြည့်လိုက်ပါမယ်...”

အရေဘင်ဟာ သူ့ဖေဖေအကြောင်းကို သိလိုက်ရလို့ထင်ပါရဲ့ တော်တော်လေးစိတ်ကျေနပ်
သွားပုံရတယ်...။သူမရဲ့ သားလေး ဘ၀တိုးတက်အောင် စောင့်ရှောက်ပေးပါ...သားလေး
ဘေးရန်ကင်းရှင်းစေဖို့စောင့်ရှောက်ပေး ပါလို့ ကောင်းကင်ဘုံမှာရှိတဲ့ သူ့ခင်ပွန်းဆီကို
တိုးတိုးလေးဆုတောင်းလိုက်ပါတယ်...။

သူမ ဖြတ်သန်းသွားရမယ့် ဘ၀ခရီးလမ်းဟာ ရှည်လျားလိမ့်မယ်...ရံဖန်ရံခါမှာ အခက်အခဲ
အတားအဆီးတွေနဲ့ ကြုံတွေ့နေရမယ်ဆိုတာသူမသိနေတယ်။သူ့မရဲ့ခွင်ပွန်းဟာ သူတို့ကို
ကာကွယ်စောင့်ရှောက်လိမ့်မယ်...သူမ ဟာ သားလေးအတွက် ဒီလောကကြီးမှာ
အကောင်းဆုံးသော မိခင်တစ် ယောက်ဖြစ်စေဖို့ သူမခင်ပွန်းဟာ အားအင်တွေပေးနေမယ်ဆိုတာ
သူမယုံကြည်နေမိတယ်...။

နောက်ဆုံးတစ်နေ့မှာ သူမရယ်...သူမရဲ့ခင်ပွန်းရယ်...သူတို့ရဲ့သားလေးတို့ဟာ ပြန်လည်
ဆုံတွေ့ကြမှာပါ။ မိုးကောင်ကင်မှာရှိတဲ့ ကြယ်စင်လေးတွေ ကြားမှာ သူ့ဖေဖေ ရှိနေတယ်ဆိုတာ
သားလေးက သိနေတယ်။ဒါကြောင့်မို့လို့သားလေးဟာ မိုးကောင်ကင်ကိုအမြဲတမ်းမော့ကြည့်
နေလိမ့်မယ်...။ အဲဒီသားလေးကို အကျင့်စာရိတ္တ ကောင်းမွန်ပြီး ပျော်ရွှင်ချမ်းမြေ့တဲ့
ဘ၀တစ်ခုကိုပိုင်ဆိုင်အောင် သူမကြိုစားရအုံးမယ်...။

မှတ်ချက်။ ။Among the stars ဆိုတဲ့ ၀တ္ထုတိုလေးကို ကျွန်တော်ကြိုးစားပြီးဘာသာပြန်ကြည့်ထားတာပါ။
သူငယ်ချင်းတွေဖတ်ရအောင် ပြန်လည်တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။
ရေးသားသူ ထင်လင်းအောင်
ဂျာမဏီနိုင်ငံရဲ့ ကျော်ကြားတဲ့ အနုပညာရှင်ကြီးဖြစ်တဲ့ Moses Mendelssohn
ဟာချောမောခန့်ညားဖို့ဝေးစွ... အရပ်ပုပုနဲ့နောက်ကျောကုန်းမှာလည်းအကျဉ်းတန်တဲ့
ဘို့ကြီးနဲ့ပါ။

တစ်နေ့မှာ သူဟာ ဟမ်းဘက်မြို့မှာရှိတဲ့ ကုန်သည်ကြီးတစ်ယောက်ဆီ အလည်သွားခဲ့တယ်။အဲဒီ
ကုန်သည်ကြီးမှာFrumtje လို့ ခေါ်တဲ့ ချစ်စရာကောင်းတဲ့ သမီးတစ်ယောက်ရှိတယ်။ Moses ဟာ
သူမကို အရမ်း ချစ်သွားခဲ့တယ်။ဒါပေမယ့် Frumtje ဟာ သူ့လို ပုံမလာတဲ့ သူကို မကြိုက်ဘူး။
Moses ရဲ့ အချစ်ကို ငြင်းပယ်ခဲ့တယ်။

