ရေးသားသူ ထင်လင်းအောင်
*ဘ၀မှာ ကုသိုလ်ကောင်းမှုလုပ်ခြင်းရယ်၊ရိုးသားမှုရယ်၊ကြိုးစားမှုရယ်ရှိနေရင် ကံကောင်းခြင်း
လက်ဆောင်တွေ ရလာမှာပါ။

*ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာ၊ကိုယ့်ကို ကူညီတဲ့သူတွေကို မေ့လို့မဖြစ်ဘူး။အမြဲတမ်းဦးထိပ်ထား
နေရမယ်။

*မြတ်စွာဘုရားရှင်ရဲ့ သားတော်အရှင်ရာဟုလာက တစ်နေ့တစ်နေ့မှာ သူတော်ကောင်းတွေဆီက
လက်တစ်ဆုပ်စာသဲပမာဆုံးမသွန်သင်စကားတွေရရင်ကောင်းမှာပဲ လို့ အကြံဖြစ်မိတယ်။

*ဘ၀အောင်မြင်မှုအတွက် အောင်မြင်သောသူ၊သူတော်ကောင်းသူတော်မြတ်တွေက ဘ၀အောင်မြင်
အောင် ဘယ်လိုနေထိုင်ရမယ်၊ဘယ်လိုကြိုးစားရမယ် လို့ ငါ့ကို နေ့တိုင်းဆုံးမသွန်သင်ကြရင်
ကောင်းမှာပဲ။

*လူတစ်ယောက်ကို သံယောဇဉ်နှောင်ဖွဲ့ တကယ်ချစ်ခဲ့မိရင် အဲဒီလူကို မေ့ပြစ်လိုက်ဖို့ဆိုတာ
တော်တော်ခက်လိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ အဲဒီလူဟာ ကိုယ့်အတွေး၊ကိုယ့်သွေးထဲမှာ
စီးဆင်းနေလို့ပေါ့။
8 Responses
  1. Welcome Says:

    လူမှုဆက်ဆံရေးနယ်ပယ်မှာ လူလူချင်း ဟန်ဆောင်မှု ကင်းတဲ့ စိတ်ရင်းအမှန်နဲ့ ပြောဆို ဆက်ဆံမယ်ဆိုရင် ကမ္ဘာကြီးဟာ အချိန်တိုင်း လှပ ပျော်ရွှင်နေမှာ အမှန်ပါ။
    ထားရှိတဲ့ အတွေးတွေကောင်းတယ်။ ရှိသင့်တယ်လို့ ထင်မြင် မိပါတယ်။

    ခင်မင်လျက်


  2. may16 Says:

    ကုသိုလ်ကောင်းမှုလုပ်ခြင်းရယ်၊ရိုးသားမှုရယ်၊ကြိုးစားမှုရယ်ရှိနေရင် ကံကောင်းခြင်း
    လက်ဆောင်တွေ ရလာမှာပါ။
    မှန်ပါတယ် ကိုထင်လင်းအောင်..... အဲလိုပဲကြိုးစားနေထိုင်နိုင်အောင် အမြဲကြိုးစားလျှက်ပါ မျှဝေပေးတာကျေးဇူးပါ..


  3. ညီလေးထင်လင်းအောင်ရေ..

    မုံရွာအဖွဲ့က ခင်တဲ့သူတော်တော်များတယ်ကွ..

    thihathit09@gmail.com ကို add ထားလိုက်ပေါ့..
    အဆင်ပြေရင် စကားပြောကြတာပေါ့ကွာ..


  4. သံယောဇဉ်ဖြစ်မိတာဟာ မေ့ပစ်ဖို့မှမဟုတ်တာ ညီရာ။ ဟုတ်တယ်မဟုတ်လား။ မေ့ပစ်ဖို့မတတ်နိုင်ရင် တွေ့ဖြစ်အောင်သာ ကြိုးစားပေတော့ ညီရေ့ ။


  5. ကောင်းလိုက်တာ
    မှတ်သွားတယ်


  6. Anonymous Says:

    လူတစ်ယောက်ကို သံယောဇဉ်နှောင်ဖွဲ့ တကယ်ချစ်ခဲ့မိရင် အဲဒီလူကို မေ့ပြစ်လိုက်ဖို့ဆိုတာ
    တော်တော်ခက်လိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ အဲဒီလူဟာ ကိုယ့်အတွေး၊ကိုယ့်သွေးထဲမှာ
    စီးဆင်းနေလို့ပေါ့။

    အဲဒါတော့တကယ်မှန်ပါပေတယ်ဗျ --


  7. Min Myat Soe Says:

    အရှင်ရာဟုလာရဲ. စကားကတော့ မှတ်သားဖွယ်ပါပဲဗျာ
    (ရဲကြီး)


  8. Anonymous Says:

    ဒါအမှန်တရားတွေပါပဲ.. ဆက်လက် အားပေးနေလျှက်ပါနော်...