ရေးသားသူ ထင်လင်းအောင်
ကျွန်တော်ရန်ကုန်ရောက်ခါစ ၂လ၃လလောက်က ဒိုင်ယာရီရေးဖြစ်ခဲ့ပါတယ်။ကျွန်တော်ရေးခဲ့တဲ့
ဒိုင်ယာရီစာမျက်နှာတွေထဲက စာမျက်နှာတစ်ချို့ကို သူငယ်ချင်းတွေဖတ်ရအောင် တင်ပေး
ပါမယ်...။


ကြီးကြီးတို့အိမ်ဝယ်....


ကျွန်တော်ရန်ကုန်ရောက်တာ အခုဆို ၁လနဲ့ ၄ရက်ရှိသွားပြီ။အခုထိ အလုပ်ရဖို့ဘာမှမသေ
ချာသေး။အလုပ်တစ်ခုရဖို့၊ရာထူးတစ်နေရာရဖို့က အတော့်ကိုမလွယ်။မလွယ်တာက ကိစ္စမရှိ
ဘူး။ကျွန်တော့်မှာ money က သိပ်မရှိတော့။တွက်စစ်ကြည့်လိုက်တော့ ၂၀၀၀ကျော်
သာကျန်တော့သည်။ကျွန်တော်အိမ်ကပါလာတာက ငါးသောင်းခွဲ၊ဒီမှာရတဲ့ဝင်ငွေက ၅၀၀၀
လောက်ပဲရှိတာ။

အလုပ်ရဖို့ကြိုးစားလိုက်ရတာ အခုဆို ၁လကျော်တောင်ရှိသွားပြီ။ဘာမှမရေရာသေးပါလား။
ကျွန်တော်စိတ်ဓာတ်တွေကျစပြုလာပြီ။ဘ၀ဟာ ငိုချင်စရာအတော်ကောင်းနေပြီ။


စနေနေ့က အမေ့အမကြီး ကြီးကြီးရှိရာ ရွှေပြည်သာကိုသွားတယ်။လိပ်စာကတော့ရှိတယ်။
ဘယ်မှတ်တိုင်မှာဆင်းရမှန်းမသိ။ရပ်ကွက်က၁၂ရက်ကွက်။ကားသမားတွေကို မေးကြည့်လိုက်
တော့ ဂိတ်ဆုံးမှာဆင်းတဲ့။ဂိတ်ေ၇ာက်တော့ ၁၂ ရက်ကွက်ကိုဘယ်လိုသွား၇မလဲစုံစမ်းကြည့်
ရာ...၁၂ရက်ကွက်ဟာ အဝေးကြီးမှာကျန်ခဲ့ပြီ။ဘယ်လိုဆက်သွားရမှန်းလဲမသိ။နောက်ဆုံး
ဖုန်းဆက်ကြည့်မှ ဖုန်းဆိုင်က အမကြီးက ထန်းချောက်ပင်မှတ်တိုင်မှာဆင်း အဲဒီကနေ
ရွှေယုံမှတ်တိုင်ကိုဆက်သွားလို့ပြောတယ်။သူပြောတဲ့အတိုင်းသွားတယ်။ကြီးကြီးတို့အိမ်ကိုတော့
သိပ်မရှာလိုက်ရပါဘူး။ကြီးကြီးရယ် ညီတစ်ဝမ်းကွဲ မာန်ဇာကျော်ကိုတွေ့ရတယ်။ ကျွန်တော်
ပျော်သွားတယ်။အဖေ၊အမေတို့နဲ့ ခွဲခွာလာလိုက်တာ ၁လကျော်ရှိသွားပြီ။ဆွေမျိုးအရင်းအချာ
တွေနဲ့ တွေ့လိုက်ရတော့ အလွမ်းနဲနဲပြေသလိုခံစားရတယ်။

ကြီးကြီးက "အိမွန်ဖုန်းဆက်တယ်၊နင်ရန်ကုန်ရောက်တာ ၁လကျော်ပြီဆို၊အိမ်ကိုလည်းဖုန်းလည်း
မဆက်ဘူးတဲ့၊အိမ်က အလုပ်ရလား၊မရလားစိတ်ပူနေကြတယ်"ဟု ဆီးပြောသည်။

