ရေးသားသူ ထင်လင်းအောင်
ကျွန်တော့်ကို အကိုတစ်ယောက်လိုခင်ရတဲ့ ကိုကိုမောင်က ၀ါသနာကို အရင်းခံ၍ဆိုတဲ့ ခေါင်းစဉ်နဲ့ Tag ထားတာကြာပါပြီ...။အကြောင်းကြောင်းကြောင့်ကျွန်တော် မရေးဖြစ်ခဲ့ပါဘူး...။အကို ခွင့်လွှတ်ပါအကို...။ ကျွန်တော်အခုရေးလိုက်ပြီနော်...။ :D...။အမနှင်းဆီနက်ရယ်...ညီမလိပ်ပြာလေးတို့ကလည်း
ကျွန်တော်ဝါသနာပါသည် ခေါင်းစဉ်လေးနဲ့ Tag ကြပါတယ်..။အဲဒါတွေကိုပေါင်းပြီး အခု ကျွန်တော်က
ကျွန်တော်နှစ်သက်မိတဲ့ ခေါင်းစဉ်လေးနဲ့ ရေးလိုက်ပါတယ်...။
*********
ကျွန်တော် ၃တန်း ၄တန်း အရွယ်တုန်းက ဘောလုံးကို ထမင်းမေ့ဟင်းမေ့ကန်တာ…။မှတ်မိနေ ပါသေး
တယ်..။အမေကြီးက ကျွန်တော်ဘောလုံးကန်နေတုံး….”ဖိုးသားရေ….ထမင်းစားလာ လှည့် ”ဟု
အော်ခေါ်မှ ကျွန်တော်က ဘောလုံးကန်ရပ်တာ…။၉ တန်းလောက်ထိ ဘောလုံး ကို ၀ါသနာကြီးစွာ
ကန်တုံး…။၇ တန်း ၈ တန်း လောက်ကျတော့ ကျောင်းစာကြည့်တိုက်ထဲကို ကျွန်တော်
ရစ်ဝဲစပြုနေပြီ….။စာအုပ်တွေကို စိတ်ဝင်တစားဖတ်စပြုနေပြီ…။စာစီစာကုံး ပြိုင်ပွဲ တွေကို လည်း
ဝင်ပြိုင်နေပြီ…။ အဖေ့ရဲ့ စာအုပ်စင်က စာအုပ်တွေကို လည်းကောင်းကောင်း မွှေပြီး… ဖတ်နေပြီ…. ဗျ…။ရွှေတောင်တိုက်ပွဲ…..စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲများအကြောင်းကို စိတ်ဝင်စားစွာဖတ်တယ်..။
၁၀တန်းဖြေပြီးတော့ ကျွန်တော် အိမ်မှာအားနေတယ်…။ဘာသင်တန်းမှလည်း မတက်ဘူးလေ…။
အဲဒီအချိန်မှာ ကျွန်တော့် ညီလေးက ကဗျာစွယ်စုံကျမ်းစာအုပ်တစ်အုပ် ရှာ ၀ယ်လာတယ်…။အဲဒီအထဲမှာ
ကဗျာစပ်နည်း အကုန်ပါတယ်ဗျ..။ကဗျာစပ်နည်းတွေကို ဖတ်ပြီး ကျွန်တော် ကဗျာလေးတွေ
စပ်ကြည့်တယ်…။လေးလုံးစပ်ကဗျာလေးတွေပါ…အများ အားဖြင့်…။ကဗျာရေးတတ်ချင်လာတယ်…။
ကဗျာရေးတတ်ချင်ရင်..ကဗျာများများဖတ်ဆိုလို့.. ကဗျာစာအုပ်တွေလိုက်ဖတ်ပါတယ်…။
ဆရာဇော်ဂျီရဲ့ ကဗျာတွေ…ကဗျာဆရာကြီး ဒေါက်တာထီလာစစ်သူရဲ့ မဲခေါင်မြစ်မှ အိုရွက်ဝါ
ဆိုတဲ့ ကဗျာစာအုပ်တွေ…မြင်းမူမောင်နိုင်မိုး ရဲ့ နွေမိုးဖျန်းပက် ပန်းတစ်ခက်ကဗျာများ …ဆိုတဲ့
စာအုပ်တွေဖတ်တယ်….။ကဗျာ လေးတွေရေး တယ်။ကဗျာလေးတွေ တစ်ပုဒ်ပြီးတစ်ပုဒ်
ရေးကျင့်ခဲ့တယ်…။ဒါပေမယ့် ကဗျာရေး ခြင်းဟာ ကျွန်တော် ကွန်ပျူတာတက္ကသိုလ်
ဒုတိယနှစ်လောက်မှာ အဆုံးသတ်သွားသလိုဖြစ် ခဲ့တယ်…။အကြောင်းကြောင်းကြောင့်
ကျွန်တော် ကဗျာတွေသိပ်ပြီးမရေးဖြစ်တော့ဘူး…။
