ရေးသားသူ ထင်လင်းအောင်
ကျွန်တော် စာမရေးဖြစ်တာအတော်ကြာနေပြီ။စာအုပ်တွေလည်းမဖတ်ဖြစ်တာအတော်ကြာပြီ။
သူငယ်ချင်းတွေရဲ့ blogs တွေကိုလည်း မလည်ဖြစ်တာလည်း ကြာပြီ။ကျွန်တော် ဘာကြောင့်
စာမရေးဖြစ်တာလဲ….။ဘာလို့ စာရေးချင်စိတ်တွေကုန်ဆုံးနေတာပါလိမ့်….။တွေးကြည့်မိတော့ ဖြစ်နိုင်ခြေတွေပေါ်လာသည်။ပထမဦးဆုံးက ကျွန်တော် သင်တန်းက စာတွေနဲ့ ပိနေသည်။
Teacher က လုပ်ခိုင်းတဲ့ Assignments တွေ ကို အသည်းအသန် အချိန်မှီပြီးအောင်လုပ်
နေရသည်။online ကနေလည်း Tutorials လည်း လိုက်ဖတ်။ C# and asp.net tutorials
တွေ။practical တွေလည်း လိုက်လုပ်။ဆိုတော့…. ကျွန်တော့် စိတ်ထဲမှာ ခံစားချက်တွေကို
ပုံဖော်ရေးသားဖို့ စကားလုံးတွေ ထွက်မလာနိုင်တာလည်းဖြစ်မည်။အိမ်ရောက်တော့လည်း
စာကြည့်စားပွဲမထိုင်ဖြစ်ပဲ… လက်ဘက်ရည်ဆိုင်ဘက်ကို ခြေထောက်တွေက ဦးတည်နေ
သည်။ဆိုတော့ စာရေးတဲ့ အကျင့်တွေလည်းပျက်ကုန်ပီ။အိမ်ရောက်ရင် ဘာစာအုပ်မှ မဖတ်တာ
က များနေတော့.. စာ ဘယ်လို ရေးလို့ ရပါတော့မလဲ…။စာရေးတဲ့သူ တစ်ယောက် ဟာ စာဖတ်မှ စာကောင်းကောင်းရေးတတ်ပေမပေါ့။ဟော… အခုတော့ ကျွန်တော့် blog လေး မှာ စာရေးတာ
ပျက်ကွပ်နေပြီ။ကျွန်တော့်blog လေးကို လာလည်ကျတဲ့ သူငယ်ချင်းတွေကို လည်း အားနာလာပြီ။
ကျွန်တော့်blog လေးမှာ စာရေးနေတာကလည်း တခြားကြောင့်မဟုတ်ဘူး။ ကိုယ့်ဘ၀ရဲ့ မှတ်တမ်း
စာအုပ်လေးလို သဘောထားပြီး လုပ်ထားတာ။ဒီစာအုပ်လေးထဲမှာ ကိုယ်တွေးမိတာတွေရေးမယ်။
ပြီးတော့ ...ငါ ဘယ်အရွယ်တုန်းက ဘယ်လိုတွေးခဲ့...ရေးခဲ့လဲဆိုတာကို....နောင်တစ်ချိန်ပြန်ကြည့်
မိရင် သုံးသပ်ဆင်ခြင်နိုင်အောင်မို့ လုပ်ထားတာ။အခု...စာမရေးဖြစ်တာ ကြာနေတော့ blog လေး
မှာ ခြောက်သွေ့နေပြီ။မဖြစ်ချေဘူး…ကျွန်တော် စာရေးဖြစ်အောင်ကြိုးစားတော့မည်။
3 Responses
  1. စာရေးဆရာဖြစ်ချင်ရင် စာရေးရမှာကို မပျင်းသင့်ဘူး။
    စာရေးခြင်းကို ချစ်သူတစ်ယောက်ကို သဘောထားနိုင်ရမယ်။ ဒါဆိုရင် စာရေးမပျက်ကွက်တော့ဘူးပေါ့။

    ပျော်ရွှင်ပါစေ ညီ။


  2. ကောင်း၏ ကိုယ့်ဆရာ စာပြန်ရေးတော့မယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့ဗျာ ဒါမျိုးက ကျွန်တော်လည်းဖြစ်ဖူးသဗျ အတော်ခံရခက်ဗျ ရေးဖို့စဉ်းစားလိုက် အတွေးကမထွက်လိုက် အတွေးကထွက်လိုက်ရေးလိုက် ရေးရင်းတန်းလန်းပျင်းလာလိုက်ရပ်ထားလိုက် အဟီး ဟုတ်မဟုတ်တော့မသိ ဖောသွားတား)))အဆင်ပြေပါစေဗျာ


  3. may kyaw Says:

    ရေးပါဗျာ...
    ဖတ်ဖို့ တာဝန်ယူပါတယ်... :)