ရေးသားသူ ထင်လင်းအောင်
ညီလေးရေ....မင်းက အလုပ်လုပ်တော့မယ်ပေါ့...အကိုကြီးလို ကိုယ့်ခြေထောက်ပေါ်ကို
ရပ်နေနိုင်အောင် ကြိုးစားတော့မယ်ပေါ့။ မင်းကို ရန်ကုန်မှာ အကိုကြီးနဲ့ အတူတူ ခေါ်ပြီး အလုပ်တစ်ခုခုလုပ်စေချင်ပါတယ်။ဒါပေမယ့် ညီလေးရာ...အဖေ၊အမေတို့နဲ့ ဝေးရာမှာ
ကိုယ့်ခြေထောက်ပေါ်ကို ရပ်နေနိုင်ဖို့ ကြိုးစားတာဟာအပြောသာလှပေမယ့်လက်တွေ့ဘ၀ ကတော့မလွယ်ဘူး...ညီလေးရ….။ဒါတွေကို ညီလေး အလုပ်လုပ်ရင် သိလာမှာပါကွာ။

မင်းအလုပ်လုပ်မယ့် အလုပ်က ဓာတ်ပုံဆိုင်မှာဆိုတော့ ကောင်းတာပေါ့။မင်းကPhotoshop လည်းရတယ်။ကွန်ပျူတာပညာမှာလည်း အကိုကြီးရဲ့ ပညာတွေကို ယူတတ်တယ်....။
ဓာတ်ပုံရိုက်ရာမှာလည်း ideaကောင်းတယ်...ဓာတ်ပုံရိုက်တာကိုလည်း ၀ါ သနာပါတယ်
ဆိုတော့ အကိုကြီးအားပေးပါတယ်။အလုပ်လုပ်တယ်ဆိုတာ ကိုယ်ဝါသနာပါ တဲ့ အလုပ်ကို
လုပ်မှကောင်းတာ....ကိုယ်စိတ်ဝင်စားတဲ့ အလုပ်ကိုလုပ်မှကောင်းတာ... ညီလေးမှာက
ဒီအချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုတော့ “ကောင်းတယ်၊လုပ်ပါ”လို့ အကိုကြီး
အားရ၀မ်းသာပြောမိတာပေါ့....ဖုန်းထဲမှာ။

မင်းရဲ့ အလုပ်က စရိတ်ငြိမ်း ၃၀၀၀၀ ဆိုတော့မဆိုးပါဘူးကွာ။ကိုယ့်အတွက်job
experience လည်းရတယ်။ပညာလည်းတိုးတက်မယ်။ဝမ်းလည်းဝတဲ့ အလုပ်မျိုးပဲ
အလုပ်လုပ်မယ့်နေရာဒေသကလည်း ရွှေမန်းမှာဆိုတော့ အဖေတို့နဲ့ မဝေးဘူးပေါ့ကွာ။

ညီလေး မင်းအလုပ်လုပ်တော့မယ်ဆိုတော့ အပေါင်းအသင်းတွေဆန့်လာပြီ။လူမျိုးဆုံနဲ့
တွေ့ရတော့မယ်။မင်းတွေ့မယ့်လူတွေက ဆေးလိပ်သောက်တဲ့သူ၊လောင်းကစားဝါသနာ ပါတဲ့သူ၊အရက်သောက်တဲ့သူ၊အမျိုးမျိုးမင်းတွေ့ရလိမ့်မယ်။မင်းကလောင်းကစားလုပ်တာ ၀ါသနာမပါဘူးဆိုတာအကိုကြီးသိပါတယ်။ဒါပေမယ့် မင်းဆေးလိပ်နဲနဲသောက်စပြုနေပြီ။
ဆေးလိပ်တို့ အရက်တို့ဟာ ကိုယ့်ရဲခန္ဓာကိုယ်ကို မကျန်းမာစေတဲ့ အရာတွေပါ...။ ရောဂါဖြစ်စေတဲ့အရာတွေပါ...။တတ်နိုင်သမျှရှောင်ကျဉ်တာအကောင်းဆုံးပါ....။
မင်းကို အကိုကြီးအထူးမှာချင်တာက အရက်မသောက်ပါနဲ့လို့ပြောချင်ပါတယ်...။
လူကိုဖျက် အရက်တဲ့။ ဒီစကားပုံလေးကို မင်းကြားဖူးမှာပါနော်....။ညီလေးကို
အရက်ရဲ့ အပြစ်တွေကို အထူးပြောပြနေမယ်မထင်ပါ ဘူးလေ...။ဘာကြောင့်လဲ
ဆိုတော့ ဟိုတလောကမှ မင်းရဲ့ဦးလေး အရက်ကို စွဲစွဲမြဲမြဲသောက်လို့ မင်းရဲ့
လက်ပေါ်မှာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားခဲ့တာ လက်တွေ့သာဓက
ပြခဲ့ပြီမဟုတ်လား...။
ရေးသားသူ ထင်လင်းအောင်
ငါဟာ ချစ်တတ်တဲ့သူ တစ်ယောက်ဖြစ်လေတော့
မေတ္တာတွေပေးရင်း ပြီးဆုံးသွားရမှာ...


