Showing posts with label ရွှေစကားများ. Show all posts
Showing posts with label ရွှေစကားများ. Show all posts
ရေးသားသူ ထင်လင်းအောင်

ကိုယ့်စိတ်ကိုမှ ကိုယ်ချမ်းသာအောင်
မထားတတ်သေးဘူးဆိုရင်
မိမိမှာ ဘာပညာမှ
မတတ်သေးဘူးလို့မှတ်ပါ။

အရှင်ဇနကာဘိဝံသ


အမှန်တရားရဲ့သဘာဝ၊
အမှန်တရားရဲ့တန်ဖိုးကို
နက်နက်နဲနဲသိပြီးတော့
ကိုယ့်သဘောနဲ့ကိုယ်
ရွေးချယ်ပြီးတော့
ကြိုးစားပြီးလုပ်သွားမယ်ဆိုရင်
လုပ်တဲ့နေ့ကပြီး
ကိုယ့်ဘ၀အရည်အသွေးတွေဟာ
မြင့်မားလာမယ်။

ဆရာတော်ဦးဇောတိက


ဒီကိစ္စ အကောင်အထည်ဖော်ဖို့၊
ဒီလို အသိဥာဏ်မျိုးရဖို့၊
ဒီလိုစိတ်ထားမျိုးရဖို့၊
ဒီလိုတာဝန်ကျေအောင်အောင်လုပ်ဖို့
အသက်ရှင်ရတယ်လို့ပြစရာ၊ပြောစရာ၊
လုပ်စရာ မရှိတဲ့သူဟာ
အသက်ရှင်နေလျက်ဘ၀သေနေမဲ့သူပဲ။

ဆရာတော်ဦးဇောတိက
ရေးသားသူ ထင်လင်းအောင်
အပြစ်ထောက်ပြသူတိုင်း

ရွှေအိုးပေးသူမဟုတ်ပါဘူး။

သဘောထားမှန်မှန်၊အသိဥာဏ်ပါပါနဲ့

အကျိုးရှိအောင်အပြစ်ထောက်ပြသူသာ

ရွှေအိုးပေးသူပါ။

ကိုယ့်အကြိုက်နဲ့မကိုက်တိုင်း

မကောင်းဘူးလို့သတ်မှတ်ပြီး

အပြစ်ပြောသူကတော့်

ရွှေအိုးပေးသူမဟုတ်ပါဘူး၊

ရွှံ့အိုးပေးသူပါ။

အရှင်ဆန္ဒာဓိက
(ရွှေပါရမီတောရ)