ရေးသားသူ ထင်လင်းအောင်
ဒီနေ့ ဇွန်လ(၂၉) ရက်နေ့ဟာ.... ကျွန်တော့်ရဲ့ ၂၄ နှစ်ပြည့်မွေးနေ့လေးပါ....ဒါကြောင့်မို့
ကျွန်တော့် သူငယ်ချင်းတွေ ၊ကျွန်တော့် Blog လေးကို လာလည်ဖတ်ကြတဲ့ သူငယ်ချင်း၊အကို၊
အမတွေကို မွေးနေ့လက်ဆောင်ပေးလိုက်ချင်ပါတယ်....။ဘ၀အတွက် အရမ်းကောင်းမွန်တဲ့ အတွေးလက်ဆောင်လေးတွေပေါ့။သူငယ်ချင်းတွေအားလုံး ဒီစကားလုံးလေးတွေကို ဖတ်ပြီး အသက်တွေတဖြည်းဖြည်းကြီး လာတာနဲ့အမျှ အတွေးအခေါ်အသိဥာဏ်တွေ ရင့်ကျက်နိုင်ပါ
စေလို့ ဆုမွန်တောင်းလျက်.....။

ဆရာတော်ဦးဇောတိကရဲ့ ဆုံးမစကားလေးများ

၁။ငါ လူဖြစ်နေတာ လောကကို လှပတာတွေပေးဖို့ပါ။

၂။ဘ၀ဆိုတာ စွန့်စားခန်းပါ၊မစွန့်စားရင် ဘ၀မရှိဘူး...။

၃။ကိုယ့်အမှားကို အမှားပါလို့ လက်ခံပြီး ပြင်ရဲတဲ့ သတ္တိဟာ အကြီးမားဆုံး သတ္တိဖြစ်ပါတယ်။

၎။ကိုယ်ကြောက်နေတဲ့ အရာက ကိုယ့်ကို အနိုင်ယူထားတယ်။

၅။ကိုယ့် အဆင့်အတန်းကို နှိမ့်တဲ့သူဟာ ကိုယ့်ကိုယ်ကို ရက်စက်တဲ့သူပဲ။

၆။သိပြီးတော့ မလုပ်လို့ရှိရင် မသိသေးလို့ပဲ။

၇။အကောင်းဆုံးအမြင့်ဆုံး အ၇ည်အသွေးတွေကို အများဆုံးထွက်ပေါ်လာအောင် လုပ်နေရတာ
ကြိုးစားတာဟာ ဘ၀မှာ ပျော်စရာအကောင်းဆုံးပဲ။

၈။ငါ့ကို ဒုက္ခပေးတဲ့သူကို ငါ ခွင့်လွှတ်လိုက်တယ်...။
အဲဒါအကောင်းဆုံးနည်းနဲ့ လက်စားချေလိုက်တာပါ...။

၉။ကိုယ့်စိတ်ကို ကိုယ့်မိတ်ဆွေဖြစ်အောင် လုပ်နိုင်ပြီဆိုရင် အဲဒီလူမှာ အင်မတန်မြင့်မားတဲ့ စိတ်ဓာတ်
ရည်သွေးတွေ ရှိလာလိမ့်မယ်။

၁၀။စိတ်ရှင်းရင် ဘ၀ရှင်းပါတယ်။အသိဥာဏ်လည်း ရှင်းပါတယ်။စိတ်မရှင်းရင် ဘ၀လည်းမရှင်းဘူး။
အသိဥာဏ်လည်းမရှင်းဘူး။ဘ၀ဆိုတာ စိတ်နဲ့ တန်သလိုဖြစ်တာပါ။

၁၁။သေခြင်းတရားကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သွားနိုင်မှသာ လူ့ဘ၀ကို အောင်အောင်မြင်မြင်နေသွား
တဲ့လူလို့ ဆိုနိုင်မယ်။

၁၂။ကိုယ့်ဟာကိုယ် အေးချမ်းအောင်နေလိုက်ခြင်းသည်ပင်လျှင် လောကကြီးကို အများကြီး အကျိုးပြုရာ
ရောက်ပြီ။