ကွန်ပျူတာတက္ကသိုလ်ဆိုတဲ့ ကျောင်းကြီးရောက်တော့ ကျွန်တော့်ရဲ့ ၀ါသနာတွေတိုးလာ တယ်။
computer သုံးတာရယ်…၊Egnlish စာဝါသနာပါတာရယ်…တရားထိုင်တာရယ်.. ဂစ်တာတီးတာရယ်…။
ကွန်ပျူတာကျောင်းသားဆိုတော့ ကွန်ပျူတာကို စွဲစွဲမြဲမြဲဝါသနာပါတာဆန်းမယ်မထင်ပါဘူး..။
Eglish ၀ါသနာပါတာကတော့ ကျွန်တော်နဲ့က အတူတူတစ်ဆောင်ထဲနေတဲ့ Senior အကို ကြီး
တစ်ယောက်ကြောင့်ပါ…။သူက အင်္ဂလိပ်စာအုပ်တွေ အမြဲတမ်းဖတ်တယ်….။Oxford Learners
Pocket Dictionary စာအုပ်ကို အမြဲဆောင်ထားပြီး….အချိန်အားတိုင်းဖတ်တယ်…။ Speaking လည်းကျင့်တာပဲ…။ကျွန်တော်လည်း သူ့ကို အားကျပြီး…Oxford Pocket လေးတစ်အုပ်ဝယ်ပြီး
ဖတ်တယ်…။English-to-English ဆိုတော့ စဖတ်ခါစကဆို ရွာလည်နေ တာပဲ…။နောက်ပိုင်းမှ…
used to ဖြစ်သွားတယ်…။English အရမ်းကျွမ်းကျင်ချင်လာတယ်…။English ကျွမ်းကျင်ချင်ရင်တဲ့…
Grammar စာအုပ်ရယ်… Dictionary ကောင်းကောင်းတစ်အုပ်ရယ်..Idioms စာအုပ်တစ်အုပ်ရယ် ကို
ဖိုကနောက်လုပ်ပြီး လေ့လာရမယ်တဲ့…။ ကျနော်အဲဒီအတိုင်း လေ့လာခဲ့ပါတယ်…။ဒါပေမယ့် ခုထိ
Speaking နဲ့ Listening ကို တော့ self-confidence မဖြစ်သေးဘူး…။
ကျွန်တော် ကျွန်တော်ကွန်ပျူတာတက္ကသိုလ်ဒုတိယနှစ်ရောက်တော့
စာအုပ်တွေအစုံနီးပါးဖတ်ဖြစ်ခဲ့တယ်။ဝတ္ထုတို၊၀တ္ထုရှည်၊ဘာသာပြန်စာအုပ်တွေ...၊ဗုဒ္ဓဘာသာနဲ့ပါတ်သက်တဲ့
စာအုပ်တွေ...။အရှင်ဆန္ဒာဓိကရေးတဲ့ တရားစာအုပ်တွေ...၊ ဆရာတော်ဦးဇောတိကရေးတဲ့စာအုပ်တွေ
တော်တော်များများ ဖတ်ခဲ့တယ်...။တရားစာအုပ်တွေဖတ်ပြီးတော့ ကိုယ်တိုင်လက်တွေ့သိချင်
လာတယ်...။ငြိမ်းချမ်းမှုကို...ငြိမ်းအေးမှုကို....။ကျွန်တော် တရားထိုင်ကြည့်တယ်...။
ဆရာမပါပဲ တရားအားထုပ်ခြင်းဟာ သိပ်ပြီးမထိ ရောက်ပါဘူး..။ကျွန်တော်နားလည်လိုက်ပါတယ်...။
တရားအားထုပ်ခြင်းဟာ ကိုယ့်ကို Guide လုပ်ပေးမယ့် ကမ္မဌာနာစရိယရှိမှ ဖြစ်မယ်လို့ပေါ့..။
ဒါကြောင့်မို့.. သင်္ကြန်တွင်းကျေင်းပိတ်ရက်မှာ.. သူငယ်ချင်းတွေနဲ့ အတူတူ... မုံရွာလယ်တီ(၇)ရက်တရားစခန်းဝင်ခဲ့တယ်။တရားစခန်းမှာ တရားစခန်းမှာ ရုပ်နာမ်ဖြစ်ပျက်တို့ကို
သေသေချာချာထင်းထင်းလင်းလင်း မြင်အောင် အားမထုပ်နိုင်ခဲ့ပေမယ့်.... ငြိမ်းချမ်းမှုကို
နားလည်ခဲ့တယ်...။ ငြိမ်းအေးမှုတွေရခဲ့တယ်...။အာနာပါနနုဿတိကို ဘယ်လိုရှုရတယ်
