ရေးသားသူ ထင်လင်းအောင်


Laugh and the world laugh with you;
ရယ်ပါ၊တစ်လောကလုံး သင်နှင့်အတူ လိုက်ရယ်လိမ့်မယ်။
Weep and you weep alone.
ငိုရင်တော့ သင်တစ်ယောက်ထဲဘဲ ငိုရလိမ့်မယ်။


For the sad old earth must borrow its mirth,
ဝမ်းနည်းနေတဲ့လောကကြီးက သင့်ဆီက ရယ်စရာလေးကိုငှားရမယ်။
But has trouble enough of its own.
ဒါပေမဲ့ သူ့မှာလည်း သူ့ဒုက္ခနဲ့သူဘဲ။


Sing and the hills will answer;
သီချင်းဆိုပါ တောင်တန်းတွေက ပဲ့တင်သံပြန်လာလိမ့်မယ်။
Sigh , and it is lost on the air.
သက်ပြင်းချရင်တော့ လေထဲမှာပျောက်သွားလိမ့်မယ်။


The echoes bounce to a joyful sound.
ပျော်စရာအသံကို ပဲ့တင်သံက ပြန်ကန်ပေးပါတယ်။
But shrink from voicing care.
သောကတွေ ဒုက္ခတွေကတော့ သူပြန်ကန်မပေးဘူး။တွန့်ဆုတ်သွားတယ်။


Rejoice, and men will seek you;
ပျော်ပျော်ရွှင်ရွှင်နေပါ။လူတွေက သင့်ကို တွေ့အောင်လိုက်ရှာလိမ့်မယ်။
Grieve, and they turn and go.
ဝမ်းနည်းနေရင်တော့ သူတို့ လှည့်ပြီးတော့ ထွက်သွားလိမ့်မယ်။


They want full measure of all your pleasure,
သူတို့က သင့်ရဲ့ ပျော်ရွှင်မှုတွေအားလုံးကို အပြည့်အ၀လိုချင်တယ်။
But they do not need your woe.
ဒါပေမယ့် သင့်ရဲ့ ဒုက္ခတွေကိုတော့ မလိုအပ်ဘူး။


Be glad, and your friends are many;
စိတ်ချမ်းချမ်းသာသာနေရင် သင့်မှာ မိတ်ဆွေတွေအများကြီးပါပဲ။
Be sad, and you lose the all.
စိတ်ဆင်းရဲနေရင်တော့ သင့်မိတ်ဆွေတွေအကုန်လုံးကို ဆုံးရှုံးသွားလိမ့်မယ်။


There are none to decline your nectared wine,
ပန်းဝတ်ရည်နဲ့လုပ်ထားတဲ့ ၀ိုင်ကို သင်ကပေးရင် ငြင်းမဲ့သူမရှိဘူး။
But alone you must drink life’s gall.
ဒါပေမဲ့ ဘ၀သည်းခြေရည်ကိုတော့ သင်တစ်ယောက်ထဲဘဲ သောက်ရလိမ့်မယ်။


Feast, and your halls are crowed;
စားပွဲသောက်ပွဲကြီးလုပ်။သင့်အခန်းမှာ လူတွေပြည့်ကြပ်နေလိမ့်မယ်။
Fast, and the wold goes by.
ငတ်နေရင်တော့ ဘယ်သူကမှ လာမှာမဟုတ်ပါဘူး။


Succeed and give , and it helps you to live,
အောင်မြင်အောင်လုပ်ပါ။ပေးပါကမ်းပါ။အဲဒါက သင့်ဘ၀ကို အဆင်ပြေဖို့
အထောက်အပံ့ဖြစ်လိမ့်မယ်။
But no man can help you die.
ဒါပေမဲ့ သေဖို့အရေးကိုတော့ ဘယ်သူကမှ သင့်ကို အကူအညီမပေးနိုင်ဘူး။