Mosesဟာ အိမ်ပြန်ဖို့ အချိန်လည်းရောက်ရော သူ့ရဲ့ ရှိသမျှ သတ္တိတွေကိုမွေးပြီး ...နောက်ဆုံး အခွင့်
အရေးတစ်ခုကိုယူဖို့ သူမရှိရာ အခန်းလေးဆီသို့ တက်လာခဲ့တယ်။အလွန်လှပတဲ့ အသွင်အပြင်ရှိတဲ့
သူမဟာ Moses ရဲ့ ချစ်ခြင်းမေတ္တာကို ငြင်းပယ်ပြန်တဲ့အတွက် Mosesဟာ အလွန်အမင်းဝမ်းနဲကြေကွဲ
မိရပါတော့တယ်။

သူမရဲ့ အချစ်ကို ရအောင် စကားတွေတတွတ်တွတ်ပြော... ကြိုးစားရင်း...Moses ဟာ ရှက်ဝံ့စွာနဲ့
မေးလိုက်တယ်။

"နှမ...ကောင်းကင်ဘုံမှာ ကျင်းပတဲ့ လက်ထပ်ပွဲတွေကို ယုံကြည်လား..."

"ဟုတ်ကဲ့...ယုံပါတယ်..."အခန်းရဲ့ ကြမ်းပြင်တွေကို ကြည့်ပြီး သူမကဖြေတယ်...။

"ရှင်ရော...ယုံလား..."

"အင်း...ယုံတာပေါ့ နှမ..."

"ကောင်းကင်ဘုံမှာ ယောကျာ်းလေးတစ်ယောက်မွေးဖွားတိုင်း....ဘုရားသခင်က အဲဒီယောကျာ်းလေး
ကြီးလာရင် လက်ထပ်ထိမ်းမြားရမယ့် မိန်းကလေးကိုပါ ဘုရားသခင်က ကြေငြာတယ်ဆိုတာကိုရော
သိရဲ့လား....ကျွန်ုပ်မွေးဖွားတုန်းက ဘုရားသခင်က ကျွန်ုပ်ရဲ့ သတို့သမီးလောင်းကိုပြောပြတယ်လေ..."

ဘုရားသခင်ကပြောတယ်....."ဒါပေမယ့် မင်းရဲ့ ဇနီးရဲ့ နောက်ကျောကုန်းမှာ ဘို့ပါလိမ့်မယ်တဲ့...."

အဲဒီလိုပြောတာကို ကျွန်ုပ်ကြားရတော့ ကျွန်ုပ်က
"အို...အဖဘုရားသခင်...နောက်ကျောကုန်းမှာ ဘို့ပါတဲ့ မိန်းမဟာ အလွန်အမင်း ၀မ်းနဲကြေကွဲသနားဖွယ်
ဖြစ်ပါလိမ့်မယ်...အဖဘုရားသခင်....အဲဒီဘို့ကို ကျွန်ုပ်ကိုပဲ ပေးပါ...သူမကိုတော့ လှမြဲအတိုင်း လှပါစေ
တော့"လို့ အကြံပြုပြောဆိုခဲ့တယ်။

Moses အဲဒီလိုပြောတာကို ကြားရတော့ Frumtje ဟာ Mosesရဲ့ မျက်လုံးတွေကို သေချာကြည့်လိုက်
ပြီးအလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့မိတယ်။သူမရဲ့ လက်တွေကို Moses ဆီ ကမ်းလင့်ပေးလိုက်တယ်။
အဲဒီနောက်Frumtje ဟာ Moses ရဲ့ ချစ်ဖွယ်ကောင်းသော၊သစ္စာရှိသော ဇနီးမယားလေးဖြစ်လာပါတော့တယ်။

