ရေးသားသူ ထင်လင်းအောင်
ကျနော်လည်း အခုတလောအလုပ်တွေများနေတယ်ဗျာ...။သူငယ်ချင်းတွေရဲ့ ဘလော့ဂ်တွေလည်း
အရင်ကလိုမလည်နိုင်တော့ဘူး...။မရောက်ဖြစ်ရင် ခွင့်လွှတ်ကြပါဗျာ...။ စာလည်းအသစ်
မရေးနိုင်သေးဘူးဖြစ်နေလို့....ကျောင်းတက်တုန်းက ရေးထားတဲ့ကဗျာလေး တစ်ပုဒ်တင်အုံးမှပဲလို့... စိတ်ကူးဖြစ်မိတယ်။ကြာတော့ကြာပါပြီလေ...။ကဗျာလေးက...၅ နှစ်ကျော်လောက်ရှိပြီရေးထားတာ...
ကျနော်...အသက်၁၉ နှစ်လောက်ကပေါ့။ဒီကဗျာလေးကို ရေးတုန်းကခေါင်းစဉ်မတတ်မိဘူးဗျ။
ဖတ်ကြည့်ပါအုံးနော်။


သတိတရား
အမြဲထားဟု
ဘုရားဗုဒ္ဓ
ဆုံးမထားခဲ့။

ယခုချိန်ခါ
သာသနာဝယ်
ငါတို့ကြုံရ
ခဏတာတွင်
သတိယှဉ်၍
ရင်မှာတရား
အစဉ်ထားကာ
အေးငြိမ်းရာမှန်
မြတ်နိဗ္ဗာန်သို့
မြန်စွာရောက်ကြောင်း
တရားကောင်းကို
ကျင့်ကို ကျင့်ရပေလိမ့်မည်။
ချမ်းသာစစ်ကို ရှာရမည်။
အိုနာသေကို ရှောင်ခွာရည်။


25.12.2003
Labels: edit post
4 Responses
  1. ၁၉ နှစ်ကလက်ရာသာဆိုတယ်..။
    အတွေးက လေးလေးနက်နက်ရှိတယ်..လေးစားပါတယ်ဗျာ..။
    ...ခင်မင်သောအားဖြင့်..


  2. Anonymous Says:

    တကယ့်ကိုလေးနက်တဲ့ အတွေးလေးပါဘဲ
    ကောင်းတယ်ဗျာ
    အဆင်ပြေပျော်ရွှင်ပါစေ


  3. ညီက တောက်မဲ့ မီးခဲ တရဲရဲဆိုသလိုဘဲ။ ၁၉ နှစ်အရွယ်က ကဗျာလေးဟာ အရမ်းကို ရင့်ကျက်လွန်းလှပါတယ်။ ဂုဏ်ယူပါတယ် ညီ။


  4. may16 Says:

    ကိုထင်လင်းအောင်
    ကဗျာလေးက တကယ်ကို အနှစ်သာရပြည့်ဝပါတယ်..