ရေးသားသူ ထင်လင်းအောင်
ပူလောင်ပါတယ်ဆိုတဲ့ စကားလုံးထက် နက်ရှိုင်းတဲ့ စကားရှိရင် အဲဒီစကားလုံးကို ပဲပေးပါ ချစ်သူ.....။

ငါ့ရင်ထဲမှာ အရမ်းပူလောင်တာပဲ...။ပူလောင်လွန်းလို့ င့ါရင်ထဲမှာ ပုလဲခနေတယ်....သိရဲ့လားချစ်သူ...။
မုန်းလိုက်ပါ...မေ့လိုက်ပါ....အတွေးထဲကထုတ်ပစ်လိုက်ပါတဲ့လား...ချစ်သူ...။

ငါ...မင်းကို ဘယ်လိုမုန်းလို့ရမှာလဲ...။
ငါ...မင်းကို ဘယ်လိုမေ့လို့ရမှာလဲ...။
ငါ့ရင်ထဲမှာ...မင်းက အသည်းစွဲရှိနေတာ....ငါ...မင်းကို ဘယ်လို အတွေးထဲက ထုတ်ပစ်လို့ရမှာလဲ...။


ငါ...အမြင့်ဆုံး လသာဆောင်ကိုတက်ပြီး..."ည"ကို ကြည့်လိုက်တယ်...။အရင်တုန်းက လှတယ်လို့ ထင်ခဲ့
ရတဲ့၊ငါ့စိတ်ကို ကြည်နူးမှုတွေပေးတဲ့ "ည"ဟာ...ဒီနေ့ည....င့ါစိတ်ထဲမှာ ဘာမှမလှတော့ဘူး...။ဘာမှ
ငါ...မမြင်ရတော့ဘူး...။ငါ...ရူးနေပြီ...။ငါ့...စိတ်တွေပူလောင်နေပြီ...။

တွေ့ချင်မြင်ချင်ရဲ့သားနဲ့ မင်းဆီကို မသွားမိဖို့ ထိမ်းချုပ်ရတာမလွယ်ပါလား....။
ငါ...မင်းကို အရမ်းတွေ့ချင်တာပဲ....။

ဒါပေမယ့် င့ါရဲ့ အသိဥာဏ်က မင်းဆီကို မသွားမိဖို့ ငါ့ခြေထောက်တွေကို စည်းကမ်းထုပ်တင်းကြပ်ထားတယ်...။
ငါ့နှလုံးသား နဲ့ င့ါရဲ့ အသိဥာဏ်....။
မင်းကို တွေ့ချင်မြင်ချင်၊စကားပြောချင်နေတဲ့ ငါ့နှလုံးသား....။
စည်းကမ်းဘောင်တွေနဲ့ ထိမ်းချုပ်နေတဲ့ ငါ့ရဲ့ အသိဥာဏ်...ဒီနှစ်ခုကြားမှာ...ငါ...ဟာ...အလူးအလဲခံနေ
ရတဲ့...သူ...ဖြစ်နေပြီပေါ့...။


"သွားစမ်းပါ...လောကကြီးရယ်...နာကျင်မှုဝေဒနာတွေကို ငါ့ကို ဘာလို့လာပေးနေရတာလဲ..."
နာကျင်နေတဲ့ စိတ်က မဆီမဆိုင် လောကကြီးကို ပတ်ရမ်းပြစ်လိုက်တယ်...။


ငါ...ထိမ်းချုပ်မယ်လို့ ဆုံးဖြတ်ချက်ချထားရယ်သားနဲ့ င့ါ နှလုံးသားက လုံးဝထိမ်းလို့မရဘူး...။
ငါ...ထိုင်နေတဲ့ Cafe ဆိုင်က သီချင်းသံတွေနဲ့ ဆူညံလို့နေပါပေါ့...ဒါပေမယ့် ငါ့ရဲ့ နား...
အကြားအာရုံတွေကဘာသီချင်းတွေဖွင့်နေလဲဆိုတာတောင်မသိကြတော့ဘူး...ငါ့ရဲ့ စိတ်က မင်းဆီ...ဖုန်းဆက်ရမလားစဉ်းစားနေတယ်...။

"ငါ...မင်းကို စကားပြောချင်တယ်...။
ငါ...မင်းရဲ့ အသံကိုကြားချင်တယ်...။"ငါ့နှလုံးသားက စွဲလန်းစွာနဲ့ပြောနေကြတယ်...။

"မဆက်နဲ့....မဆက်ရဘူး..." ငါ့ရဲ့ အသိဥာဏ်က အမိန့်တွေပေးနေကြတယ်....။


နှလုံးသာနဲ့ အသိဥာဏ် အားပြိုင်နေကြရင်း....ငါ့ရဲ့ ခြေထောက်တွေက ဖုန်းရှိတဲ့ ဆီကို ရောက်ခဲ့ပြီ...။
ငါ့ရဲ့ လက်ချောင်းတွေက မင်းရဲ့ ဖုန်းနံပါတ်တွေကို အမြန်နှိပ်နေကြပြီ....။

"-------------"

"-------------"

မင်းအသံကို နားထောင်ရင်း....ငါ...ထပ်ပြောချင်တယ်...ချစ်တယ်ဆိုတဲ့စကား....တော်ပါပြီ...
ထပ်မပြောချင်တော့ပါဘု...ထပ်ပြောနေရင်လည်း...Hurt ဖြစ်စေမယ့် စကားထပ်ကြားရအုံးမှာပဲ...။