ဆိုတာ ကိုသဘောပေါက်ခဲ့တယ်...။ဝေဒနာဘယ်လိုခွာရမယ်ဆိုတာကိုလည်း နားလည်ခဲ့တယ်....။
တရားစခန်းက ထွက်ခါစကတော့ တရားနေ့တိုင်းနီးပါး ထိုင်ခဲ့တယ်...။ ဒါပေမယ့် လူငယ်
တစ်ယောက်ဆိုတော့ အာရုံတွေထဲမှာမျောသွားပြီး... အထိုင်ကျဲကျဲလာခဲ့တယ်...။အခုတော့
တရားတစ်ခါထိုင်ဖို့ကို မနဲ ကြိုးစားနေရတယ်...။ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့်
"ငါ မသေခင်မှာ တစ်နေ့မှာ ရုပ်နာမ်ဖြစ်ပျက်တို့ကို သေချာမြင်အောင် အားထုပ်မယ်လို့ "ဆုံးဖြတ်
ချက်ချထားပါတယ်...။
ကွန်ပျူတာတက္ကသိုလ် တတိယနှစ်မှာတော့ ၀ါသနာတစ်ခုတိုးလာခဲ့တယ်...။ဂစ်တာတီးတာလေ...။
ကျွန်တော်နေတဲ့အဆောင်မှာ ဂစ်တာ ၂လက်ရောက်လာတယ်လေ..။ကျွန်တော့်သူငယ်ချင်းတွေ
ဂစ်တာတီးတာတွေကို မြင်တော့ ကျွန်တော်ဂစ်တာတီးတတ်ချင်လာတယ်...။ဒါကြောင့်မို့ ဂစ်တာတီးကျင့်ခဲ့တယ်...။သီချင်းလေးတွေဆိုကြည့်ခဲ့တယ်...။လသာသာမှာ ဂစ်တာလေးတစ်လက်နဲ့
သီချင်းဆိုတာဟာ အရမ်းကောင်းတဲ့ feel တစ်ခုအဖြစ်ကျွန်တော်ခံစားတတ်လာခဲ့တယ်... ။
သီချင်းအေးအေးလေးတွေ ဆိုပြီးတော့ပေါ့....။အခုတော့ လသာသာမှာ ဂစ်တာမတီးဖြစ်ခဲ့တာ
အတော်ကြာနေပါပြီ။
ကျွန်တော်အခုအချိန်ထိ စွဲစွဲမြဲမြဲလုပ်ဖြစ်နေတဲ့ဝါသနာတွေကတော့ စာေ၇းခြင်း၊စာဖတ်ခြင်းတွေပါ။
ကျွန်တော် တစ်ခုခုကို ခံစားရတဲ့အခါ၊ကျွန်တော့်အတွေးထဲမှာ အတွေးလေးတွေ သဘာဝအလျောက်
စီးဆင်းလာတဲ့အခါတိုင်း ကျွန်တော်စာရေးပါတယ်...။နောက်တစ်ခုစွဲစွဲမြဲမြဲလုပ်ဖြစ်တာက... ကွန်ပျူတာကိုနေ့တိုင်းနီးပါးသုံးပြီး...ကျွန်တော်ဖြစ်ချင်တဲ့ Developer တစ်ယောက်ဖြစ်အောင်
IT နည်းပညာတွေကို လေ့လာနေရင်း...ဘ၀ဆိုတဲ့ ခရီးလမ်းကို လျှောက်လှမ်းနေပါတယ်.....။
*********
ကဲ...tag လိုက်အုံးမယ်ဗျာ...။တစ်ခါမှ မ tag ဘူးသေးဘူး...။
၁။ကိုရဲကြီး
၂။ဇော်
၃။ကိုဒီဘီ
၎။ကိုပီဇီ
၅။ကိုလူပျိုကြီး
၆။ကိုကြီးmikozan
၇။သမီးပျို
၈။ကဗျာဦး
၉။ေ၇ွှလမ်းငွေလမ်းဝင်းကြည်
၁၀။ဂျေဂျူဝိုင်
၁၁။အမသက်ဇင်
၁၂။မောင်ပြုံး
ရေးပေးကြအုံးနော်.... :D။
Labels: edit post
14 Responses
  1. s Says:
    နံပါတ် (၁) အရင်ရောက်ပါသည်။
  2. s Says:
    အစ်ကိုရဲ့ဝါသနာလေးတွေကရှယ်ပဲ၊ အရေအသားကလည်းသေသပ်ပါ့၊ တော်တော်ကောင်းတယ်ဝါသနာလေးတွေက၊ ရေးပေးတာကျေးဇူးပဲနော်။
  3. may16 Says:
    ကိုထင်လင်းအောင်ရဲ့ဝါသနာများ ကို လာဖတ်ပါတယ်...
