ရေးသားသူ ထင်လင်းအောင်
ဒီဇင်ဘာ ၂၀၀၇
ရန်ကုန်ကိုလာခဲ့ပါလို့ ဦးက ဖုန်းနဲ့ခေါ်လိုက်တာကြောင့် အညာသားကျွန်တော် ဆိုင်းမဆင့်
ဗုံမဆင့် ရန်ကုန်မြေကိုရောက်လာခဲ့တယ်။ ဦးအိမ်ကိုရောက်တော့ ကျွန်တော်နေရမယ့်
စံပြဈေးနားလေးကဦးရဲ့ အိမ်တစ်အိမ်မှာ။ကျွန်တော့်ကို အိမ်သော့ပေးပြီး ဆုံးမစကား
ပြောတယ်။ ရန်ကုန်မှာနေရင် လိမ်လိမ်မာမာနေဖို့ပေါ့။အောင်မြင်အောင်ကြိုးစားဖို့ပြောတယ်။
ပြီးတော့ ဦးအိမ်မှာထမင်းစားပြီး ကျွန်တော်နေမယ့်အိမ်သော့ကိုပေးတယ်။ လင်းစဒေါင်း
မှတ်တိုင်ကနေ ၃၈ဘပ်စ်ကို စီးသွား၊ ကျောင်းရှေ့မှတ်တိုင်ကိုဆင်း ဆိုလို့ ကျွန်တော်
ဆင်းလိုက်တယ်။ဒါပေမဲ့ ကျောင်းလမ်းနဲ့ ကျောင်းရှေ့မှား ပြီးဆင်းမိလို့ ၁၀ မှတ်တိုင်
လောက်လမ်းလျှောက်လိုက်ရတယ်။အဟပ်။ဒီလောက်တော့အပျော့ပေါ့။ အညာသားပဲဟာ...
နေရမယ့်အိမ်ကိုရောက်တော့ မိုးကစုပ်စုပ် ချုပ်နေပြီ။မီးကလည်းမလာတော့မှောင်မဲနေတယ်။
အိမ်ကအောက်ထပ်က workshopဖွင့်ထားတာ။workshopမှာလုပ်တဲ့အလုပ်သမားတွေက
ပြန်သွားကြပီ။သူတို့က ညကိုအိမ်မှာမအိပ်ဘူးတဲ့။ကျွန်တော်နေရမှာက အိမ်အပေါ်ထပ်။ လူမနေတာကြာပီထင်တယ်။ဖုန်ဆော်တွေကိုနံနေတာပဲ။ဖယောင်းတိုင်ထွန်း ၊ လှည်းကျင်းပြီး
အခန်းထဲမှာ တတ်သမျှမှတ်သမျှ ပရိတ်လေးဘာလေးရွတ်ပြီး ခေါင်းမီးချုံအိပ်လိုက်တယ်။
အဲဒါက အမှတ်တရဒီဇင်ဘာည....။နှင်းမကျတဲ့ ရန်ကုန်ည....။
ရေးသားသူ ထင်လင်းအောင်
php ကို စပြီးစိတ်ဝင်စားမိတာက mysteryzillion ထဲကိုဝင်ကြည့်လိုက်လို့ပါ။ php အကြောင်းတွေကို ကိုစေတန်တို့ , phpcrazy တို့, khumnk တို့ ရေးထားတဲ့ php အကြောင်းတွေကို ဖတ်မိလို့ပါ...

web developing ကို စိတ်ဝင်စားတဲ့အတွက် ကျနော်လေ့လာမိပါတယ်။ w3schools,
phpabout တို့ကိုလည်းဖတ်ပါတယ်...နားမလည်တာရှိရင် mz ကိုမေးတယ်....mz ကလည်း
ကျွန်တော်မေးသမျှဖြေပေးပါတယ်...w3schools ကphp ဖတ်ပြီးတော့ Mysql ကို
ဆက်ဖတ်တယ်...အဲဒီမှစပြီးခေါင်းရှုပ်တာပဲ php and Mysql database ဘယ်လို
ချိတ်ဆက်လဲ ဆိုတာ နားမလည်ဘူးဗျာ...

