Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
ရေးသားသူ ထင်လင်းအောင်
*ရင်မှာတွယ်တာ
အကြင်နာနဲ့...
အစဉ်သာစွဲရစ်
ချစ်မိနေလိုက်တာ....
လုံးဝ...မေ့မရတော့ပါ.....။

*အတွေးထဲလည်း
ရစ်ဝဲနေလိုက်တာ...
သြချလောက်ပါရဲ့
အို...ဘယ့် သူဇာ....။ ။

မှတ်ချက်။ ။ ကဗျာမရေးဖြစ်တာ ကြာလို့ ညက ရေးကြည့်ထားတာလေးပါ။
ရေးသားသူ ထင်လင်းအောင်
မိုးညှင်းသမ္ဗုဒ္ဓေ
စိန္တေမြတ်ဘုရား
တန်ခိုးကြီးမား....။

မရောက်ဖူးလျှင်
သွားကြနော်
ဖူးမျှော်ကာ ဆုပန်မည်
မြတ်နိဗ္ဗာန်သို့...ရည်။
ရေးသားသူ ထင်လင်းအောင်
ငါ့ဥစ္စာ ငါ့ပစ္စည်း
အစွဲမကြီးနဲ့။

ငါ့သားင့ါသမီး
အစွဲမသီးနဲ့။

နေရာတကာ
ငါ့ဟာင့ါဟာ
စွဲပါလေက
သံသရာမြစ်ထဲ
ဝဲ၀ဲလည်ကာ
မဟာဒုက္ခ
မုချအမှန်
ခံစားရမည်တည့်။

ဒီကဗျာလေးဟာလေးဟာလည်း ရေးထားတာကြာပြီ။ဒါပေမယ့် အခုတော့ ကာရံတွေနဲ့ ကဗျာလေးတွေ
မရေးဖြစ်တာ တော်တော်ကြာပြီဗျ။ကာရံတွေလည်းပျောက်သလောက်ဖြစ်နေပြီ။ကျွန်တော်ရေးခဲ့တဲ့
ဒီကဗျာလေးတွေဟာ ကျွန်တော့်စာအုပ်ထဲမှာ ဟောင်းနေပြီ ဖြစ်ပေမယ့်....ကျွန်တော်ပြန်ဖတ်ကြည့်တိုင်း
ကြည့်တိုင်း... အသစ်အတိုင်းပဲဖြစ်နေဆဲပါပဲလေ....။
ရေးသားသူ ထင်လင်းအောင်
ကျနော်လည်း အခုတလောအလုပ်တွေများနေတယ်ဗျာ...။သူငယ်ချင်းတွေရဲ့ ဘလော့ဂ်တွေလည်း
အရင်ကလိုမလည်နိုင်တော့ဘူး...။မရောက်ဖြစ်ရင် ခွင့်လွှတ်ကြပါဗျာ...။ စာလည်းအသစ်
မရေးနိုင်သေးဘူးဖြစ်နေလို့....ကျောင်းတက်တုန်းက ရေးထားတဲ့ကဗျာလေး တစ်ပုဒ်တင်အုံးမှပဲလို့... စိတ်ကူးဖြစ်မိတယ်။ကြာတော့ကြာပါပြီလေ...။ကဗျာလေးက...၅ နှစ်ကျော်လောက်ရှိပြီရေးထားတာ...
ကျနော်...အသက်၁၉ နှစ်လောက်ကပေါ့။ဒီကဗျာလေးကို ရေးတုန်းကခေါင်းစဉ်မတတ်မိဘူးဗျ။
ဖတ်ကြည့်ပါအုံးနော်။


သတိတရား
အမြဲထားဟု
ဘုရားဗုဒ္ဓ
ဆုံးမထားခဲ့။

ယခုချိန်ခါ
သာသနာဝယ်
ငါတို့ကြုံရ
ခဏတာတွင်
သတိယှဉ်၍
ရင်မှာတရား
အစဉ်ထားကာ
အေးငြိမ်းရာမှန်
မြတ်နိဗ္ဗာန်သို့
မြန်စွာရောက်ကြောင်း
တရားကောင်းကို
ကျင့်ကို ကျင့်ရပေလိမ့်မည်။
ချမ်းသာစစ်ကို ရှာရမည်။
အိုနာသေကို ရှောင်ခွာရည်။


25.12.2003
ရေးသားသူ ထင်လင်းအောင်
*ငယ်စဉ်ကာလ ချိန်ခါကပင်
ဝလုံးကလေး ရေးတတ်အောင်သင်
ဆရာရှင်တို့
ငါလျှင်ကျေးဇူး ဆပ်ဖူးချင်၏။

