ရေးသားသူ ထင်လင်းအောင်
စစ်ကိုင်းတိုင်း ၊ယင်းမာပင်မြို့နယ်၊အလောင်းတော်ကဿပဘုရားဖူးသွားရာလမ်း
ယမား ချောင်းကြီးမြောက်ဘက် ဆင်တဲကျေးရွာ


ရွှေဆံနွယ် ဓမ္မကုသိုလ်ဖြစ်ဆေးခန်း

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊အလောင်းတော်ကဿပဘုရားဖူးသွားရာလမ်း ယမား ချောင်းကြီး
မြောက်ဘက်ခြမ်းတွင် ဒေသခံပြည်သူများစွာ နေထိုင်လျက်ရှိပါသည်။ မိုးတွင်း ကာလနှင့်အထက်မှ
ဆည်ရေလွတ်ရာကာလများမှာ ယမားချောင်းကြီး ရေပြည့်လျှံနေ တတ်ပါသည်။ချောင်းကူးတံတား
မရှိသည့် ထိုယမားချောင်းကူးအခက်အခဲကြောင့် ဒေသခံပြည် သူတို့မှာ အရေးပေါ်ကျမ်းမာရေး
အခက်အခဲနှင့် ရင်ဆိုင်ခဲ့ကြရပါသည်။ဆေးရုံဆေးခန်း ရှိရာ မြို့ပြသို့ အသွားလမ်းခရီး ယမား
ချောင်းကြီး တစ်ဖက်မှာပင် အသက်မဆုံးရှုံးသင့်ပါဘဲနှင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြရပါ
သည်။တန်ဖိုးကြီးမားလှသော လူ့ဘ၀ကို ရရှိပါလျက် အချိန်မီ ကျန်းမာရေးစောင့်ရှောက်မှု
မရရှိကြသော ဒေသခံပြည်သူများမှာ စောစီးစွာ လူ့ဘ၀ မှ စွန့်ခွာ သွားကြရရှာပါသည်။ထိုကဲ့သို့
ကယ်ဆယ်မှုလိုအပ်နေသည့် မြို့ပြနှင့် ဝေးလံလှသော ဒေသခံပြည်သူများအတွက် ယမားချောင်းကြီး
မြောက်ဘက်၊အလောင်းတော် ကဿပလမ်းနှင့် (၇)ဖာလုံခန့်အကွာ ဆင်တဲကျေးရွာ အရှေ့ဘက်၌
ရွှေဆံနွယ် ဓမ္မဓရ ကုသိုလ်ဖြစ်ဆေးခန်းတည်ဆောက်၍ တိုက်နယ်ဆေးရုံ အဆင့်ရောက်အောင်
ဒေသခံပြည်သူ များအတွက် အရေးတကြီးလိုအပ်နေသော ကျန်းမာရေး စောင့်ရှောက်မှု
အစီအစဉ်ပြုလုပ်သွား မည်ဖြစ်ပါသဖြင့် အလှူတော်ငွေများ ဆေးဝါးနှင့် ဆေးပစ္စည်းအသုံးအဆောင်
များ၊ဆေးဖက် ဆိုင် ရာစက်ပစ္စည်းများ၊လူနာတင်ယာဉ်နှင့် လှူဒါန်းလိုသည်များကို အောက်ပါလိပ်စာ
သို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

ဆက်သွယ်ရန်လိပ်စာ
၁။အရှင်ရေ၀တ(သာသနာ့ပျိုးခင်း)ပဲခူးဆောင်လ/ထ အဆောင်မှူး၊
အရှင်ဥာဏိဿရ ၊အခန်း(၁၂)၊ပဲခူးဆောင်၊နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊
ရန်ကုန်မြို့။
sasanagarden@gmail.com
09 5025409
Labels: edit post
0 Responses