ကြီးကြီးပြောတာကို ကျွန်တော်ကြားတော့ သြော်...ငါ့ညီမလေးဟာ ငါ့ကို အတော်စိတ်ပူလို့
ဖုန်းဆက်တာပဲ၊ညီမလေးဟာလေ ၁၀တန်းအောင်ဖို့စာတွေကျက်နေရတာ အကိုကြီးကို
သိပ်သတိရလို့ဖုန်းဆက်တာပဲဟုတွေးမိပြီး မျက်ရည်ကျမိသည်။ညီမလေးရေ...အစ်ကိုကြီး
လည်း ညီမလေးတို့နဲ့တွေ့ပြီး စကားတွေအများကြီးပြောချင်ပါတယ်။အကို့ဘ၀ရဲ့ ခါးသီး
မှုတွေ၊အခက်အခဲတွေကို ညီမလေးတို့သိနားလည်အောင် အကိုကြီးပြောပြချင်ပါတယ်ကွာ။
ဒါပေမယ့် ညီမလေးရေ...အကို့ရဲ့ဘ၀က အခုဆိုရင် ညီမလေးတို့ဆီ ဖုန်းဆက်ဖို့ money
တောင်သိပ်မကျန်တော့ပါဘူး။ရန်ကုန်မှာ ကိုယ်အင်မတန်ခင်တွယ်တဲ့ သံယောဇဉ်ရှိတဲ့
အဖေ၊အမေ၊ညီလေး၊ညီမလေးတွေကို ခွဲခွာပြီး တစ်ယောက်တည်း နေနေရတဲ့ ဘ၀ဟာ
အင်မတန်အထီးကျန်တာပဲကွာ။

ကြီးကြီးတို့ကလည်း သူတို့အပူနဲ့သူတို့။လောကကြီးမှာရှိတဲ့ ပုထုဇဉ်လူသားတိုင်းဟာ
သူတို့အပူနဲ့ သူတို့ရှိကြတာပဲလို့ ကျွန်တော်တွေးမိတယ်။ဒါကြောင့်မို့လည်း ကျွန်တော့်
အပူမီးတွေကို ကြီးကြီးတို့ဆီမကူးစေချင်။


ကြီးကြီးကတော့ မေးရှာပါတယ်။အလုပ်ရဖို့သေချာလား။ပိုက်ဆံကဘယ်လောက်ပါလဲ။
ကျေးဇူးပါပဲဗျာ။ကြီးကြီးဟာ ကျွန်တော့်ဘ၀ကိုနားလည်ပေးလို့။ကြီးကြီးတို့အိမ်မှာ ထမင်း
စားကောင်းတယ်။ကျွန်တော်လည်း အခုလိုဆွေမျိုးတွေနဲ့ ထမင်းမစားရတာကြာပြီကိုး။
“ကြီးကြီးရယ် ထမင်းကလည်း စားကောင်းလိုက်တာဗျာ...”လို့ ကျွန်တော်က ပြောတော့
ကြီးကြီးက ကျွန်တော့် ကို သနားသွားပုံရတယ်။ကြီးကြီးတို့အိမ်မှာတစ်ပတ်တစ်ခါလာစားလေ
ဟုပြောတယ်။ကျွန်တော်လည်း ကြီးကြီးတို့အိမ်မှာ လာစားချင်ပါတယ်။ဒါပေမယ့် ကျွန်တော့်
ဘ၀က ဘာမှမသေချာသေး။ကြီးကြီးတို့အိမ်မှာ ၁ညအိပ်တယ်။တနင်္ဂနွေနေ့၊နေ့လည်စာ
ထမင်းစားပြီးတော့ ကျွန်တော်မြို့ထဲပြန်ဖို့ပြင်တယ်။ကျွန်တော့်ကို ကားဂိတ်ထိလိုက်ပို့တယ်။
ကားဂိတ်ရောက်တော့ ပိုက်ဆံဘယ်လောက်ကျန်သေးလဲလို့မေးတယ်။

အဲဒီအချိန်မှာ ကျွန်တော့်ရင်ထဲဆို့နေတယ်။ပိုက်ဆံ၂ထောင်လောက်ပဲကျန်တော့်တယ်ကြီးကြီး
ရယ်လို့ပြောတော့ ကြီးကြီးက သူပါလာတဲ့ပိုက်ဆံကိုတွက်တယ်။သူ့မှာလည်း ပိုက်ဆံသိပ်ပါ
မလာဘူး။တစ်ထောင်ပဲယူထားတဲ့။ကျွန်တော်ကြီးကြီးတို့ဘ၀ကိုနားလည်ပါတယ်။ဒါကြောင့်
မို့လည်း ပိုက်ဆံနဲ့ပတ်သက်ပြီး အကူအညီမတောင်းချင်။ဒါပေမယ့် ကြီးကြီးကတော့ နောက်
တစ်ပတ် လာခဲ့လေ။အဲဒီအခါကျရင် ပိုက်ဆံရမှာပါ။ငပိကျော်လေးလည်း လုပ်ထားလိုက်မယ်
လေ ဟုပြောတယ်။