*ငယ်စဉ်ကာလ ချိန်ခါကပင်
ပညာဖြာဖြာ တတ်ကောင်းရာကို
ကောင်းမွန်စွာသင် ဆရာရှင်တို့
ငါလျှင်ကျေးဇူး ဆပ်ဖူးချင်၏။

*ငယ်စဉ်ကာလ ချိန်ခါကပင်
ရန်အသွယ်သွယ် အစွယ်စွယ်မှ
လွတ်ကင်းကြရန်
သွန်သင်ဆုံးမ ညွှန်ပြကြသည့်
ဆရာရှင်တို့
ငါလျှင်ကျေးဇူး ဆပ်ဖူးချင်၏။
ကျေးဇူးမဆပ်ခင် သည်အချိန်တွင်
ရှိခိုးဦးတင် ကတော့လိုက်ချင်
ကြိုတင်ကျေးဇူး ဆပ်သည်ပင်။

မှတ်ချက်။ ။ကျနော် မုံရွာကွန်ပျူတာတက္ကသိုလ် တတိယနှစ်တုန်းက ရေးထားခဲ့တဲ့ကဗျာလေးပါ။
ရေးသားသူ ထင်လင်းအောင်
မေမေမေမေ ခေါ်လေချင်လည်း
မေမေမှာကား တစ်နယ်ခြားမှာ...။

မေမေ့စကား ကြားချင်လှလည်း
မေမှောကား တစ်နယ်ခြားမှာ...။

မေမေ့မေတ္တာ ကြင်နာအများ
သားရချင်လည်း
မေမေမှာကား တစ်နယ်ခြားမှာ...။

မေမေနဲ့ သား
မိုင်ပေါင်းများစွာ ဝေးကွာခြားလည်း
များလှကျေးဇူး အထွေထူးကို
ဦးထိပ်ထားကာ
ရှိခိုးလျက်ပါ မေမေရယ်...။

ကျွန်တော့်ဘလော့ဂ်မှာ ပထမဦးဆုံးတင်တဲ့ ကဗျာလေးပါ။ခုဆို....တစ်နှစ်နဲ့ ၄ရက်ရှိသွားပြီ။
ကျွန်တော် မေမေ့ကို အရမ်းသတိရတဲ့အတွေးတွေ ရင်ထဲမှာထိမ်းမရလွန်းလို့....
စာရွက်ပေါ်မှာ ကာရံလေးတွေနဲ့ ရေးခဲ့တာပါ။မှတ်မိနေပါသေးတယ်....။ကျွန်တော် မုံရွာ
ကွန်ပျူတာတက္ကသိုလ်ကြီးမှာ စတက်တော့မယ်ဆိုတော့...အမေနဲ့ ခွဲခွာရတော့မယ်။မေမေ့ကို
ခွဲခွာခါနီး ထိုင်ပြီး...ရှိခိုး...ကန်တော့တော့..ကျွန်တော် မျက်ရည်ကျပြီး...မေမေ့ရင်ခွင်ထဲမှာ ငိုခဲ့တာကိုလေ....။ကျွန်တော်ငိုတော့ မေမေလည်း ငိုတာပါပဲ။ဒီတစ်ခါ ရန်ကုန်လာခါနီး
မေမေ့ကို ကန်တော့်တော့ ကျွန်တော်မငိုတော့ပါဘူး။မေမေရော....။ မေမေ့မျက်ဝန်းထဲမှာ...
ကျွန်တော့်နဲ့ ခွဲခွာရတော့မယ်ဆိုတဲ့ အတွေးတွေနဲ့ ဆို့နစ်ကြေကွဲနေတယ်ဆိုတာ....
မေမေ့မျက်ဝန်းတွေကို ကြည့်ရင်း ကျွန်တော်သိခဲ့ပါတယ်လေ။မေမေ့ကို ကျွန်တော်နေ့တိုင်း
သတိရပါတယ်။မေမေနဲ့ အဖေ ကို ကျွန်တော် မျက်နှာသစ်တိုင်း...ဤရေကဲ့ သို့
မေမေနဲ့ အဖေတို့ရဲ့ စိတ်နှလုံးအေးချမ်းပါစေလို့...မေတ္တာပို့ပေးပါတယ်။
မေမေနဲ့ အဖေ နေကောင်းပါစေသား......ဟု...ဆုတောင်းရင်း....စိတ်ထဲကနေ
ရှိခိုးကတော့လိုက်ပါတယ်။
ရေးသားသူ ထင်လင်းအောင်
ငါ မငိုချင်ပါဘူး
ငါ နင့်ကိုသတိရလွန်းလို့...။