၁၃။သတိဆိုတာ အလှတရားတစ်မျိုးဖြစ်တယ်။သတိဟာ စိတ်ကို အလှဆင်ပေးတယ်။

၁၄။အလှအပကို သိမ်သိမ်မွေ့မွေ့ခံစားတတ်လာရင် ဘ၀ဟာပိုပြီး အဓိပ္ပါယ်ရှိတယ်လို့ ခံစားရလိမ့်မယ်။

၁၅။စိတ်ချမ်းသာမှုရဲ့ လျှို့ဝှက်ချက်ဟာ လိုချင်စိတ်မရှိပဲ တအံ့တသြမြတ်မြတ်နိုးနိုး တန်ဖိုးထားတတ်တာ
ချစ်တာပဲဖြစ်တယ်။

၁၆။တိတ်ဆိတ်နေခြင်း အေးချမ်းနေခြင်း ငြိမ်သက်နေခြင်းဟာ လှပခြင်းရဲ့ အနှစ်သာရတစ်ခုဖြစ်ပါတယ်။

၁၇။အမှန်တရားဟာ လှပတယ်။အမှန်တရားကို ကိုးကွယ်တယ်လို့ ဆိုရင် အလှအပကို ကိုးကွယ်တယ်လို့
ဆိုရမယ်။

၁၈။အမှန်တရားနဲ့ အလှအပကို မြတ်မြတ်နိုးနိုး ငါရှာဖွေနေတယ်။


၁၉။ဒုက္ခကနေလွတ်ချင်ရင်တော့ လွတ်အောင်လုပ်ပေးနိုင်တဲ့ အသိဥာဏ်ကို ရမှဖြစ်မယ်။


၂၀။ချီးမွှမ်းတယ်၊ကဲ့ရဲ့တယ်ဆိုတာ သူတစ်ပါးစိတ်ထဲမှာ ခဏလေးဖြစ်သွားတဲ့ အတွေးလေးတစ်ခုပါ။


၂၁။သူတစ်ပါးအတွက် လောကကို လှပအောင် လုပ်ပေးနိုင်သလောက် သင့်လောကလည်း အစဉ်အမြဲ လှပပါစေ။


ဒီစကားလေးတွေကတော့ ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ တရားစကားလေးတွေပါ။

၂၂။သံသရာတစ်လျှောက် ကိလေသာတိုးပွားကြောင်း ဘေးပေါင်းခတဲ့မျက်ရည်တွေပဲ အကျများခဲ့ပါတယ်၊
သောကတစ်မျိုးတစ်မျိုးကြောင့် ကျခဲ့ရတဲ့မကျရည်တွေကိုက သမုဒ္ဒရာလေးဆင်းမကတော့ပါဘူး။
ကိလေသာငြိမ်းအေးကြောင်း ဆေးပေါင်းခတဲ့မျက်ရည် ဘယ်နှစက်များကျခဲ့ဘူးပါသလဲ။

၂၃။ရွှံ့နွံကြားမှာ ပေါက်ဖွားပေမယ့် ရွှံ့နွံနဲ့ မလိမ်းကျံ၊မကပ်ငြိတဲ့ ကြာကို သူတော်ကောင်းတိုင်း
အတုယူသင့်ပါတယ်။လောကဓံရွှံ့နွံတွေ၊ကာမဂုဏ်ရွှံ့နွံတွေ ကိလေသာရွှံ့နွံတွေကြားမှာ
ပေါက်ဖွားကြီးပြင်းလာပေမယ့် အဲဒီရွှံ့နွံတွေနဲ့ မလိမ်းကျံမကပ်ငြိတဲ့ ပုဂ္ဂိုလ်ဟာ သန့်စင်မွန်မြတ်တဲ့
ကြာလိုလူအစစ်ပါပဲ။

၂၄။မသိတဲ့သူရဲ့ အမှားကို သိတဲ့သူက သည်းခံခွင့်လွှတ်ရပါမယ်။မသိလို့ မှားတာကို
သည်းခံခွင့်လွှတ်နိုင်စွမ်းမရှိဘူးဆိုရင် ကိုယ်လည်း မသိတဲ့သူ စာရင်းထဲဝင်သွားပါလိ့မ်မယ်။
8 Responses
  1. Unknown Says:

    Hello , happy birthday friend!!!
    Thanks for ur present, it is precious for all.