တော်ပါပြီ...တော်ပါပြီ....။

ငါတစ်ခါမှ မတွေးမိဘူး....လူတစ်ယောက်ကို အသည်းစွဲ ချစ်မိခြင်းရဲ့ ရလဒ်ဟာ...ပူလောင်ခြင်းတဲ့လား...
ချစ်သူ...။


ငါ...မင်းကို ချစ်ခဲ့မိလို့ နာကျင်ပူလောင်ခြင်းတွေ ဒီ့ထက်မကခံရအုံးမယ်ဆိုရင်လည်း ခံရပါစေတော့...။

ဒါပေမယ့် ငါ့ရဲ့ ပူလောင်ခြင်းတွေကို မင်းရဲ့ အေးမြတဲ့ ချစ်မေတ္တာနဲ့ မင်းက ငြိမ်းသက်ပေးမလား...င့ါရဲ့
နှလုံးသားကတော့ မျှော်လင့်တကြီး စောင့်မျှော်နေလေရဲ့...။

မင်းက မငြိမ်းသက်ပေးနိုင်ဘူးဆိုရင်လည်း...ငါ့ထိုက်နဲ့ ငါ့ကံ ဖြစ်ပါစေတော့....။
ဒါပေမယ့် တစ်ခုတော့ သေသေချာချာလေး နားလည်အောင် နားထောင်ပေးလိုက်ပါနော်....။
ငါ့နှလုံးသားက မင်း ကို အထပ်ထပ်ပြောနေတဲ့ စကားလေးကို....။
"ငါ...မင်းကို သိပ်ချစ်တာပဲ..."
Labels: edit post
11 Responses
  1. ထင်လင်းအောင်လေးရေ
    "အသည်းကွဲ ည"
    ရသ လေးလာဖတ်ပါတယ်
    မအားလွန်းတာနဲ့မရောက်တာကြာလှပေါ့
    ခင်မင်သတိရလျက်ပါ


  2. mikozan Says:

    ပြောသားပဲ

    ကျနော်နဲ့ မပေါင်းနဲ့လို့

    ခုတော့ ကူးပီ လေ

    အသဲကွဲတဲ့ရောဂါးP


  3. khin oo may Says:

    အသည်းကွဲနေပြီလား။


  4. ညီလေးထင်လင်းအောင်ရေ

    အသည်းကွဲညလေး ဖတ်သွားပြီ
    အမြန်ပျောက်ပါစေကွာ

    ခင်မင်စွာဖြင့်
    သီဟသစ်


  5. su wai Says:

    ပူလောင်စူးရှ
    အသည်းကွဲ ည..
    ချစ်သူ့မေတ္တာ
    အေးမြမြနဲ့
    ခံစားမှုတွေ
    လျော့ပါးပါစေ...။


    ခင်တဲ့
    ဆုဝေ


  6. အသဲက ကွဲတော့မပေါ့ မာတာကိုး ကျတော့ကွဲတာပေါ့ ပျော့ရင်ကွဲဝူး ဘယ်လောက်ကျကျ အဟိ။ မြန်မြန်အစဉ်ပြေပါစေဗျာ။
    ခင်မင်လေးစားလျှက်
    ညီမလေးပါးလုံး


  7. Lu Pyo Gyi Says:

    ကွဲတော့လည်း ပြဿနာမရှိပါဘူး မှတ်သားစရာ စကားများရှိသားပဲဟာ One go, Two come, Three ready, Four Waiting လို့ဆိုတာပဲဟာ :P


  8. ညီရေ...
    ပေါက်ကွဲနေပြန်ပြီလား။ အသဲတွေ အထပ်ထပ်ကွဲနေရင် နောက်ထပ်ကွဲဖို့ အသဲမရှိဘဲ ဖြစ်နေဦးမယ်နော။

    အကိုပြောခဲ့တဲ့စကားကို မှတ်မိတယ်မဟုတ်လား။
    .......
    ........

    တစ်ခုတော့ရှိပါတယ်။
    အသဲကွဲတာ ဘလော့ဂါတွေအတွက်တော့ အခွင့်အရေးတစ်မျိုးပါဘဲ။ စာကောင်းကောင်းချရေးဖြစ်တာပေါ့။


  9. တော်တော်ခံစားနေရလားဟင် အသဲဆိုတာကွဲမှလဲကောင်းပါတယ် နောက်ဆို ခံနိုင်ရည်ရှိသွားတာပေါ့နော် စိတ်တော့မဆိုးရဘူးနော် အသဲကွဲတော့ အချစ်ရဲ့ အရသာကို ခံစားမိသွားရော အချစ်မှာ အရသာမျိုးစုံရှိတယ် ခံစားဖူးမှ သိတာမို့ ခုလိုခံစားရတော့ သိသွားတာပေါ့ ဟုတ်ဘူးလား နောက်ဆို မကွဲတော့ဘူးနော် ဟုတ်လား ........အားပေးနေမယ်နော် အက်ထားတယ်သိလား


  10. mgnge Says:

    ရသ လေး လာအားပေးသွားပါတယ်..
    အသည်းတော့ တကယ်မကွဲလောက်ဘူး ထင်တယ်နော် ပါတနာ..။


  11. Unknown Says:

    a ko,

    Take care of your heart lay...

    It's important for your life nor..

    အသည်းကွဲရင် ကော်ရည်သောက် ရ တယ် တဲ.
    ဆရာမ တစ်ယောက်ပြော တာ ကြား ဖူးတယ်..
    ညီမ ကော်ရည် လိုက်တိုက်ရမလား...

    :P