ရေးသားသူ ထင်လင်းအောင်
*ရည်မှန်းချက်ပန်းတိုင် မရှိတဲ့သူဟာ ပင်လယ်ထဲမှာ လမ်းပျောက်နေတဲ့ သဘောင်္လိုပါပဲ။

*ဘ၀ဆိုတာ စွန့်စားခန်းလေးတွေလုပ်ပေးမှ ပျော်စရာကောင်းတာ။

*ရည်မှန်းချက်ပန်းတိုင်လေးတွေထားပြီး နည်းမှန်လမ်းမှန်နဲ့ ကြိုးစားခြင်းဟာ ပန်းတိုင်ကို အလွယ်တကူ
ရောက်နိုင်မယ်။

*စိတ်ကိုယ်နာကျင်စေတဲ့ အရာတွေက တစ်ခါတစ်ရံမှာ ဘ၀ကိုအောင်မြင်အောင် အဆပေါင်းများစွာ
ကြိုးစားချင်စိတ်တွေဖြစ်ပေါ်စေတယ်။ဒါကြောင့်မို့ နာကျင်အောင် လုပ်တဲ့သူတွေဟာ ကိုယ့်အတွက်တော့
ကျေးဇူးတင်စရာလူတွေပဲပေါ့။
7 Responses
  1. ဘ၀နဲ့ရင်းပြီးမှ ရလာတဲ့ အတွေး ဒဿန တွေ ဟာ တန်ဘိုးရှိပါတယ်။

    အတွေးအခေါ်ပညာ သမားနဲ့ သာမန်လူ ကွာခြားချက်က

    အတွေးအခေါ်သမားက ဘ၀မှာ
    နေ့စဉ်ဖြတ်သန်းပုံတွေ
    မြင်လာတဲ့အရာတွေ
    ရလာတဲ့ ခံစားချက်တွေကို
    ဂရုတစိုက်နဲ့ မှတ်သားထားတာလို့ ထင်ပါတယ်။

    တချို့အသက်ငယ်ပေမယ့် လူကြီးတယောက်လို တွေးနိင် ဆင်ခြင်နိင်တာဟာ သူဖြတ်သန်းခဲ့တဲ့ အရာတွေကို သတိထားပြီး သုံးသပ်ခဲ့လို့ပါပဲ။

    အခုဒီပို့စ်မှာ ဖတ်ရတဲ့ စာစုလေးတွေလိုပေါ့
    သူငယ်ချင်းရဲ့ ဘ၀ ဖြတ်သန်းပုံကို ပြနေတယ်လေ
    ဂုဏ်ယူပါတယ်။

    ...ခင်မင်သောအားဖြင့်...


  2. ဒီလိုမျိုးလေးတွေကို ထပ်ရေးပါဗျာ

    ပြီးရင် တစုတစည်း ထဲ စုထားပေးပါ

    သေသေချာချာအသုံးဝင်လာပါလိမ့်မယ်


  3. မအားမလပ်လို့ မရောက်ဖြစ်တာကြာတာလည်း ခွင့်လွှတ်ဗျာ ရတဲ့အချိန်လေးမှာ စာတွေ လုရေးနေရတယ်လေ။


  4. ညီရေ..
    ဟုတ်တယ်။ သိပ်မှန်တယ်။ ဘ၀မှာ တွန်းအားပေးတဲ့သူတွေရှိတယ်။ အဲဒီသူတွေဟာ နာကျင်အောင် လုပ်ခဲ့တဲ့သူတွေပါဘဲ။

    ပျော်ရွှင်ပါစေ ညီ။


  5. Unknown Says:

    စာတွေလာဖတ်သွားပါတယ်ရှင်


  6. Anonymous Says:

    ဟိုတယ် မှန်တယ် ရည်မှန်းချက်ကြောင့်ကြိုးစားရတာ အဓိပါယ်ရှိတယ် ပိုကြိုးစားချင်တယ်။ မလေဘူး ။

    ငယ်ငယ်ကတည်းက သတိထားမိတာ တခုကတော့ အခက်အခဲတခုက ကြီးလှပြီမှတ်ရင် နောက်ထပ်လာတဲ့ ပြဿနာအခက်အခဲက ပိုကြီးတယ်။ ကြာလာတောူ့တစ်ပတ်လောက် ဘာပြဿနာမှ မပေါ်ဘူးဆိုရင် အင်း ဘယ်အချိန် ဘာလာမလည်းဆိုပြီး စောင့်နေမိမှန်းမသိ စောင့်နေမိတယ်။

    ဒီအတွေးစပို့စ်ကတော့ လိုရင်းတိုရှင်း သံဂိတ်အကျဉ်းချုပ် ဂွတ်တယ်။
    ခင်မင်လျှက်
    ညီမလေး ပါးလုံး


  7. poemflower Says:

    ကိုထင်လင်းအောင်ရဲ့ ဒသာနတွေ က ကောင်းတယ်..