ရေးသားသူ ထင်လင်းအောင်
တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကန်ရေပြင်ကို သူမ ကြည့်နေမိတယ်….။အရင်တုန်းက ဒ်ီကန်ရေပြင် လေးဘေးနား…ဒီခုံတန်းလေးပေါ်မှာ….သူနဲ့ အတူတူ ထိုင်ပြီး စကားတွေ တတွတ်တွတ် ပြောရင်း
ပျော်ရွှင် ကြည်နူးခဲ့ဘူးတယ်….။သူ့ရဲ့ ရင်ခုန်သံကို နားထောင်ရင်း သူ့ရင်ခွင်ထဲမှာ မှေးဆက် နေခဲ့ဘူးတယ်….။အခုတော့ ဒီခုံတန်းလေး ပေါ်မှာ သူမတစ်ယောက်တည်း…..။ ဒီကန်ရေပြင် ဘေးနားမှာ ရှိနေကြတဲ့… စုံတွဲ လေးတွေက သူမကို သနားဖွယ်အကြည့်တွေနဲ့ ကြည့်နေကြ သယောင်ယောင်….။

အမှန်တော့ စုံတွဲတွေသာလာတတ်တဲ့ ဒီကန်ရေပြင်လေးနားဆီကို သူမတစ်ယောက်တည်း
ရောက်မလာသင့်ပါဘူး…..။ဒါပေမယ့်လည်းလေ…..သူမရဲ့ စိတ်ထဲမှာ သူ့ကို အရမ်းသတိရနေမိ
တယ်။သူနဲ့ မတွေ့ တာ အတော်ကြာနေပြီ…။သူနဲ့ အရင်တုန်းက သွားခဲ့ဘူးတဲ့ နေရာလေးတွေ….
အထူထိုင်ခဲ့ဘူးတဲ့ ခုံတန်းလေးတွေ….အတူတူစုံတွဲ ဖူးခဲ့ကြတဲ့ ဘုရားတွေဆီကို တစ်ယောက်တည်း….
အခုလို Sunday တိုင်း မှာ လျှောက်သွား နေမိတယ်….။အလွမ်းပြေပေါ့ဆိုတဲ့ အတွေးတွေနဲ့ သွားနေပေမယ့်…အမှတ်တရ အဲဒီနေရာလေးတွေကိုရောက်တိုင်း…..သူ့ကို သတိရတဲ့ အတွေးတွေက
ပိုလို့ သာ တိုးနေတော့တယ်….။

အရင်တုန်းက အချစ်ဆိုတာ ကိုယ့်ကို ပျော်ရွှင်ကြည်နူးမှုပေးတဲ့အရာလို့ ပဲ ထင်ခဲ့မိတယ်…။

ဒါပေမယ့် အခုတော့ အချစ်ဆိုတာ စိတ်ကို နာကျင်ပူလောင်စေတဲ့ အရာတစ်ခုပါလို့ ထပ်လောင်း သိခဲ့ရပါပြီ….။ဘာဖြစ်လို့လဲဆိုတော့……။

*************

သူ ပြောလိုက်တဲ့ စကားကို ကြားစက သူမနားကို သူမ မယုံရဲခဲ့ဘူး…ဒါဟာ အိပ်မက်လား…. နားကြားလွဲတာလား….သူ…နောက်ပြောင် ပြောနေတာလား….လို့ ထင်ခဲ့တယ်…။

မဟုတ်ဘူး…ဒါအိပ်မက်မဟုတ်ဘူး…. နားကြားလွဲတာလည်းမဟုတ်ဘူး… သူ…အတည်ပြောနေတာ….
သူ့ရဲ့ ပါးစပ်ကနေ….”သူ့ကို မေ့လိုက်ပါ” ဆို တဲ့ စကားကို ခပ်မာမာပြောနေတာ….။အချိန်နာရီများစွာ…. ရက်ပေါင်းများစွာ….လပေါင်းများစွာ….နဲ့တည်ဆောက်ထားတဲ့ အချစ်အိမ်လေးကို စက္ကန့်ပိုင်းမျှသာ
ကြာတဲ့ “မေ့လိုက်ပါ”ဆိုတဲ့ စကားလုံးလေး သုံးလုံးနဲ့ ရိုက်ချိုးဖျက်ဆီး ပစ်လိုက်ပြီလား…။ရိုက်ချိုး
ပစ်လိုက်လို့ ရတယ်တဲ့လား…..မောင်ရယ်….။