မှတ်ချက်။ ။ Barry and Joyce Vissell ရေးသားသော True Love ဆိုတဲ့ story လေးကို
ကျွန်တော် ကြိုးစားပြီး ဘာသာပြန်ကြည့်တာပါ။အားမနာတမ်းဝေဖန်သွားကြပါ။
ရေးသားသူ ထင်လင်းအောင်
တစ်ခါတုန်းက သူငယ်ချင်းနှစ်ယောက်ဟာ သဲကန္တာရတစ်ခုထဲကို ဖြတ်လျှောက်သွားကြတယ်။
လမ်းခုလတ်တစ်နေရာမှာ သူတို့နှစ်ယောက်ဟာ အငြင်းပွားကြတယ်။တစ်ယောက်နဲ့
တစ်ယောက်အငြင်းအခုန်ဖြစ်ကြရင်း တစ်ယောက်က အခြားတစ်ယောက်ရဲ့ မျက်နှာကို
လက်သီးနဲ့ထိုးလိုက်တယ်။လက်သီးနဲ့ အထိုးခံရတဲ့ သူငယ်ချင်းက နာကျင်သော် လည်းပဲ
ဘာမှမပြောဘူး။ဒါပေမဲ့ သဲပြင်ပေါ်မှာရေးမှတ်လိုက်တယ်။ “ဒီနေ့ ငါ့ရဲ့ အကောင်းဆုံး
သူငယ်ချင်းက ငါ့ရဲ့မျက်နှာကိုထိုးတယ်”

သူတို့သူငယ်ချင်းနှစ်ယောက်ဟာ ရေအိုင်တစ်ခုကိုတွေ့တဲ့အထိ ဆက်လက်လမ်း
လျှောက်သွားကြတယ်။အဲဒီရေအိုင်မှာပဲ သူတို့နှစ်ယောက် ရေချိုးကြတယ်။သူတို့ရေချိုးနေတုန်း
မျက်နှာအထိုးခံရတဲ့ သူက ရွှံ့နွံထဲမှာ နစ်မြုပ်နေစပြုနေပြီ။အဲဒီအချိန်မှာ သူ့သူငယ်ချင်းက
သူ့ကို ကယ်ဆယ်လိုက်တယ်။ရေနစ်သေတော့မလိုဖြစ်ပြီး ပြန်လည်အသက်ရှင်လာတဲ့
သူငယ်ချင်းက ကျောက်တုံးတစ်ခုပေါ်မှာစာလုံးထွင်းပြီး ရေးမှတ်လိုက်တယ်။ “ဒီနေ့ ငါ့ရဲ့
အကောင်းဆုံးသူငယ်ချင်းက ငါ့ရဲ့အသက်ကို ကယ်ဆယ်လိုက်တယ်”

သူ့ကို ကယ်ဆယ်လိုက်တဲ့သူငယ်ချင်းက “ ငါ မင်းရဲ့ မျက်နှာကိုထိုးတုန်းက မင်းက
သဲပြင်ပေါ်မှာ စာတွေရေးမှတ်တယ်...အခု ငါမင်းရဲ့အသက်ကိုကယ်ဆယ်လိုက်တော့
မင်းက ကျောက်တုံးပေါ်မှာစာလုံးထွင်းပြီးရေးမှတ်တယ်...အဲဒါဘာကြောင့်လဲ...”လို့
မေးတယ်။

မျက်နှာအထိုးခံရတဲ့သူငယ်ချင်းက “ငါတို့ရဲ့ သူငယ်ချင်း မိတ်ဆွေတွေက ငါတို့ ကို
နာကျင်အောင် လုပ်ခဲ့ရင် ငါတို့ဟာ သဲပြင်ပေါ်မှာပဲ ရေးမှတ်သင့်တယ်...အဲဒီသဲပြင်မှာ
ရေးရင်သူငယ်ချင်းတွေအပေါ် နာကျင်မှုတွေဟာ ခွင့်လွှတ်ချင်းတွေနဲ့အတူ မကြာခင်မှာ
လွယ်ကူစွာပျောက်ပျက်သွားလိမ့်မယ်...ဒါပေမဲ့ ငါတို့ရဲ့ သူငယ်ချင်း မိတ်ဆွေတွေက
ငါတို့ရဲ့ဘ၀အတွက် အကောင်းမွန်ဆုံး ကူညီခဲ့ရင် ငါတို့ဟာ ဘယ်တော့မှ မပျောက်ပျက်
နိုင်တဲ့ ကျောက်တုံးပေါ်မှာ ရေးထိုးမှတ်ထား သင့်တယ်... ” လို့ပြောလိုက်တယ်။