  2. su wai Says:

    မွေးနေ့မှာ သူငယ်ချင်းတွေအတွက် တန်ဖိုးရှိတဲ့ စကားလက်ဆောင်လေးတွေ ပြန်ပေးတဲ့ စိတ်ထားလေးကို အရမ်းလေးစားတယ် သူငယ်ချင်းရေ..

    ပျော်ရွှင်ပါစေ ဆိုတာထက် ပိုတဲ့ စိတ်ရဲ့ငြိမ်းချမ်းမှုကို ရှာဖွေပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးသွားတယ်နော်!

    ခင်တဲ့
    ဆုဝေ


  3. ဇော် Says:

    ဟက်ပီးဘက်သ်ဒေးးး ဗျိုးးးးးးးးးးးး
    ကိုလင်းရေ...... မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ။
    ဦးဇောတိကရဲ့ အဆုံးအမတွေနဲ့ ကျက်သရေရှိတဲ့ မွေးနေ့လေးပါပဲနော်။
    မွေးနေ့မှသည် တစ်နှစ်ပတ်လုံး စိတ်ချမ်းသာရပါစေဗျာ။ =)


  4. s Says:

    အေးချမ်းမွန်မြတ်တဲ့ မွေးနေ့ပွဲလေးကို တက်ရောက်ခဲ့ပါတယ်ရှင်၊ အစ်ကိုရဲ့ အသက် ၂၄နှစ်မွေ့နေကစပြီး ရှေ့ဆက် အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပြီး လိုအင်ဆန္ဒတွေပြည့်ဝပါစေလို့ဆုတောင်းပေးခဲ့ပါတယ်။


  5. ညီရေ.. မွေးနေ့မှာ ပျော်ရွှင်ပါစေ။
    ၂၄ နှစ်ပြည့်မွေးနေ့မှသည် နှစ်ပေါင်းများစွာ လိုအင်တွေပြည့်ပါစေ။ တကယ်နှစ်သက်တဲ့သူနှင့်လက်တွဲနိုင်ပါစေ။
    ကြည်နူးမှု ကျေနပ်မှုတွေ စည်ပင်ပါစေ။
    စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြစ်ပါစေ။

    Happy Birthday to you, my brother!!!!


  6. ပျောရွှင်သော မွေးနေ့လေး ဖြစ်ပါစေ၊ မွေးနေ့လက်ဆောင် လာယူသွားပါတယ်


  7. mgnge Says:

    Happy birthday
    သူငယ်ချင်း .. ငါလက်ဆောင်မပို့တဲ့ အတွက်တော့ စိတ် မဆိုးနဲ့  ... ငါညက အင်တာနက်ပျက်သွားလို့ ဟ
    ဒီမနက် မှအကောင့်သစ်သွားထည့်ရလို့ ...။

    ငါ့သူငယ်ချင်းမွေးနေ့ အတွက်.. ငါက အောက်ပါအသီးများနဲ့ ဧည့်ခံမယ်...။

    လက်သီး ၊ မီးသီး၊ ထန်းသီး ၊
    ယနေ့ မှ စ၍နောင်နှစ်ပေါင်းများစွာတိုင်အောင် ရည်မှန်းချက် ကို အကောင်အထည်ဖော်နိုင်ပြီး... ချစ်သူခင်သူတွေနဲ့ တစ်သက်လုံးလက်တွဲနိုင်ပါစေ ကွာ


  8. MrDBA Says:

    မွေးနေ့မှာ ပျော်ရွှင်ပါစေဗျား။