ရေးသားသူ ထင်လင်းအောင်

ကိုယ့်စိတ်ကိုမှ ကိုယ်ချမ်းသာအောင်
မထားတတ်သေးဘူးဆိုရင်
မိမိမှာ ဘာပညာမှ
မတတ်သေးဘူးလို့မှတ်ပါ။

အရှင်ဇနကာဘိဝံသ


အမှန်တရားရဲ့သဘာဝ၊
အမှန်တရားရဲ့တန်ဖိုးကို
နက်နက်နဲနဲသိပြီးတော့
ကိုယ့်သဘောနဲ့ကိုယ်
ရွေးချယ်ပြီးတော့
ကြိုးစားပြီးလုပ်သွားမယ်ဆိုရင်
လုပ်တဲ့နေ့ကပြီး
ကိုယ့်ဘ၀အရည်အသွေးတွေဟာ
မြင့်မားလာမယ်။

ဆရာတော်ဦးဇောတိက


ဒီကိစ္စ အကောင်အထည်ဖော်ဖို့၊
ဒီလို အသိဥာဏ်မျိုးရဖို့၊
ဒီလိုစိတ်ထားမျိုးရဖို့၊
ဒီလိုတာဝန်ကျေအောင်အောင်လုပ်ဖို့
အသက်ရှင်ရတယ်လို့ပြစရာ၊ပြောစရာ၊
လုပ်စရာ မရှိတဲ့သူဟာ
အသက်ရှင်နေလျက်ဘ၀သေနေမဲ့သူပဲ။

ဆရာတော်ဦးဇောတိက
0 Responses