အတွေးတွေကိုတောင်
အပြစ်တင်နေမိတယ်...။


င့ါအတွေးတိုင်းမှာ
နင်ရှိနေနိုင်လွန်းလို့...။


ငါ အပိုမဆိုချင်ပါဘူး
ငါ နင့်ကို ချစ်တယ်ဆိုတာ...
အရမ်းမှန်နေလွန်းလို့...။
ရေးသားသူ ထင်လင်းအောင်
ငါဟာ ချစ်တတ်တဲ့သူ တစ်ယောက်ဖြစ်လေတော့
မေတ္တာတွေပေးရင်း ပြီးဆုံးသွားရမှာ...


မင်းနဲ့ ဝေးရခြင်း ရက်တွေလည်း
လွမ်းလွမ်းဆွေးဆွေး တွေးနေတာ....


ငါ့ရဲ့ သတိရတမ်းတမှုကို
အချိန်မှီ သိရှိနိုင်ပါ့မလား....


အိပ်မရနိုင်လောက်အောင်
လွှမ်းမိုးနိုင်ခြင်းကို
အချိန်မှီ နားလည်နိုင်ပါ့မလား....


တကယ်တော့
မင်းကို ကိုယ်ချင်းစာတတ်စေချင်တာပါ...


အထူးသဖြင့်
မင်းကို မေတ္တာထားတတ်စေချင်တာပါ.....
ရေးသားသူ ထင်လင်းအောင်
တစ်ကိုးရှစ်တစ် သက္ကရာဇ်မှာ
ဖြစ်တည်ပေါ်လာ အိတ်စ်ရောဂါ။

အိတ်စ်ရောဂါအား
စတင်ခံစား ထိုလူများသည်
ဖျားကာတစ်လ ခံစားရ၏။

ခန္ဓာကိုယ်ကား ပိန်ချူံးသွား၍
များပြားရောဂါ ခံစားကာဖြင့်
ခန္ဓာချုပ်ငြိမ်း အေးငြိမ်းရာ၏။

ယခုချိန်ခါ ဤရောဂါသည်
ကုရာနတ္ထိ ဆေးမရှိ၍
ဆွေးမြေ့ခန္ဓာ သေရရှာမည်
ရောဂါရှင်တည်း။

ဤရောဂါအား ကာကွယ်ကြရန်
လိင်အပျော်အပါး ရှောင်ရှားရမည်
အဓိကတည်း။

မူးယစ်ဆေးဝါး ရှောင်ရှားရမည်
အဓိကတည်း။

သည်ရောဂါပိုး သွေးဆိုးမျိုးသည်
ချောင်းဆိုးနှာချေ မကူးပေ။

စားသောက်မှုများ တူတူစား၍
ပွေ့ရုံဖက်ရုံ နမ်းရှုံရုံဖြင့်
ဆင့်မပွားပါ သည်ရောဂါ။

ရောဂါအိတ်စ်ကို ကြုံတွေ့ခံစား
ထိုသူများအား
တို့များ ပယ်မထားသင့်။

စိတ်ရုပ်လူမှု ခံစားမှုများ
လျော့ပါးသွားရေး
တို့များ ကူညီပေးသင့်သည်။

ရောဂါပိုးများ သူတစ်ပါးအား
မပြန့်ပွားရေး
တို့များဆွေးနွေး ပညာပေးသင့်သည်။

စိတ်ဓာတ်မြင့်မား တိုးပွားလာရန်
ဝါသနာပါရာ အားကာတစ်ခု
ပြုလုပ်သင့်ရေး
တို့များဆွေးနွေး ဟောပြောပေးသင့်သည်။

ဝေဒနာရှင် ရောဂါရှင်အား
လူ့ဝန်းကျင်ဝယ် ရင်ဆိုင်နိုင်ရေး
တို့များဆွေးနွေး လှုံ့ဆော်ပေးသင့်သည်။

ထို့ကြောင့်ပင်လျှင်
အိတ်စ်ဝေဒနာရှင် တို့တွေ့လျင်က
ဖယ်ကျဉ်မထား သနားဂရုဏာ
စာနာစွာဖြင့်
ညီညာလက်တွဲ နှစ်သိမ့်မြဲဆို့။

