ရေးသားသူ ထင်လင်းအောင်
မတွေ့ရတဲ့ရက်တွေမှာ
သတိရတဲ့အတွေးတွေကို
တွေးရင်း.....
ငါ မင်းကို လွမ်းတတ်ခဲ့ပြီ။
မင်း အကြည့်
မင်း မျက်ဝန်း
မင်းရဲ့ ရိုးသားမှုတွေကို
ငါ မြင်ယောင်ရင်း
အိပ်စက်ခဲ့တဲ့ ညတွေများခဲ့ပြီ။
ဘာကြောင့်ချစ်မိတယ်ဆိုတာ
အဖြေရှာမရပေမဲ့
သေချာတာက
ရိုးသားစွာ
ငါ မင်းကိုချစ်နေတာပါ.....ချစ်သူ။
Labels: edit post
0 Responses