ရေးသားသူ ထင်လင်းအောင်
ရွှေဆံနွယ်ဓမ္မဓရကုသိုလ်ဖြစ်ဆေးရုံ ဒီဇင်ဘာ (၂၇) ပန္နက်တင်မည်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အလောင်းတော် ကဿပ ဘုရားဖူးသွားရာလမ်း၊ ယမားချောင်းကြီး
မြောက်ဘက် ဆင်တဲရွာအရှေ့ဘက် ရွှေဆံနွယ်ဓမ္မဓရကုသိုလ်ဖြစ် (၁၆)ကုဋင်ဆံ့ဆေးရုံကို ဒီဇင်ဘာ
(၂၇) ပန္နက်တင်မည် ဖြစ်ကြောင်းသိရသည်။ ရွှေဆံနွယ်ဆရာတော် အရှင်ဝါယမာနန္ဒသည်
ရွှေဆံနွယ်ကဗျာဖြင့် ယင်းအမည်တွင်ခဲ့ခြင်းဖြစ်ပြီး ထိုကဗျာကြောင့်ပင် ဒကာ ဒကာမများက
သဒ္ဓါတရားထက်သန်စွာဖြင့် ဆံနွယ်များ၊ ၀တ္ထုငွေကြေးများ လှူဒါန်းခဲ့မှုကြောင့် လမ်းတံတာများကို ဆောက်လုပ်လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ““လမ်းတံတား ကုသိုလ်အပြင်
အသက်ကယ်တဲ့ ဇီဝိတဒါနကုသိုလ်တစ်မျိုး ထပ်မံရစေချင်တဲ့ရည်ရွယ်ချက်၊ ဒေသခံပြည်သူတွေရဲ့
အရေးတကြီးလိုအပ်နေတဲ့ ကျန်းမာရေးအခက်အခဲကို ဖြေရှင်းဆောင်ရွက်ပေးလိုတဲ့ ရည်ရွယ်ချက်
တွေကြောင့် ကုသိုလ်ဖြစ်ဆေးရုံကို ဆောက်လုပ်ဖို့ ရည်ရွယ်ခဲ့တာပါ””ဟု ရွှေဆံနွယ်ဆရာတော်က
မိန့်ကြားသည်။““ အောက်တိုဘာ (၁၇) ရက်က ဆေးရုံအတွက် အကျိုးတော်ဆောင်များ
အစည်းအဝေးကို ကျင်းပခဲ့ပါတယ်၊ သြ၀ါဒါစရိယဆရာတော်ငါးပါး၊ လူပုဂ္ဂိုလ်နာယက (၃)ဦး၊
ဖြစ်မြောက်ရေးကော်မတီအဖွဲ့ (၉)ဦး၊ ဘဏ္ဍာငွေရှာဖွေရေး (၂၄)ဦး၊ ဆောက်လုပ်ရေး (၅)ဦး၊
သတင်းပြန်ကြားရေး (၇)ဦး၊ ဘဏ္ဍာထိန်း (၃)ဦး၊ စာရင်းစစ်(၃)ဦးနဲ့ ဆေးရုံဖြစ်မြောက်ရေး
အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ ကုသိုလ်ဖြစ်ဆေးရုံအတွက် တာဝန်ခံဆရာဝန်ကြီးအဖြစ်
ဒေါက်တာ ကျော်ဦး M.B.B.S (Mdy) Dip.Med Sc (Family Medicine) က
ကုသိုဖြစ် တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်””ဟု ရွှေဆံနွယ်ဆေးရုံဖြစ်မြောက်ရေးအကျိုးတော်
ဆောင်ဆရာတော် အရှင်ရေ၀တ(သာသနာ့ပျိုးခင်း)က မိန့်ကြားသည်။အရေးတကြီး
လိုအပ်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များကို ပြုလုပ်မှုမည်ဖြစ်သည့်
အတွက် အလှူတော်ငွေများ၊ ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများ၊ ဆေးဖက်ဆိုင်ရာ
စက်ပစ္စည်းများ၊ လူနာတင်ယာဉ်များနှင့် လှူဒါန်းလိုသည်များကို အောက်ပါလိပ်စာ
များသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိ၇သည်။

၁။ ရွှေဆံနွယ်ဆရာတော် အရှင်ဝါယမာနန္ဒ၊ အဆောင်(၁၈) အဆောင်မှူး၊
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ မန္တလေးမြို့၊ (ဖုန်း 09-2035154)
၂။ အရှင်ရေ၀တ(သာသနာ့ပျိုးခင်း)၊ ပဲခူးဆောင်၊ လက်ထောက်အဆောင်မှူ၊
သာသနာ့တက္ကသိုလ်၊ ကမ္ဘာအေး၊ ရန်ကုန်၊ ဖုန်း 09-5025409
၃။ ဒေါ်ပန်းမြတ်နိုးခင်၊ (ပင်စလီလက်ဖက်ခြောက်လုပ်ငန်း) ရွှေဂုံတိုင်လမ်းမ၊
ရန်ကုန်။ (ဖုန်း 01-545164၊ 09-5016642)
၎။ ဒေါ်မိုးမိုးလွင် အမှတ်(223) ၂၉ လမ်း၊ ရန်ကုန်၊ ဖုန်း 01-248188
Labels: edit post
3 Responses
  1. လာဖတ်သွားတယ်ဗျာ


  2. Min Myat Soe Says:

    လာဖတ်မှတ်သွားသဗျို့


  3. poemflower Says:

    အခုလို မျှဝေပေးတာကျေးဇူးတင်ပါတယ်ရှင်