မှတ်ချက်။ ။ 1.12.2002နေ့က ကျနော်ရေးသားထားခဲ့သော ကဗျာဖြစ်သည်။
ရေးသားသူ ထင်လင်းအောင်
ကိုယ်သိတဲ့ မျက်ဝန်းလေးဟာ
ကိုယ့်ကို လွမ်းလျစိတ်နဲ့ ရီဝေနေမလား...
ကိုယ်မဟုတ်တဲ့ အခြားသူကိုပဲ မြင်ယောင်နေမှာလား...
ကိုယ့်အမြင်အာရုံတွေကတော့
မင်းဆီမှာပဲပေါ့ကွယ်။


ကိုယ်ပြောချင်တဲ့စကားလုံးတွေဟာလည်း
ကိုယ့်ရင်မှာတစ်ခံနေတော့
ကိုယ့်နှလုံးသားက
ထွက်ပေါက်မဲ့တဲ့ ကျောက်ဂူထဲမှာ ပိတ်မိနေသလို
အရမ်းကို မွမ်းကျပ်နေလှပြီ။


လေထုထည်ကနေ လွင့်မျောသွားတဲ့
ကိုယ့်ရဲ့ချစ်ခြင်းကို ပြန်ခေါ်ချင်ပေမဲ့
မမှီတော့ဘူး။


ကိုယ်မရဘူးတဲ့ ချစ်ခြင်းမေတ္တာဟာ
မင်းဆီမှာ ရှိနေနိုင်မလား...။


ကိုယ်က မင်းရဲ့အလင်းရောင်လေးကိုကြည့်
မီးနီပြသလိုဖြစ်နေရင်
အို...လောကမှာ
တစ်ယောက်ချစ်ရင် မပစ်ခွာပဲ
ပြန်လည်ကာချစ်ပါစေလို့ ဆုတောင်းမယ်...။
ရေးသားသူ ထင်လင်းအောင်
မတွေ့ရတဲ့ရက်တွေမှာ
သတိရတဲ့အတွေးတွေကို
တွေးရင်း.....
ငါ မင်းကို လွမ်းတတ်ခဲ့ပြီ။
မင်း အကြည့်
မင်း မျက်ဝန်း
မင်းရဲ့ ရိုးသားမှုတွေကို
ငါ မြင်ယောင်ရင်း
အိပ်စက်ခဲ့တဲ့ ညတွေများခဲ့ပြီ။
ဘာကြောင့်ချစ်မိတယ်ဆိုတာ
အဖြေရှာမရပေမဲ့
သေချာတာက
ရိုးသားစွာ
ငါ မင်းကိုချစ်နေတာပါ.....ချစ်သူ။
ရေးသားသူ ထင်လင်းအောင်
မေတ္တာအတု အမုန်းအတု
ပစ္စည်းအတုတွေပေါတဲ့
ဒီလောကကြီးမှာ
မင်း(?) အပေါ်မှာထားမယ့်
ငါ့ရဲ့မေတ္တာကတော့
ဘာရေစစ်နဲ့မှ
စစ်စရာမလိုဘူးဆိုတာ
ကမ္ဘာမြေကိုသက်သေထားပြီး
ပြောပြလိုက်မယ်...
ရေးသားသူ ထင်လင်းအောင်
သူငယ်ချင်း...
တို့တွေဆုံရ ခဏတာသည်
ခွဲခွာရမည့် နိမိတ်ပင်တည်း။
သူငယ်ချင်း...
တို့တွေခွဲရ ခဏတာသည်
ပြန်လည်ဆုံတွေ့ ဘယ်နေ့ချိန်ခါ
မသိပါလေ။
သူငယ်ချင်း...
တို့တွေဆုံကြ ချိန်ကာလတွင်
တစ်ဦးနှင့်တစ်ဦး ထူးချစ်ခင်၍
ကြင်နာဆကဲ ထားမြဲထားမည်။
မနာလိုခြင်း ၀န်တိုကင်းကာ
ရှင်းသန့်မေတ္တာ စေတနာနှင့်
ပမာဆွေရင်း
ချစ်ခြင်းများနဲ့ နေကြမည်...။
ရေးသားသူ ထင်လင်းအောင်
မေမေမေမေ ခေါ်လေချင်လည်း
မေမေမှာကား တနယ်ခြားမှာ...
မေမေ့စကား ကြားချင်လှလည်း
မေမှောကား တနယ်ခြားမှာ...
မေမေ့မေတ္တာ ကြင်နာအများ
သားရချင်လည်း
မေမေမှာကား တနယ်ခြားမှာ...
မေမေနဲ့ သား
မိုင်ပေါင်းများစွာ ဝေးကွာခြားလည်း
များလှကျေးဇူး အထွေထူးကို
ဦးထိပ်ထားကာ
ရှိခိုးလျက်ပါ မေမေရယ်...။