မင်းနဲ့ ဝေးရခြင်း ရက်တွေလည်း
လွမ်းလွမ်းဆွေးဆွေး တွေးနေတာ....


ငါ့ရဲ့ သတိရတမ်းတမှုကို
အချိန်မှီ သိရှိနိုင်ပါ့မလား....


အိပ်မရနိုင်လောက်အောင်
လွှမ်းမိုးနိုင်ခြင်းကို
အချိန်မှီ နားလည်နိုင်ပါ့မလား....


တကယ်တော့
မင်းကို ကိုယ်ချင်းစာတတ်စေချင်တာပါ...


အထူးသဖြင့်
မင်းကို မေတ္တာထားတတ်စေချင်တာပါ.....
ရေးသားသူ ထင်လင်းအောင်
ကိုစေတန်ရေးတဲ့ html and css အကြောင်းတွေကိုလည်းဖတ်ပြီးသွားပြီ။notepad
မှာလည်း အကြိမ်ကြိမ်ရေးကျင့်ပြီးသွားပြီ။w3schools
မှာလည်းကျောင်းတက်ပြီးသွားပြီ.... html ,css and php တို့ကို.... နောက်ထပ်ဘာကိုဆက်လေ့လာမလဲ..... Google search engine လေးထဲမှာ
ဟိုရှာဒီရှာ.... ရှာကြည့်လိုက်တော့.... ကျနော်သိချင်တာလေးတွေကို တွေ့တယ်ဗျ...တော်တော်လေးကောင်းတယ်....web site template လေးတွေကို
html,cssand php ပေါင်းပြီးရေးထားတာ.... ကျွန်တော်သိချင်တာ..ဒါပဲ... ကျွန်တော်စဉ်းစားမိတာကhtmlလည်းလေ့လာပြီးသွားပြီ...css အကြောင်းလည်း
နားလည်အောင်ဖတ်ပြီးသွားပြီ...php ကိုလည်း တီးမိခေါက်မိပြီ... ဆိုတော့ကား...
web site template တစ်ခုကို ဘယ်လို ရေးလဲ... html ,css and php
ပေါင်းစပ်ပြီးပေါ့....ဟော...အခုတော့ ဒီမှာ တွေ့ရပြီ...။ ၀မ်းသာလိုက်တာ
လွန်ရော.... web site templateတစ်ခုကို ကိုယ်တိုင် create လုပ်ချင်တယ်ဆိုရင်
html and css လောက်သိရုံနဲ့တော့မရပါဘူး။ php or asp.net
ပါသိမှအဆင်ပြေမယ်လေ...။ အခုဒီဆိုက်လေးကလည်း html, css and php
သိထားမှလေ့လာလို့ကောင်းတဲ့ websiteလေးပါ။ ကျွန်တော်ကတော့
အခုတလော ဒီ website လေးကိုပဲသွားနေမိတယ်...။ သူ့အမည်က.....
www.maketemplate.com
သူငယ်ချင်းတွေအားလုံးအဆင်ပြေကြပါစေဗျာ.....
ရေးသားသူ ထင်လင်းအောင်
ချစ်သူများနေ့အတွက် သူငယ်ချင်းတို့ဘယ်လိုခံစားရလဲမသိဘူးနော်....။
တစ်ချို့ကတော့ ဒီချစ်သူများနေ့ဟာ ကိုယ်နဲ့မဆိုင်ဘူးလို့လည်း ထင်ကြမှာပဲ......။
တစ်ချို့ကတော့ ချစ်သူများနေ့မှာ ကိုယ့်ချစ်သူလေးနဲ့ပျော်ကြမယ်ဆိုတော့
ပျော်နေကြမှာပဲ......။တစ်ချို့ကတော့ ကိုယ့်ချစ်သူက ကိုယ့်ကို သစ္စာပျက်သွားမယ်
ဆိုရင်တော့ ၀မ်းနည်းနေမယ်ထင်တယ်နော...။ ချစ်သူမရှိတဲ့သူတွေကတော့
ချစ်သူများနေ့ကို ဘယ်လိုခံစားရမလဲ။ Lonely ဖြစ်နေမလား.........။
ကဲ.....သူငယ်ချင်းတို့ ကျနော့်ရဲ့ Poll လေးကို vote လုပ်သွားကြပါအုံးနော..............။