အဓိကနားမလည်တာက
//conect to server
mysql_connect("localhost","username","password")or die(mysql_error());

အဲဒီမှာ username ,password ကိုဘယ်လိုပေးမလဲဆိုတာ မသိဘူး....နောက်ဆုံးတော့
mz ကိုပဲမေးရတယ်...username and password ကို phpMyadmin မှာ ဆောက်လို့ရတယ်တဲ့...

click ->phpMyadmin->mysql(17)->Privilieges->Add a new user
ပြီးရင် User name,နေရာမှာ ကိုယ်ပေးချင်တဲ့ name ပေး၊ host နေရာမှာ localhost
Password ကိုယ်ကြိုက်တာပေးလို့ရတယ်။ပြီးတော့ ကျွန်တော်က Generate password ကို
ကလစ်ပြီးတော့ copy လုပ်တယ်။ပြီးရင် Global Privilieges ကို Check All လုပ်၊
ပြီးရင် Go ကို ကလစ်လိုက်....username and passwordကို တည်ဆောက်
လို့ပြီးပီဗျာ...

ဒါဆိုရင် php and sql ကို connect လုပ်လို့ရပြီ....

php လေ့လာလို့ကောင်းတဲ့ website တွေကို share ခဲ့အုံးမယ်...
http://php.about.com
http://www.phpeasystep.com
http://www.php.net
http://www.phpf1.com
အဲ w3schoolsကိုတော့ မပြောတော့ဘူးနော်...သိနေမယ်ထင်လို့...

သူငယ်ချင်းတွေအားလုံး အဆင်ပြေပါစေဗျာ...
ရေးသားသူ ထင်လင်းအောင်

ကိုယ့်စိတ်ကိုမှ ကိုယ်ချမ်းသာအောင်
မထားတတ်သေးဘူးဆိုရင်
မိမိမှာ ဘာပညာမှ
မတတ်သေးဘူးလို့မှတ်ပါ။

အရှင်ဇနကာဘိဝံသ


အမှန်တရားရဲ့သဘာဝ၊
အမှန်တရားရဲ့တန်ဖိုးကို
နက်နက်နဲနဲသိပြီးတော့
ကိုယ့်သဘောနဲ့ကိုယ်
ရွေးချယ်ပြီးတော့
ကြိုးစားပြီးလုပ်သွားမယ်ဆိုရင်
လုပ်တဲ့နေ့ကပြီး
ကိုယ့်ဘ၀အရည်အသွေးတွေဟာ
မြင့်မားလာမယ်။

ဆရာတော်ဦးဇောတိက


ဒီကိစ္စ အကောင်အထည်ဖော်ဖို့၊
ဒီလို အသိဥာဏ်မျိုးရဖို့၊
ဒီလိုစိတ်ထားမျိုးရဖို့၊
ဒီလိုတာဝန်ကျေအောင်အောင်လုပ်ဖို့
အသက်ရှင်ရတယ်လို့ပြစရာ၊ပြောစရာ၊
လုပ်စရာ မရှိတဲ့သူဟာ
အသက်ရှင်နေလျက်ဘ၀သေနေမဲ့သူပဲ။

ဆရာတော်ဦးဇောတိက
ရေးသားသူ ထင်လင်းအောင်
မတွေ့ရတဲ့ရက်တွေမှာ
သတိရတဲ့အတွေးတွေကို
တွေးရင်း.....
ငါ မင်းကို လွမ်းတတ်ခဲ့ပြီ။
မင်း အကြည့်
မင်း မျက်ဝန်း
မင်းရဲ့ ရိုးသားမှုတွေကို
ငါ မြင်ယောင်ရင်း
အိပ်စက်ခဲ့တဲ့ ညတွေများခဲ့ပြီ။
ဘာကြောင့်ချစ်မိတယ်ဆိုတာ
အဖြေရှာမရပေမဲ့
သေချာတာက
ရိုးသားစွာ
ငါ မင်းကိုချစ်နေတာပါ.....ချစ်သူ။