သူမ ဆို့နစ်ကြေကွဲစွာ…..ငိုလိုက်မိတယ်….။ခဏလေးပါပဲ….. ငါ မငို သင့် ဘူး…။သူမစိတ်ကို သူမ အနည်းငယ်ပြန်ထိမ်းလိုက်တယ်…။သူမ သိပ်ချစ်မိတဲ့ သူ့ ရဲ့ မျက်နှာကို စေ့စေ့ကြည့်လိုက်တယ်…။

“မောင် ….မောင်က မေ့လိုက်ပါလို့…ပြောပေမယ့်….နွယ်…မောင့်ကို ဘယ်လိုမေ့ရမလဲ…မောင်ရယ်….. နွယ့်နှလုံးသားထဲမှာ…..မောင်…. ရှိနေမှာ ပါ….”လို့ ပြောပြီး…သူ့ရဲ့ ရှေ့ ကနေပြေးထွက်လာခဲ့တယ်….။
ဝမ်းနဲကြေကွဲ စွာနဲ့…။

********

တော်ပြီ….မတွေးချင်တော့ဘူး…..ဒီအကြောင်းတွေကို ဆက်တွေး နိုင်စွမ်းမရှိရလောက်အောင်လည်း
နှလုံးသားဟာ နွမ်းလျလွန်းနေပြီ….။သူမ ဘ၀မှာ ကိုယ်ချစ်တဲ့ ချစ်သူက ပစ်ခွာသွားတဲ့ ခံစားချက်မျိုးကို တစ်ခါမှမခံစားဖူး ဘူး….အခုတော့ ရေရေလည်လည်ခံစားနေရပြီ….။ဘာကို မှမလုပ်ချင်တော့ဘူး…. ဘ၀အတွက်….ဘာမှလည်း လုပ်ဖို့ စိတ်မပါတော့ဘူး….။ဘာကြောင့် င့ါ ကို ပစ်ခွာသွားရတာလဲဆိုတဲ့
မေးခွန်းတွေကို နားမလည်နိုင်စွာ အဖြေရှာရင်းေ၀၀ါးခဲ့တဲ့ ညတွေ လည်း များခဲ့ပြီ…။

“အချစ်ဆိုတဲ့ အရာလေးတစ်ခု အတွက်နဲ့ ငါ့ဘ၀တစ်ခု လုံးကို အရှုံးပေး လိုက်ရတော့မှာလား….”
သူမ ကိုယ့်ကိုကိုယ် သေချာဆန်းစစ် အဖြေရှာမိလိုက်တယ်….။ အချိန်တော်တော်ကြာကြာ…..။

"မဖြစ်ဘူး….ငါ အရှုံးပေးလို့ မဖြစ်ဘူး……ငါ့ရဲ့ အနာဂတ် လေးတွေလှပအောင် ငါဖန်တီးချင်တယ်….။
ဒါဟာ…ငါ့ရဲ့ အကြီးမားဆုံး ရည်ရွယ်ချက်ပဲ….။အနာဂတ် လေးတွေလှပနေဖို့ ဆိုတာ…ပစ္စုပ္ပန်လေးတွေ
လှ ပနေမှဖြစ်မှာ….။ပစ္စုပ္ပန်လေးတွေ လှပနေဖို့ ဆိုတာကလည်း အခုလို စိတ်ကို လွမ်းလျနာကျင်စေမယ့်
အတွေးတွေကို လက်မခံထားမှဖြစ်မှာ….ဟုတ်ပြီ….င့ါရဲ့ အနာဂတ်လေးတွေလှပနေဖို့….
ငါကြိုးစားရမယ်….။"

အနာဂတ်လေးတွေလှပနေဖို့….အနာဂတ်လေးတွေလှပနေဖို့….။

သူမ ခုံတန်းလေးပေါ်မှာ ထိုင်နေရာကနေ ရုတ်တရက် ထလိုက် တယ်….။ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့
လေပြေလေးတွေကို တ၀ကြီး ရှုပစ်လိုက်တယ်…။

ဟော…အခုတော့လည်း လောကကြီးဟာ…လှပနေပါပေါ့လား.....။
ရေးသားသူ ထင်လင်းအောင်
Joomla Ebook လေးပါ။လိုချင်ရင်ယူသွားပါ။
Joomla Ebook
ရေးသားသူ ထင်လင်းအောင်
ငါ့ဥစ္စာ ငါ့ပစ္စည်း
အစွဲမကြီးနဲ့။