ဒီပုံပြင်လေးကို ကြည့်ပြီး ကျွန်တော်တို့ရဲ့ အကောင်းဆုံးမိတ်ဆွေ သူငယ်ချင်းတွေက
ကျွန်တော်တို့ကို နာကျင်အောင်ပြုမူခဲ့ရင် သဲပြင်ပေါ်မှာ ရေးမှတ်မယ်...
ကျွန်တော်တို့ဘ၀ အတွက် အကျိုးကျေးဇူးတွေကို သူငယ်ချင်းမိတ်ဆွေတွေက ပြုလုပ်ခဲ့ရင်
ဘယ်တော့မှ မပျောက်ပျက်နိုင်တဲ့ ကျောက်တုံးပေါ်မှာရေးထိုး မှတ်ထားသင့်တယ်
မဟုတ်လား...။
ရေးသားသူ ထင်လင်းအောင်
ကယ်လာ ပထမဦးဆုံးကလေးကိုယ်ဝန်ဆောင်ချိန် (၂)လအကြာမှာ သူမရဲ့ချစ်ခင်ပွန်းသေ
ဆုံးသွားတယ်။သူတို့ လက်ထပ်ပြီး ၁နှစ်အလွန်မှာ ကိုယ်ဝန်ရခဲ့ခြင်းဖြစ်တယ်။သူတို့ဘ၀ထဲကို
ဝင်ရောက်လာမယ့် ရတနာလေးကို သူတို့ စောင့်မျှော်နေခဲ့ကြတာ...။ ကယ်ရန်ဟာ
သူမကိုယ်ဝန်ရှိမှန်းသိခဲ့တုန်းက အရမ်းပျော်နေခဲ့တယ်...။

သူအလုပ်သွားတဲ့ တစ်မနက်မှာ ကားတိုက်မှုဖြစ်ခဲ့တယ်။ဆရာဝန်တောင် သူ့ရဲ့အသက်ကို
မကယ်နိုင်ခဲ့ပါဘူး။ သည်လို ကြမ္မာဆိုးတွေယူဆောင်လာတဲ့မနက်ခင်းကို ကြုံတွေ့ခဲ့တာ
(၄)နှစ်တောင်ကြာပါပကော။ သူသေသွားပြီး (၂)လအကြာမှာ သားလေးအရေဘင်ကို
မွေးဖွားခဲ့တယ်။အခုဆို သားလေးအရေဘင် တောင် (၄)နှစ်ပြည့်နေပြီ။သူ့အဖေ
အကြောင်းကို တီတီတာတာမေးတတ်စပြုနေပြီ။

သားလေး သူ့အဖေအကြောင်းကို မေးတိုင်း သူမရင်ထဲမှာ နာကျင်လိုက်ရတာ။
သူ့အဖေဟာ သေသွားပြီး ကောင်းကင်ဘုံကို ရောက်သွားတယ်ဆိုတာ ဘယ်လိုနားလည်
အောင်ပြောရပါ့။သားလေးဟာ သူ့အဖေကို အရမ်းတမ်းတနေတာ။ ဒါပေမဲ့ ဘယ်လိုမှ
သားလေးနားလည်အောင်မဖြေနိုင်ခဲ့ပါဘူး။ညတစ်ညမှာ သားလေးကို အိပ်ရာထဲမှာသိပ်နေတုန်း
သားလေးက သူ့အဖေအကြောင်းကို မေးပြန်ပါရော။

“မေမေ သား မှာ အဖေဘာလို့မရှိတာလဲ...သားဖေဖေဘယ်မှာလဲဟင်...”