There is room in the hall of pleasure
For a long and lordly train,
ပျော်ပွဲခန်းမကြီးထဲမှာ လူအုပ်ကြီး တခန်းတစ်နားသွားနိုင်ဖို့အတွက်နေရာ
အကျယ်ကြီးရှိပါတယ်။
But one by one we must all file on
Through the narrow aisles of pain.
ဒါပေမယ့် ဒုက္ခလမ်းကျဉ်းကျဉ်းလေးမှာတော့ တစ်ယောက်ချင်းတန်းစီပြီးတော့
သွားရလိမ့်မယ်။လက်တွဲသွားမဲ့သူ မရှိဘူး။အဖော်မရှိဘူး။


ရေးသူကတော့ Ella Wheeler Wilcox

ဒီကဗျာလေးကို ဆရာတော်ဦးဇောတိက ရေးတဲ့ အလှတရားမှ အမှန်တရားသို့ ဆိုတဲ့
စာအုပ်ထဲကနေဖတ်ရတာပါ။မြန်မာလိုက ဆရာတော်ဦးဇောတိက ဘာသာပြန်ထားတာ
ပါ။ကျွန်တော်ဒီကဗျာလေးကို စဖတ်ခါစကတည်းက နှစ်သက်နေမိတာပါ။ အခု ပြန်ဖတ်
ကြည့်တော့လည်း အတော်နှစ်သက်မိပါတယ်။ဒီကဗျာလေး ရဲ့ စကားလုံးတိုင်းဟာ
ချဲ့တွေးကြည့်ရင် တွေးကြည့်သလို အဓိပ္ပါယ်တွေဟာ ကျယ်ပြန့်လှတယ်ဆိုတာ
ကိုယ်တိုင် ကိုယ့်ဘ၀မှာ ဖြစ်ပျက်ခဲ့တဲ့၊ဖြစ်နေတဲ့ အရာတွေနဲ့ နှိုင်းယှဉ်ချိန်ထိုးကြည့်ရင်
သိလာပါလိမ့်မယ်။ဒါကြောင့်မို့ ဒီကဗျာလေးကို ဖတ်ရင်ေ ကျးဇူးပြုပြီး အမြန်မဖတ်
လိုက်ပါနဲ့။သေသေချာချာဖတ်ပါလို့ ပြောချင်ပါတယ်။ ဆရာတော်ဦးဇောတိကပြောတဲ့
စကားတစ်ခွန်းရှိတယ်။ grow old မဖြစ်ပါစေနဲ့တဲ့။ grow up ဖြစ်အောင်
လုပ်ပါတဲ့။ကျွန်တော်တို့တွေဟာ အသက်ကြီးလာတဲ့နဲ့အမျှ ကျွန်တော်တို့ရဲ့
စိတ်ထား၊အသိဥာဏ်တွေဟာလည်း ရင့်ကျက်လာအောင်ကြိုးစားရမယ်။
တိုးတက်လာရအောင်ကြိုးစားရမယ်။ဒါမှ ကျွန်တော်တို့တွေ လူဖြစ်ရကျိုးနပ်မယ်။



Let’s grow up together.

3 Responses
  1. mgnge Says:

    မှတ်သား သွာ ပါတယ်သူငယ်ချင်း..။


  2. may16 Says:

    မှတ်သားသွားပါတယ် သဘာဝကျတယ်...


  3. su wai Says:

    ဆရာတော် ဦးဇောတိကရဲ့ အလှတရားမှ အမှန်တရားသို့ ဆိုတဲ့ စာအုပ်ကို ဆုဝေလဲ အရမ်းသဘောကျပါတယ်။ ဘုန်းဘုန်းပြောထားတဲ့ `May your world always be as beautiful as you make it for others.´ ဆိုတဲ့ စကားလေးကို စိတ်ထဲမှာ စွဲနေအောင်ကို မှတ်မိနေပါတယ်။