ရေးသားသူ ထင်လင်းအောင်
ကယ်လာ ပထမဦးဆုံးကလေးကိုယ်ဝန်ဆောင်ချိန် (၂)လအကြာမှာ သူမရဲ့ချစ်ခင်ပွန်းသေ
ဆုံးသွားတယ်။သူတို့ လက်ထပ်ပြီး ၁နှစ်အလွန်မှာ ကိုယ်ဝန်ရခဲ့ခြင်းဖြစ်တယ်။သူတို့ဘ၀ထဲကို
ဝင်ရောက်လာမယ့် ရတနာလေးကို သူတို့ စောင့်မျှော်နေခဲ့ကြတာ...။ ကယ်ရန်ဟာ
သူမကိုယ်ဝန်ရှိမှန်းသိခဲ့တုန်းက အရမ်းပျော်နေခဲ့တယ်...။

သူအလုပ်သွားတဲ့ တစ်မနက်မှာ ကားတိုက်မှုဖြစ်ခဲ့တယ်။ဆရာဝန်တောင် သူ့ရဲ့အသက်ကို
မကယ်နိုင်ခဲ့ပါဘူး။ သည်လို ကြမ္မာဆိုးတွေယူဆောင်လာတဲ့မနက်ခင်းကို ကြုံတွေ့ခဲ့တာ
(၄)နှစ်တောင်ကြာပါပကော။ သူသေသွားပြီး (၂)လအကြာမှာ သားလေးအရေဘင်ကို
မွေးဖွားခဲ့တယ်။အခုဆို သားလေးအရေဘင် တောင် (၄)နှစ်ပြည့်နေပြီ။သူ့အဖေ
အကြောင်းကို တီတီတာတာမေးတတ်စပြုနေပြီ။

သားလေး သူ့အဖေအကြောင်းကို မေးတိုင်း သူမရင်ထဲမှာ နာကျင်လိုက်ရတာ။
သူ့အဖေဟာ သေသွားပြီး ကောင်းကင်ဘုံကို ရောက်သွားတယ်ဆိုတာ ဘယ်လိုနားလည်
အောင်ပြောရပါ့။သားလေးဟာ သူ့အဖေကို အရမ်းတမ်းတနေတာ။ ဒါပေမဲ့ ဘယ်လိုမှ
သားလေးနားလည်အောင်မဖြေနိုင်ခဲ့ပါဘူး။ညတစ်ညမှာ သားလေးကို အိပ်ရာထဲမှာသိပ်နေတုန်း
သားလေးက သူ့အဖေအကြောင်းကို မေးပြန်ပါရော။

“မေမေ သား မှာ အဖေဘာလို့မရှိတာလဲ...သားဖေဖေဘယ်မှာလဲဟင်...”

“သားလေး...ဟိုး...မိုးကောင်ကင်မှာရှိတဲ့ ကြယ်ပွင့်လေးတွေကိုတွေ့လား...အလင်းလက်ဆုံး
နဲ့ အကြီးမားဆုံး ကြယ်ပွင့်လေးကိုတွေ့လား”

“ဟုတ်ကဲ့ မေမေ”

“အဲဒါ သားဖေဖေပေါ့ကွယ်...သူက သားကိုစောင့်ရှောက်ဖို့ ကောင်းကင်ဘုံကိုသွားတာလေ...
မိုးကောင်ကင်မှာ လင်းလက်နေတဲ့ အကြီးမားဆုံးနဲ့ အတောက်ပဆုံးကြယ်ပွင့်လေးကိုတွေ့တိုင်း
သားဖေဖေက သားကို ချစ်တယ် လို့ပြောနေတယ်လို့မှတ်လိုက်နော် သားလေး...
သားဖေဖေက သားလေးကို ရဲစွမ်းသတ္တိရှိပြီး ကျန်းမာသန်စွမ်း တဲ့ သားတစ်ယောက်
်ဖြစ်စေချင်တာ...သားလေးကောင်းကင်ဘုံကို သွားရတဲ့ တစ်နေ့မှာ သားလည်း သားဖေဖေလို
ုကြီးမားပြီး လင်းလက်တဲ့ ကြယ်စင်လေးဖြစ်လိမ့်မယ်ကွယ်...”

“ဟုတ်ကဲ့ပါမေမေ...သားဖေဖေ ကို မြင်ချင်တဲ့အခါတိုင်း မိုးကောင်ကင်မှာလင်းလက်နေတဲ့
ကြယ်ပွင့်လေးတွေ ကို သားမော့ကြည့်လိုက်ပါမယ်...”

