ရေးသားသူ ထင်လင်းအောင်
ကိုယ်သိတဲ့ မျက်ဝန်းလေးဟာ
ကိုယ့်ကို လွမ်းလျစိတ်နဲ့ ရီဝေနေမလား...
ကိုယ်မဟုတ်တဲ့ အခြားသူကိုပဲ မြင်ယောင်နေမှာလား...
ကိုယ့်အမြင်အာရုံတွေကတော့
မင်းဆီမှာပဲပေါ့ကွယ်။


ကိုယ်ပြောချင်တဲ့စကားလုံးတွေဟာလည်း
ကိုယ့်ရင်မှာတစ်ခံနေတော့
ကိုယ့်နှလုံးသားက
ထွက်ပေါက်မဲ့တဲ့ ကျောက်ဂူထဲမှာ ပိတ်မိနေသလို
အရမ်းကို မွမ်းကျပ်နေလှပြီ။


လေထုထည်ကနေ လွင့်မျောသွားတဲ့
ကိုယ့်ရဲ့ချစ်ခြင်းကို ပြန်ခေါ်ချင်ပေမဲ့
မမှီတော့ဘူး။


ကိုယ်မရဘူးတဲ့ ချစ်ခြင်းမေတ္တာဟာ
မင်းဆီမှာ ရှိနေနိုင်မလား...။


ကိုယ်က မင်းရဲ့အလင်းရောင်လေးကိုကြည့်
မီးနီပြသလိုဖြစ်နေရင်
အို...လောကမှာ
တစ်ယောက်ချစ်ရင် မပစ်ခွာပဲ
ပြန်လည်ကာချစ်ပါစေလို့ ဆုတောင်းမယ်...။
Labels: edit post
2 Responses
  1. Anonymous Says:

    ကဗျာကောင်းလေးပါပဲဗျို့


  2. su wai Says:

    ကိုယ်သိတဲ့မျက်ဝန်းလေးဟာ
    ကိုယ့်ကိုလွမ်းလျစိတ်နဲ့ရီဝေနေမလား...
    ကိုယ်မဟုတ်တဲ့ အခြားသူကိုပဲ မြင်ယောင်နေမှာလား...
    ချစ်သူရဲ့မျက်ဝန်းထဲမှာ တခြားသူတစ်ယောက်ရဲ့ ပုံရိပ် စွဲထင်နေမှာကို တွေးမိရုံနဲ့တင် ခံစားရတယ်.. ကဗျာလေး ကောင်းပါတယ်.. ကဗျာနာမည်ကို မြန်မာလို ဘာသာပြန်ကြည့်တော့ တမျိုးဖြစ်သွားတယ်.. Signal ကို Signal အတိုင်း ခံစားတာပဲ အဆင်ပြေမယ်ထင်တယ်နော်။