ရေးသားသူ ထင်လင်းအောင်
*ငယ်စဉ်ကာလ ချိန်ခါကပင်
ဝလုံးကလေး ရေးတတ်အောင်သင်
ဆရာရှင်တို့
ငါလျှင်ကျေးဇူး ဆပ်ဖူးချင်၏။

*ငယ်စဉ်ကာလ ချိန်ခါကပင်
ပညာဖြာဖြာ တတ်ကောင်းရာကို
ကောင်းမွန်စွာသင် ဆရာရှင်တို့
ငါလျှင်ကျေးဇူး ဆပ်ဖူးချင်၏။

*ငယ်စဉ်ကာလ ချိန်ခါကပင်
ရန်အသွယ်သွယ် အစွယ်စွယ်မှ
လွတ်ကင်းကြရန်
သွန်သင်ဆုံးမ ညွှန်ပြကြသည့်
ဆရာရှင်တို့
ငါလျှင်ကျေးဇူး ဆပ်ဖူးချင်၏။
ကျေးဇူးမဆပ်ခင် သည်အချိန်တွင်
ရှိခိုးဦးတင် ကတော့လိုက်ချင်
ကြိုတင်ကျေးဇူး ဆပ်သည်ပင်။

မှတ်ချက်။ ။ကျနော် မုံရွာကွန်ပျူတာတက္ကသိုလ် တတိယနှစ်တုန်းက ရေးထားခဲ့တဲ့ကဗျာလေးပါ။
Labels: edit post
7 Responses
  1. Min Myat Soe Says:

    ကဗျာလေးကောင်းပါတယ်၊ ကျွန်တော်က ကဗျာကို ဘလော့တွေရောက်မှ ခံစားဘူးတာဗျ


  2. khin oo may Says:

    မှန်တယ်။(ကဗျာဖတ်ကောင်းတာလဲမှန်တယ်)

    ကျေးဇူးတွေ ကတော့တင်စရာတွေအများကြီးဘဲ။


  3. may16 Says:

    ဆရာ့ကျေးဇူးကို အမှန်တကယ် အောက်မေ့သတိရမိပြီး ကျေးဇူးများက ဘယ်တော့မှ ဆပ်မကုန်နိုင်ဖြစ်ရပါသည်.


  4. ကဗျာလေးကနုပျိုလတ်ဆတ်၏
    ကဗျာကောင်းလေးပါ.အကြောင်းအရာကလည်း ကောင်းမွန်ပါတယ်
    ...ခင်မင်သောအားဖြင့်...


  5. mgnge Says:

    :)
    ကဗျာလေး ကောင်းတယ်သယ်ရင်းရေ

    ကျေးဇူးတင် သင့်တာတော့အမှန်ပဲ


  6. Thar Htet Says:

    ဆရာ့ကျေးဇူးကို လက်တွေ့မှာ ဘယ်လိုဆပ်ရမှန်းမသိသလို၊ ဘယ်တော့ ဘယ်လိုဆပ်ဖြစ်မယ်ဆိုတာလဲ မသိပါဘူး။ ဒါပေမယ့် ဆရာ့ကျေးဇူးကို အောင့်မေ့သတိရပြီး ရှိခိုးဦးတင်ရင်ပဲ ကျေးဇူးသိသူ တစ်ဦးဖြစ်ရပါပြီ။


  7. ညီရေ... ဟုတ်တယ်နော်။ ဆရာ့ကျေးဇူး မြင်းမိုရ်ဦး အထူးသိလျက် အဆပ်ခက်၏ လို့ ဆိုရင်ရပါတယ်။ ဆရာသမားကောင်းတွေ ညွန်ပြခဲ့တဲ့ လမ်းကြောင်းမှန်ပေါ် လျောက်လှမ်းခဲ့ကြသူတိုင်း အောင်မြင်တိုးတက်ကြပါတယ်။ ဆရာ့ကျေးဇူးကို အကိုလဲ ဆပ်ဖူးချင်တာ ကျေးဇူးသိတတ်သူတိုင်းရဲ့  လက္ခဏာတွေပါ ညီ။ ပျော်ရွှင်နိုင်ပါစေ။