  4. အကျိုးရှိတဲ့ ၀ါသနာတွေတော်တော်များတာပဲ
    နေ့အိပ်မက်
  5. လသာသာမှာ ဂစ်တာလေးတစ်လက်နဲ့
    သီချင်းဆိုတာဟာ အရမ်းကောင်းတဲ့ feel တစ်ခုအဖြစ်ကျွန်တော်ခံစားတတ်လာခဲ့တယ်... ။
    ထင်လင်းအောင်လေးရေ
    အဲဒီအပုဒ်လေးဖတ်မိတော့ဆွေးဆွေးလေးခံစားမိတယ်
    တပ်တဲ့အတွက်ဝမ်းသာကျေးဇူးတင်ပါတယ်
    အစ်မက အင်မတန်အလုပ်များနေတယ်ကွယ်
    ပိုစ့်အသစ်တောင်မရေးနိုင်ဘူး
    နောက်တော့ရေးပေးမယ်နော်
    ခင်မင်လျက်
  6. ညီရေ... ညီက ဘက်စုံအောင် တော်လာတဲ့ သူတစ်ယောက် သေချာပေါက် ဖြစ်လာမှာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာသာရေးကို သတိရတယ်။ ဦးထိပ်ထားတယ်။ တရားသဘောတွေကို နားလည်တယ်။ ညီ့ရဲ့ အနာဂါတ် သာယာလှပလာမယ်ဆိုတာ အကို လုံးဝဥဿုံ ယုံကြည်ပါတယ် ညီ။
    ဆက်လက်ချီတက်ပါ။
  7. Min Myat Soe Says:
    ရေးပါ့မယ် အကိုရေ အခုမှသိလို့ နောက်များကျနေလားမသိ တနင်္ဂနွေ တင်လိုက်မယ်နော်
  8. Min Myat Soe Says:
    ရေးပါ့မယ် အကိုရေ အခုမှသိလို့ နောက်များကျနေလားမသိ တနင်္ဂနွေ တင်လိုက်မယ်နော် (ရဲကြီး)
  9. ထပ်လာဖတ်တယ်နော်
    ခင်မင်လျက်
  10. ဇော် Says:
    ကိုလင်းရ
    ကျနော့်ကို တက်ဂ်ထားတာများလား။ သေချာအောင်
    အိမ်မှာဖြစ်ဖြစ် မေးလ်မှာဖြစ်ဖြစ် ပြောခဲ့ပါဦးဗျ။ အဟဲ။
  11. mgnge Says:
    Developer တစ်ယောက်ဖြစ်လာရင် ငါ့လည်းမမေ့နဲ့ နော်
    ဟီးး
  12. MrDBA Says:
    ရေးပေးမယ်နော့ ..ခဏစောင့်ပါဦး။ ဘာဒွေဝါသနာပါလဲ ပြန်စဉ်းစားနေတယ်။ ဟီးဟီး။
  13. may kyaw Says:
  14. Unknown Says:
    Vivoကဝန်ထမ်းပါဗျာ အခုကျနော်တို့vivoကုဗ္ပဏီကနှစ်ကူးသင်္ကြန်အတွက် vivoဆောင်ပုဒ်တစ်ခုစပ်ခိုင်းတယ်ဗျာ ကူညီပါဦး ကျနော့်ဖုန်းနံပါတ်ပါ 09977400246 အခုလတ်ရှိcommentပေးထားတဲ့အစ်ကိုအစ်မတွေလည်းကူညီပါဦ