အရေဘင်ဟာ သူ့ဖေဖေအကြောင်းကို သိလိုက်ရလို့ထင်ပါရဲ့ တော်တော်လေးစိတ်ကျေနပ်
သွားပုံရတယ်...။သူမရဲ့ သားလေး ဘ၀တိုးတက်အောင် စောင့်ရှောက်ပေးပါ...သားလေး
ဘေးရန်ကင်းရှင်းစေဖို့စောင့်ရှောက်ပေး ပါလို့ ကောင်းကင်ဘုံမှာရှိတဲ့ သူ့ခင်ပွန်းဆီကို
တိုးတိုးလေးဆုတောင်းလိုက်ပါတယ်...။

သူမ ဖြတ်သန်းသွားရမယ့် ဘ၀ခရီးလမ်းဟာ ရှည်လျားလိမ့်မယ်...ရံဖန်ရံခါမှာ အခက်အခဲ
အတားအဆီးတွေနဲ့ ကြုံတွေ့နေရမယ်ဆိုတာသူမသိနေတယ်။သူ့မရဲ့ခွင်ပွန်းဟာ သူတို့ကို
ကာကွယ်စောင့်ရှောက်လိမ့်မယ်...သူမ ဟာ သားလေးအတွက် ဒီလောကကြီးမှာ
အကောင်းဆုံးသော မိခင်တစ် ယောက်ဖြစ်စေဖို့ သူမခင်ပွန်းဟာ အားအင်တွေပေးနေမယ်ဆိုတာ
သူမယုံကြည်နေမိတယ်...။

နောက်ဆုံးတစ်နေ့မှာ သူမရယ်...သူမရဲ့ခင်ပွန်းရယ်...သူတို့ရဲ့သားလေးတို့ဟာ ပြန်လည်
ဆုံတွေ့ကြမှာပါ။ မိုးကောင်ကင်မှာရှိတဲ့ ကြယ်စင်လေးတွေ ကြားမှာ သူ့ဖေဖေ ရှိနေတယ်ဆိုတာ
သားလေးက သိနေတယ်။ဒါကြောင့်မို့လို့သားလေးဟာ မိုးကောင်ကင်ကိုအမြဲတမ်းမော့ကြည့်
နေလိမ့်မယ်...။ အဲဒီသားလေးကို အကျင့်စာရိတ္တ ကောင်းမွန်ပြီး ပျော်ရွှင်ချမ်းမြေ့တဲ့
ဘ၀တစ်ခုကိုပိုင်ဆိုင်အောင် သူမကြိုစားရအုံးမယ်...။


