ရေးသားသူ ထင်လင်းအောင်
php ကို စပြီးစိတ်ဝင်စားမိတာက mysteryzillion ထဲကိုဝင်ကြည့်လိုက်လို့ပါ။ php အကြောင်းတွေကို ကိုစေတန်တို့ , phpcrazy တို့, khumnk တို့ ရေးထားတဲ့ php အကြောင်းတွေကို ဖတ်မိလို့ပါ...

web developing ကို စိတ်ဝင်စားတဲ့အတွက် ကျနော်လေ့လာမိပါတယ်။ w3schools,
phpabout တို့ကိုလည်းဖတ်ပါတယ်...နားမလည်တာရှိရင် mz ကိုမေးတယ်....mz ကလည်း
ကျွန်တော်မေးသမျှဖြေပေးပါတယ်...w3schools ကphp ဖတ်ပြီးတော့ Mysql ကို
ဆက်ဖတ်တယ်...အဲဒီမှစပြီးခေါင်းရှုပ်တာပဲ php and Mysql database ဘယ်လို
ချိတ်ဆက်လဲ ဆိုတာ နားမလည်ဘူးဗျာ...

အဓိကနားမလည်တာက
//conect to server
mysql_connect("localhost","username","password")or die(mysql_error());

အဲဒီမှာ username ,password ကိုဘယ်လိုပေးမလဲဆိုတာ မသိဘူး....နောက်ဆုံးတော့
mz ကိုပဲမေးရတယ်...username and password ကို phpMyadmin မှာ ဆောက်လို့ရတယ်တဲ့...

click ->phpMyadmin->mysql(17)->Privilieges->Add a new user
ပြီးရင် User name,နေရာမှာ ကိုယ်ပေးချင်တဲ့ name ပေး၊ host နေရာမှာ localhost
Password ကိုယ်ကြိုက်တာပေးလို့ရတယ်။ပြီးတော့ ကျွန်တော်က Generate password ကို
ကလစ်ပြီးတော့ copy လုပ်တယ်။ပြီးရင် Global Privilieges ကို Check All လုပ်၊
ပြီးရင် Go ကို ကလစ်လိုက်....username and passwordကို တည်ဆောက်
လို့ပြီးပီဗျာ...

ဒါဆိုရင် php and sql ကို connect လုပ်လို့ရပြီ....

php လေ့လာလို့ကောင်းတဲ့ website တွေကို share ခဲ့အုံးမယ်...
http://php.about.com
http://www.phpeasystep.com
http://www.php.net
http://www.phpf1.com
အဲ w3schoolsကိုတော့ မပြောတော့ဘူးနော်...သိနေမယ်ထင်လို့...

သူငယ်ချင်းတွေအားလုံး အဆင်ပြေပါစေဗျာ...
Labels: edit post
0 Responses