ငါ့သားင့ါသမီး
အစွဲမသီးနဲ့။

နေရာတကာ
ငါ့ဟာင့ါဟာ
စွဲပါလေက
သံသရာမြစ်ထဲ
ဝဲ၀ဲလည်ကာ
မဟာဒုက္ခ
မုချအမှန်
ခံစားရမည်တည့်။

ဒီကဗျာလေးဟာလေးဟာလည်း ရေးထားတာကြာပြီ။ဒါပေမယ့် အခုတော့ ကာရံတွေနဲ့ ကဗျာလေးတွေ
မရေးဖြစ်တာ တော်တော်ကြာပြီဗျ။ကာရံတွေလည်းပျောက်သလောက်ဖြစ်နေပြီ။ကျွန်တော်ရေးခဲ့တဲ့
ဒီကဗျာလေးတွေဟာ ကျွန်တော့်စာအုပ်ထဲမှာ ဟောင်းနေပြီ ဖြစ်ပေမယ့်....ကျွန်တော်ပြန်ဖတ်ကြည့်တိုင်း
ကြည့်တိုင်း... အသစ်အတိုင်းပဲဖြစ်နေဆဲပါပဲလေ....။
ရေးသားသူ ထင်လင်းအောင်
ကျနော်လည်း အခုတလောအလုပ်တွေများနေတယ်ဗျာ...။သူငယ်ချင်းတွေရဲ့ ဘလော့ဂ်တွေလည်း
အရင်ကလိုမလည်နိုင်တော့ဘူး...။မရောက်ဖြစ်ရင် ခွင့်လွှတ်ကြပါဗျာ...။ စာလည်းအသစ်
မရေးနိုင်သေးဘူးဖြစ်နေလို့....ကျောင်းတက်တုန်းက ရေးထားတဲ့ကဗျာလေး တစ်ပုဒ်တင်အုံးမှပဲလို့... စိတ်ကူးဖြစ်မိတယ်။ကြာတော့ကြာပါပြီလေ...။ကဗျာလေးက...၅ နှစ်ကျော်လောက်ရှိပြီရေးထားတာ...
ကျနော်...အသက်၁၉ နှစ်လောက်ကပေါ့။ဒီကဗျာလေးကို ရေးတုန်းကခေါင်းစဉ်မတတ်မိဘူးဗျ။
ဖတ်ကြည့်ပါအုံးနော်။


သတိတရား
အမြဲထားဟု
ဘုရားဗုဒ္ဓ
ဆုံးမထားခဲ့။

ယခုချိန်ခါ
သာသနာဝယ်
ငါတို့ကြုံရ
ခဏတာတွင်
သတိယှဉ်၍
ရင်မှာတရား
အစဉ်ထားကာ
အေးငြိမ်းရာမှန်
မြတ်နိဗ္ဗာန်သို့
မြန်စွာရောက်ကြောင်း
တရားကောင်းကို
ကျင့်ကို ကျင့်ရပေလိမ့်မည်။
ချမ်းသာစစ်ကို ရှာရမည်။
အိုနာသေကို ရှောင်ခွာရည်။


25.12.2003
ရေးသားသူ ထင်လင်းအောင်
*ငယ်စဉ်ကာလ ချိန်ခါကပင်
ဝလုံးကလေး ရေးတတ်အောင်သင်
ဆရာရှင်တို့
ငါလျှင်ကျေးဇူး ဆပ်ဖူးချင်၏။

*ငယ်စဉ်ကာလ ချိန်ခါကပင်
ပညာဖြာဖြာ တတ်ကောင်းရာကို
ကောင်းမွန်စွာသင် ဆရာရှင်တို့
ငါလျှင်ကျေးဇူး ဆပ်ဖူးချင်၏။

*ငယ်စဉ်ကာလ ချိန်ခါကပင်
ရန်အသွယ်သွယ် အစွယ်စွယ်မှ
လွတ်ကင်းကြရန်
သွန်သင်ဆုံးမ ညွှန်ပြကြသည့်
ဆရာရှင်တို့
ငါလျှင်ကျေးဇူး ဆပ်ဖူးချင်၏။
ကျေးဇူးမဆပ်ခင် သည်အချိန်တွင်
ရှိခိုးဦးတင် ကတော့လိုက်ချင်
ကြိုတင်ကျေးဇူး ဆပ်သည်ပင်။

မှတ်ချက်။ ။ကျနော် မုံရွာကွန်ပျူတာတက္ကသိုလ် တတိယနှစ်တုန်းက ရေးထားခဲ့တဲ့ကဗျာလေးပါ။