မှတ်ချက်။ ။Among the stars ဆိုတဲ့ ၀တ္ထုတိုလေးကို ကျွန်တော်ကြိုးစားပြီးဘာသာပြန်ကြည့်ထားတာပါ။
သူငယ်ချင်းတွေဖတ်ရအောင် ပြန်လည်တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။
ရေးသားသူ ထင်လင်းအောင်
ငါ့ ဘ၀၊ငါ့ရဲ့ စိတ်၊င့ါရဲ့ အသိပညာ၊ ငါ့ရဲ့ အတွေ့အကြုံ တွေဘယ်လိုလဲ....။စဉ်းစားနေမိတယ်။
မနေ့ က ငါနဲ့ ဒီနေ့ ငါ က ပိုပြီး အသိပညာတိုးတက်ရဲ့လား...။ဆုတ်ယုတ်နေလား...။င့ါရဲ့ စိတ်....
ဟာရော အရည်အသွေးတွေပိုပြီးကောင်းလာနေသလား....တစ်နေ့ထက်တစ်နေ့ နိမ့်ကျ
နေ သလား...။ငါတွေးနေမိတယ်...။အချိန်တွေတဖြည်းဖြည်း ကုန်ဆုံးလာသ၍ ငါ့ရဲ့ စိတ်၊
ငါ့ရဲ့ အသိဥာဏ်ပညာဟာ လည်းတိုးတက်နေမှဖြစ်မှာ။ဆုတ်ယုတ်နေရင် ငါရှုံးပြီ။လူဖြစ်ရကျိုး
နပ်မှာမဟုတ်တော့ဘူး။ဆရာတော် ဦးဇောတိက ပြောသလိုပေါ့။အသက်တွေကြီးလာတာနဲ့
အမျှ ကိုယ့်ရဲ့ စိတ်ဟာလည်း grow up ဖြစ်အောင်လုပ်ရမယ်တဲ့။ဟုတ်တယ်။ဘ၀ဖြစ်လာတာ
ဟာ တိုးတက်ဖို့ပဲ။အသိဥာဏ်ပညာ တိုးတက်အောင်ကြိုးစားရမယ်။တိုးတက်အောင်မလုပ်ပဲ
ဒီအတိုင်းနေရင် ဘ၀ဖြစ်လာတာဟာ အလကားပဲ။ဘယ်သူနဲ့ မှ မယှဉ်ပြိုင်ချင်ပါဘူး။ဒါပေမယ့်
မနေ့က ငါနဲ့ ဒီနေ့ ငါ ကိုတော့ ယှဉ်ပြိုင်မယ်။မနေ့ ကငါ ထက် ဒီနေ့ ငါက သာရမယ်။
ရေးသားသူ ထင်လင်းအောင်
ကျွန်တော် စာမရေးဖြစ်တာအတော်ကြာနေပြီ။စာအုပ်တွေလည်းမဖတ်ဖြစ်တာအတော်ကြာပြီ။
သူငယ်ချင်းတွေရဲ့ blogs တွေကိုလည်း မလည်ဖြစ်တာလည်း ကြာပြီ။ကျွန်တော် ဘာကြောင့်
စာမရေးဖြစ်တာလဲ….။ဘာလို့ စာရေးချင်စိတ်တွေကုန်ဆုံးနေတာပါလိမ့်….။တွေးကြည့်မိတော့ ဖြစ်နိုင်ခြေတွေပေါ်လာသည်။ပထမဦးဆုံးက ကျွန်တော် သင်တန်းက စာတွေနဲ့ ပိနေသည်။
Teacher က လုပ်ခိုင်းတဲ့ Assignments တွေ ကို အသည်းအသန် အချိန်မှီပြီးအောင်လုပ်
နေရသည်။online ကနေလည်း Tutorials လည်း လိုက်ဖတ်။ C# and asp.net tutorials
တွေ။practical တွေလည်း လိုက်လုပ်။ဆိုတော့…. ကျွန်တော့် စိတ်ထဲမှာ ခံစားချက်တွေကို
ပုံဖော်ရေးသားဖို့ စကားလုံးတွေ ထွက်မလာနိုင်တာလည်းဖြစ်မည်။အိမ်ရောက်တော့လည်း
စာကြည့်စားပွဲမထိုင်ဖြစ်ပဲ… လက်ဘက်ရည်ဆိုင်ဘက်ကို ခြေထောက်တွေက ဦးတည်နေ
သည်။ဆိုတော့ စာရေးတဲ့ အကျင့်တွေလည်းပျက်ကုန်ပီ။အိမ်ရောက်ရင် ဘာစာအုပ်မှ မဖတ်တာ
က များနေတော့.. စာ ဘယ်လို ရေးလို့ ရပါတော့မလဲ…။စာရေးတဲ့သူ တစ်ယောက် ဟာ စာဖတ်မှ စာကောင်းကောင်းရေးတတ်ပေမပေါ့။ဟော… အခုတော့ ကျွန်တော့် blog လေး မှာ စာရေးတာ
ပျက်ကွပ်နေပြီ။ကျွန်တော့်blog လေးကို လာလည်ကျတဲ့ သူငယ်ချင်းတွေကို လည်း အားနာလာပြီ။
ကျွန်တော့်blog လေးမှာ စာရေးနေတာကလည်း တခြားကြောင့်မဟုတ်ဘူး။ ကိုယ့်ဘ၀ရဲ့ မှတ်တမ်း
စာအုပ်လေးလို သဘောထားပြီး လုပ်ထားတာ။ဒီစာအုပ်လေးထဲမှာ ကိုယ်တွေးမိတာတွေရေးမယ်။
ပြီးတော့ ...ငါ ဘယ်အရွယ်တုန်းက ဘယ်လိုတွေးခဲ့...ရေးခဲ့လဲဆိုတာကို....နောင်တစ်ချိန်ပြန်ကြည့်
မိရင် သုံးသပ်ဆင်ခြင်နိုင်အောင်မို့ လုပ်ထားတာ။အခု...စာမရေးဖြစ်တာ ကြာနေတော့ blog လေး
မှာ ခြောက်သွေ့နေပြီ။မဖြစ်ချေဘူး…ကျွန်တော် စာရေးဖြစ်အောင်ကြိုးစားတော့မည်။