ရေးသားသူ ထင်လင်းအောင်
ASP.NET ကို လေ့လာမယ်ဆိုတော့ ကျနော့်အကျင့်ကလည်း Ebook ကိုမဖတ်ချင်။Tutorials တွေပဲ လိုက်ပြီးဖတ်နေမိတယ်။Tutorials တွေက လည်းဖတ်ရတာကောင်းပါတယ်။အရင်ကတော့ html , css,
javascript, php တို့ကို နားလည်အောင်လုပ်မယ်ဆိုပြီး လေ့လာတုန်းကလည်း tutorials တွေကို
ဖတ်မိတာပဲ။web applications languages တွေကို လေ့လာမယ်ဆိုရင် ကျနော်ကတော့
w3schools ကို ဒိုးတော့တာပဲ။

w3schools မှာက သေသေချာချာ အခြေခံကျကျရှင်းလင်းထားတာကိုး။ဒါပေမယ့် အခု ASP.NET ကို
လေ့လာတော့မယ်ဆိုတော့ w3schools မှာလေ့လာရတာ သိပ်ပြီးအားမရဘူး။ဒါနဲ့ ထုံးစံအတိုင်း ဟိုရှာဒီရှာ Google မှာရှာ...တော့...
www.asp.net
www.functionx.com
ဒီနှစ်ခုကိုတော့ လောလောဆယ်အကြိုက်တွေ့မိတယ်။ဖတ်ရတာရှင်းတယ်။လေ့လာရတယ်လွယ်တယ်။
functionxမှာကတော့ အစုံပဲရှိတာ။ c++,c#,java, vb စတဲ့ programming languages တွေ Database ကိုလေ့လာချင်ရင်လည်း အိုကေပဲရှိတယ်။web application ပိုင်းကိုလေ့လာချင်တယ်ဆိုရင်လည်း အိုကေပဲ။asp.net ကိုလည်း ဖတ်ရတာ ကျွန်တော့်အဖို့တော့ အဆင်ပြေပါတယ်။ကဲ asp.net ကို လေ့လာပါပြီတဲ့။ကိုယ်ဘာတွေ သိထားရမလဲဆိုရင်... html,css,javascript ကို တော့ သိထားရမယ်။အဲဒါတွေ နားလည်မှ asp.net ကို လေ့လာရတာလွယ်မယ်။ ASP.net ကို run မယ်ဆိုရင်တော့ Visual Studio.Net 2005 နဲ့ run ရမယ်တဲ့။ note pad နဲ့လည်း ရေးလို့ရတယ်တဲ့။ဒါပေမယ့် ကျွန်တော့်ကတော့ Visual Studio.Net 2005 Dvd တစ်ချပ်ကိုပဲ ၀ယ်ပြီး install လုပ်လိုက်တယ်။Visual Studio.Net မှာ c# လည်း run လို့ရတယ်။Micorsoft SQL 2005 လည်းပါတယ်လေ။ASP.net ကိုလေ့လာပြီဆိုတော့လည်း asp.net က vb or c# နဲ့ ပေါင်းပြီးရေးရတာလေ။

အဲဒီတော့ c# or vb အခြေခံသဘောတရားတွေကို နားလည်ထားမှလည်း အဆင်ပြေမယ်။အဲဒီအတွက်လည်းမပူပါနဲ့ c# နဲ့ရေးချင်တယ်ဆိုရင်ဖြင့် c# အကြောင်းကို functionxမှာ လေ့လာလိုက်ပါလို့ တိုက်တွန်းပါရစေ။ အဆင်ပြေမှာပါလေ။ကဲ...သူငယ်ချင်းတို့ရေ...web application
ကို စိတ်ဝင်စားတယ်ဆိုရင်ဖြင့်...ကျွန်တော်နဲ့ ဒီဆိုက်လေးတွေမှာ အတူတူလေ့လာကြရအောင်ဗျာ။
ဒီဆိုက်လေးတွေဆိုတာ....
functionx
ASP
မမေ့နဲ့နော်.....:D
Labels: edit post
3 Responses
  1. ကိုထင်လင်းအောင်ရေ..

    ဆက်ရေးပါ အားပေးနေပါတယ်..
    ကျွန်တော်လည်း ဒီမှာ asp.net ကို C# နဲ့ ရေးရတာပါ။

    မုံရွာ က ဘယ်Batch ကလဲ ..
    ကျွန်တော့ အသိတွေ ရှိလို့ပါ..

    ကျွန်တော်ကတော့ မန်းလေး ကျောင်းကပါ..


  2. ကျောင်းတုန်းကတော့ vb.net နဲ့  တစ်ခုနှစ်ခုလုပ်ဖူးတယ်။ နောက်တော့ အလုပ်ထဲဝင်တော့တော့ ဘာမှ ဆက်မလုပ်ဖြစ်တော့ပါဘူး။ ဝါသနာတော့ ပါပါတယ်။


  3. "ASP.NETလေ့လာကြရာဝယ်..."

    လေ့လာသွားပါတယ်
    ပျော်ရွှင်ပါစေ