“သားလေး...ဟိုး...မိုးကောင်ကင်မှာရှိတဲ့ ကြယ်ပွင့်လေးတွေကိုတွေ့လား...အလင်းလက်ဆုံး
နဲ့ အကြီးမားဆုံး ကြယ်ပွင့်လေးကိုတွေ့လား”

“ဟုတ်ကဲ့ မေမေ”

“အဲဒါ သားဖေဖေပေါ့ကွယ်...သူက သားကိုစောင့်ရှောက်ဖို့ ကောင်းကင်ဘုံကိုသွားတာလေ...
မိုးကောင်ကင်မှာ လင်းလက်နေတဲ့ အကြီးမားဆုံးနဲ့ အတောက်ပဆုံးကြယ်ပွင့်လေးကိုတွေ့တိုင်း
သားဖေဖေက သားကို ချစ်တယ် လို့ပြောနေတယ်လို့မှတ်လိုက်နော် သားလေး...
သားဖေဖေက သားလေးကို ရဲစွမ်းသတ္တိရှိပြီး ကျန်းမာသန်စွမ်း တဲ့ သားတစ်ယောက်
်ဖြစ်စေချင်တာ...သားလေးကောင်းကင်ဘုံကို သွားရတဲ့ တစ်နေ့မှာ သားလည်း သားဖေဖေလို
ုကြီးမားပြီး လင်းလက်တဲ့ ကြယ်စင်လေးဖြစ်လိမ့်မယ်ကွယ်...”

“ဟုတ်ကဲ့ပါမေမေ...သားဖေဖေ ကို မြင်ချင်တဲ့အခါတိုင်း မိုးကောင်ကင်မှာလင်းလက်နေတဲ့
ကြယ်ပွင့်လေးတွေ ကို သားမော့ကြည့်လိုက်ပါမယ်...”

အရေဘင်ဟာ သူ့ဖေဖေအကြောင်းကို သိလိုက်ရလို့ထင်ပါရဲ့ တော်တော်လေးစိတ်ကျေနပ်
သွားပုံရတယ်...။သူမရဲ့ သားလေး ဘ၀တိုးတက်အောင် စောင့်ရှောက်ပေးပါ...သားလေး
ဘေးရန်ကင်းရှင်းစေဖို့စောင့်ရှောက်ပေး ပါလို့ ကောင်းကင်ဘုံမှာရှိတဲ့ သူ့ခင်ပွန်းဆီကို
တိုးတိုးလေးဆုတောင်းလိုက်ပါတယ်...။

သူမ ဖြတ်သန်းသွားရမယ့် ဘ၀ခရီးလမ်းဟာ ရှည်လျားလိမ့်မယ်...ရံဖန်ရံခါမှာ အခက်အခဲ
အတားအဆီးတွေနဲ့ ကြုံတွေ့နေရမယ်ဆိုတာသူမသိနေတယ်။သူ့မရဲ့ခွင်ပွန်းဟာ သူတို့ကို
ကာကွယ်စောင့်ရှောက်လိမ့်မယ်...သူမ ဟာ သားလေးအတွက် ဒီလောကကြီးမှာ
အကောင်းဆုံးသော မိခင်တစ် ယောက်ဖြစ်စေဖို့ သူမခင်ပွန်းဟာ အားအင်တွေပေးနေမယ်ဆိုတာ
သူမယုံကြည်နေမိတယ်...။

နောက်ဆုံးတစ်နေ့မှာ သူမရယ်...သူမရဲ့ခင်ပွန်းရယ်...သူတို့ရဲ့သားလေးတို့ဟာ ပြန်လည်
ဆုံတွေ့ကြမှာပါ။ မိုးကောင်ကင်မှာရှိတဲ့ ကြယ်စင်လေးတွေ ကြားမှာ သူ့ဖေဖေ ရှိနေတယ်ဆိုတာ
သားလေးက သိနေတယ်။ဒါကြောင့်မို့လို့သားလေးဟာ မိုးကောင်ကင်ကိုအမြဲတမ်းမော့ကြည့်
နေလိမ့်မယ်...။ အဲဒီသားလေးကို အကျင့်စာရိတ္တ ကောင်းမွန်ပြီး ပျော်ရွှင်ချမ်းမြေ့တဲ့
ဘ၀တစ်ခုကိုပိုင်ဆိုင်အောင် သူမကြိုစားရအုံးမယ်...။

Among the stars ဆိုတဲ့ ၀တ္ထုတိုလေးကို ကျွန်တော်ကြိုးစားပြီးဘာသာပြန်ကြည့်ထားတာပါ။