ချစ်သူများနေ့အတွက် သင်ဘယ်လိုခံစားရလဲ
အရမ်းပျော်တယ်
အရင်နှစ်ထက်ပျော်သလိုပဲ
သာမန်နေ့လေးလိုပါပဲ
လုံးဝမပျော်ဘူး
ဝမ်းနည်းတယ်
  
pollcode.com free polls

ရေးသားသူ ထင်လင်းအောင်
တစ်ကိုးရှစ်တစ် သက္ကရာဇ်မှာ
ဖြစ်တည်ပေါ်လာ အိတ်စ်ရောဂါ။

အိတ်စ်ရောဂါအား
စတင်ခံစား ထိုလူများသည်
ဖျားကာတစ်လ ခံစားရ၏။

ခန္ဓာကိုယ်ကား ပိန်ချူံးသွား၍
များပြားရောဂါ ခံစားကာဖြင့်
ခန္ဓာချုပ်ငြိမ်း အေးငြိမ်းရာ၏။

ယခုချိန်ခါ ဤရောဂါသည်
ကုရာနတ္ထိ ဆေးမရှိ၍
ဆွေးမြေ့ခန္ဓာ သေရရှာမည်
ရောဂါရှင်တည်း။

ဤရောဂါအား ကာကွယ်ကြရန်
လိင်အပျော်အပါး ရှောင်ရှားရမည်
အဓိကတည်း။

မူးယစ်ဆေးဝါး ရှောင်ရှားရမည်
အဓိကတည်း။

သည်ရောဂါပိုး သွေးဆိုးမျိုးသည်
ချောင်းဆိုးနှာချေ မကူးပေ။

စားသောက်မှုများ တူတူစား၍
ပွေ့ရုံဖက်ရုံ နမ်းရှုံရုံဖြင့်
ဆင့်မပွားပါ သည်ရောဂါ။

ရောဂါအိတ်စ်ကို ကြုံတွေ့ခံစား
ထိုသူများအား
တို့များ ပယ်မထားသင့်။

စိတ်ရုပ်လူမှု ခံစားမှုများ
လျော့ပါးသွားရေး
တို့များ ကူညီပေးသင့်သည်။

ရောဂါပိုးများ သူတစ်ပါးအား
မပြန့်ပွားရေး
တို့များဆွေးနွေး ပညာပေးသင့်သည်။

စိတ်ဓာတ်မြင့်မား တိုးပွားလာရန်
ဝါသနာပါရာ အားကာတစ်ခု
ပြုလုပ်သင့်ရေး
တို့များဆွေးနွေး ဟောပြောပေးသင့်သည်။

ဝေဒနာရှင် ရောဂါရှင်အား
လူ့ဝန်းကျင်ဝယ် ရင်ဆိုင်နိုင်ရေး
တို့များဆွေးနွေး လှုံ့ဆော်ပေးသင့်သည်။

ထို့ကြောင့်ပင်လျှင်
အိတ်စ်ဝေဒနာရှင် တို့တွေ့လျင်က
ဖယ်ကျဉ်မထား သနားဂရုဏာ
စာနာစွာဖြင့်
ညီညာလက်တွဲ နှစ်သိမ့်မြဲဆို့။

မှတ်ချက်။ ။ 1.12.2002နေ့က ကျနော်ရေးသားထားခဲ့သော ကဗျာဖြစ်သည်။
ရေးသားသူ ထင်လင်းအောင်
ကျွန်တော်တို့ Gtalk သုံးပြီးရင် sing out ထွက်တော့ ကိုယ့် Gmail address တွေ
ကျန်နေခဲ့တယ်။sing out ထွက်ပြီးတော့ Gtalk ကို ပြန်ဖွင့်ကြည့်တော့ ကိုယ့် Gmail
address ကပြန်ပေါ်နေတယ်။အဲဒါကို ပြန်မပေါ်အောင် ကိုယ့် Gmail address ကို
သူများတွေမမြင်အောင် Registry ထဲကနေ ဒီလိုဖျက်လို့ရပါတယ်။

1.click ->start ->run
2 type regedit in it
3.folder 5 ခုထဲက HKEY_CURRENT_USER ၇ဲ့ + ကို click
4.click->SOFTWARE ရဲ့ + ကို click
5.click->Google + ကို click
6.click->Gtalk + ကို click
7.click->Accounts + ကို click
လိုက်ရင် မိမိအကောက်နာမည်ကိုတွေ့မယ်။ အဲဒါကို right click ->deleteလုပ်လိုက်...
ဒါဆိုရင် နောက်တစ်ခါ ဂျီတော့ကို ဖွင့်လိုက်ရင် မိမိအကောက်နာမည်မပေါ်တော့ပါ။

မှတ်ချက်။ ။ မော်ဒန်ဂျာနယ်ကို ဖတ်ပြီး၊လက်တွေ့လုပ်ကြည့်ပြီးရေးပါသည်။