ကျေးဇူးပါပဲကြီးကြီးရာ။အခုချိန်မှာ ကျွန်တော့်အတွက် ဒီပိုက်ဆံလေးဟာ အများကြီးပါပဲ။အဆင်
မပြေရင် နောက်တစ်ပတ်လာခဲ့ရမှာပဲ။အားကိုးစရာဆိုလို့ ကြီးကြီးတို့ပဲရှိတာမလား။

ကျွန်တော်ဒီနေ့ရုံးမသွားပဲ ဘ၀အတွေးတွေကိုရေးနေတာ။အင်မတန်ခါးသီးခက်ခဲလွန်းလို့ပါ။
ကျွန်တော်ရန်ကုန်ရောက်ကတည်းက ရုံးသွားနေတာ တစ်လကျော်သွားပြီ။အခုထိ result က
ကောင်းကောင်းမရသေးပေ။ရုံးသွားပြီး စာရိုက် ၊ကူညီလုပ် အပြန်ကျတော့ မိုးစုပ်စုပ်ချုပ်၊ရတာ
က မဖြစ်စလောက်။


ဘုရားမှာလည်း ဘုရားရှိခိုး၊ဂုဏ်တော်၁၀၀၀ ပုတီးစိတ်ပြီး အလုပ်အမြန်ရပါစေလို့ ဆုတောင်း
ရတာလည်း အမော။အလုပ်ဆိုတာ “ဘုရားတပည့်တော် အတွက် တိုးတက်ချမ်းသာစေမယ့်
အလုပ်တစ်ခု ရရပါလို၏”ပေါ့။

ကဲ...ဒီနေ့တော့ ကိုယ်နေတဲ့အိမ်မှာရှိတဲ့ ကားအလိုင်းမင့်ဆိုင်က ကားပညာကို လေ့လာလိုက်အုံးမယ်။

14.1.08
9:00 AM
6 Responses
  1. လာတာ နဲနဲနောက်ကျသွားတယ်။ ဘ၀ဆိုတာ ဟိုသီချင်းလေးလိုပေါ့။

    ဖြစ်ချင်တိုင်းလဲ မဖြစ်ရပါ။ မဖြစ်ချင်ဘဲလဲ ဖြစ်ရတာ။ အဲဒါ အဲဒါ.. ဘ၀သံသရာ။

    ကြိုးစားပါဗျာ။ ဘလော့ဂ်မိတ်ဆွေတွေရှိနေပြီဘဲ။ အားပေးမှုလေးတွေဟာ ဘ၀အတွက်အားဆေးလေးတွေဘဲမဟုတ်လား။

    တနေ့တလံ ပုဂံ ဘယ်ပြေး ပေါ့။


  2. Phyo Maw Says:

    သူ့အပူ ကိုယ့်အပူ နဲ့ ကမ္ဘာကြီးက တော်တော်ပူလာပါလား :D cheer!!


  3. Lu Pyo Gyi Says:

    ညီလေးကမှ ထမင်းသွားစားစရာအိမ် ရှိပါသေးတယ်ကွာ။ အစ်ကိုဆိုစားစရာ အိမ်ကိုမရှိတာပါ နေမကောင်းဖြစ်တဲ့အချိန်ဆိုရင် ငတ်ပြီသာမှတ်တော့ပဲ။ တစ်ခါတစ်လေများ ပိုက်ဆံပြတ်ပြီဆိုရင် အိမ်ကိုဖုန်းဆက်ဖို့ရယ် ထမင်းစားဖို့ရယ်ကို တော်တော်လေး စဉ်းစားရတယ် ဘယ်ဟာကိုဦးစားပေးရမလဲပေါ့။


  4. mgnge Says:

    သူငယ်ချင်းရာ
    တစ်ချိန် ကစိတ်ညစ် စရာတွေ ဟာအခုတော့ ဟား စရာတွေပေါ့ ....လူဆိုတာ အခက်အခဲနဲ့ ရင်ဆိုင်ဘူး မှ တိုး
    တက်မှာ ကွ...။
    ဘာပဲဖြစ်ဖြစ် အခု မင်းကျော်နိုင်ခဲ့ပြီမှတ်လား...
    နောက်လဲဒီလို ပဲ ပေါ့
    အားတင်းထား


  5. ရန်ကုန်ေ၇ာက်တော့ ကြီးဒေါ်တွေ ဘာတွေ ရှိတယ်။ ကိုယ်တို့မှာတော့ ..... အခြေအနေအရပဲ ခြေထောက်ကို အိမ်လုပ်နေရတာ...နောက်မှ... အဆင်ပြေသွားလို့


  6. "အမှတ်တရနေ့စွဲများ"
    လာဖတ်ပါတယ်--
    အားတင်းထားပါ--
    အစစအရာရာအဆင်ပြေပါစေ--