ရေးသားသူ ထင်လင်းအောင်
တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကန်ရေပြင်ကို သူမ ကြည့်နေမိတယ်….။အရင်တုန်းက ဒ်ီကန်ရေပြင် လေးဘေးနား…ဒီခုံတန်းလေးပေါ်မှာ….သူနဲ့ အတူတူ ထိုင်ပြီး စကားတွေ တတွတ်တွတ် ပြောရင်း
ပျော်ရွှင် ကြည်နူးခဲ့ဘူးတယ်….။သူ့ရဲ့ ရင်ခုန်သံကို နားထောင်ရင်း သူ့ရင်ခွင်ထဲမှာ မှေးဆက် နေခဲ့ဘူးတယ်….။အခုတော့ ဒီခုံတန်းလေး ပေါ်မှာ သူမတစ်ယောက်တည်း…..။ ဒီကန်ရေပြင် ဘေးနားမှာ ရှိနေကြတဲ့… စုံတွဲ လေးတွေက သူမကို သနားဖွယ်အကြည့်တွေနဲ့ ကြည့်နေကြ သယောင်ယောင်….။
အမှန်တော့ စုံတွဲတွေသာလာတတ်တဲ့ ဒီကန်ရေပြင်လေးနားဆီကို သူမတစ်ယောက်တည်း
ရောက်မလာသင့်ပါဘူး…..။ဒါပေမယ့်လည်းလေ…..သူမရဲ့ စိတ်ထဲမှာ သူ့ကို အရမ်းသတိရနေမိ
တယ်။သူနဲ့ မတွေ့ တာ အတော်ကြာနေပြီ…။သူနဲ့ အရင်တုန်းက သွားခဲ့ဘူးတဲ့ နေရာလေးတွေ….
အထူထိုင်ခဲ့ဘူးတဲ့ ခုံတန်းလေးတွေ….အတူတူစုံတွဲ ဖူးခဲ့ကြတဲ့ ဘုရားတွေဆီကို တစ်ယောက်တည်း….
အခုလို Sunday တိုင်း မှာ လျှောက်သွား နေမိတယ်….။အလွမ်းပြေပေါ့ဆိုတဲ့ အတွေးတွေနဲ့ သွားနေပေမယ့်…အမှတ်တရ အဲဒီနေရာလေးတွေကိုရောက်တိုင်း…..သူ့ကို သတိရတဲ့ အတွေးတွေက
ပိုလို့ သာ တိုးနေတော့တယ်….။
အရင်တုန်းက အချစ်ဆိုတာ ကိုယ့်ကို ပျော်ရွှင်ကြည်နူးမှုပေးတဲ့အရာလို့ ပဲ ထင်ခဲ့မိတယ်…။
ဒါပေမယ့် အခုတော့ အချစ်ဆိုတာ စိတ်ကို နာကျင်ပူလောင်စေတဲ့ အရာတစ်ခုပါလို့ ထပ်လောင်း သိခဲ့ရပါပြီ….။ဘာဖြစ်လို့လဲဆိုတော့……။
*************
သူ ပြောလိုက်တဲ့ စကားကို ကြားစက သူမနားကို သူမ မယုံရဲခဲ့ဘူး…ဒါဟာ အိပ်မက်လား…. နားကြားလွဲတာလား….သူ…နောက်ပြောင် ပြောနေတာလား….လို့ ထင်ခဲ့တယ်…။
မဟုတ်ဘူး…ဒါအိပ်မက်မဟုတ်ဘူး…. နားကြားလွဲတာလည်းမဟုတ်ဘူး… သူ…အတည်ပြောနေတာ….
သူ့ရဲ့ ပါးစပ်ကနေ….”သူ့ကို မေ့လိုက်ပါ” ဆို တဲ့ စကားကို ခပ်မာမာပြောနေတာ….။အချိန်နာရီများစွာ…. ရက်ပေါင်းများစွာ….လပေါင်းများစွာ….နဲ့တည်ဆောက်ထားတဲ့ အချစ်အိမ်လေးကို စက္ကန့်ပိုင်းမျှသာ
ကြာတဲ့ “မေ့လိုက်ပါ”ဆိုတဲ့ စကားလုံးလေး သုံးလုံးနဲ့ ရိုက်ချိုးဖျက်ဆီး ပစ်လိုက်ပြီလား…။ရိုက်ချိုး
ပစ်လိုက်လို့ ရတယ်တဲ့လား…..မောင်ရယ်….။
သူမ ဆို့နစ်ကြေကွဲစွာ…..ငိုလိုက်မိတယ်….။ခဏလေးပါပဲ….. ငါ မငို သင့် ဘူး…။သူမစိတ်ကို သူမ အနည်းငယ်ပြန်ထိမ်းလိုက်တယ်…။သူမ သိပ်ချစ်မိတဲ့ သူ့ ရဲ့ မျက်နှာကို စေ့စေ့ကြည့်လိုက်တယ်…။
“မောင် ….မောင်က မေ့လိုက်ပါလို့…ပြောပေမယ့်….နွယ်…မောင့်ကို ဘယ်လိုမေ့ရမလဲ…မောင်ရယ်….. နွယ့်နှလုံးသားထဲမှာ…..မောင်…. ရှိနေမှာ ပါ….”လို့ ပြောပြီး…သူ့ရဲ့ ရှေ့ ကနေပြေးထွက်လာခဲ့တယ်….။
ဝမ်းနဲကြေကွဲ စွာနဲ့…။
********
တော်ပြီ….မတွေးချင်တော့ဘူး…..ဒီအကြောင်းတွေကို ဆက်တွေး နိုင်စွမ်းမရှိရလောက်အောင်လည်း
နှလုံးသားဟာ နွမ်းလျလွန်းနေပြီ….။သူမ ဘ၀မှာ ကိုယ်ချစ်တဲ့ ချစ်သူက ပစ်ခွာသွားတဲ့ ခံစားချက်မျိုးကို တစ်ခါမှမခံစားဖူး ဘူး….အခုတော့ ရေရေလည်လည်ခံစားနေရပြီ….။ဘာကို မှမလုပ်ချင်တော့ဘူး…. ဘ၀အတွက်….ဘာမှလည်း လုပ်ဖို့ စိတ်မပါတော့ဘူး….။ဘာကြောင့် င့ါ ကို ပစ်ခွာသွားရတာလဲဆိုတဲ့
မေးခွန်းတွေကို နားမလည်နိုင်စွာ အဖြေရှာရင်းေ၀၀ါးခဲ့တဲ့ ညတွေ လည်း များခဲ့ပြီ…။
“အချစ်ဆိုတဲ့ အရာလေးတစ်ခု အတွက်နဲ့ ငါ့ဘ၀တစ်ခု လုံးကို အရှုံးပေး လိုက်ရတော့မှာလား….”
သူမ ကိုယ့်ကိုကိုယ် သေချာဆန်းစစ် အဖြေရှာမိလိုက်တယ်….။ အချိန်တော်တော်ကြာကြာ…..။
"မဖြစ်ဘူး….ငါ အရှုံးပေးလို့ မဖြစ်ဘူး……ငါ့ရဲ့ အနာဂတ် လေးတွေလှပအောင် ငါဖန်တီးချင်တယ်….။
ဒါဟာ…ငါ့ရဲ့ အကြီးမားဆုံး ရည်ရွယ်ချက်ပဲ….။အနာဂတ် လေးတွေလှပနေဖို့ ဆိုတာ…ပစ္စုပ္ပန်လေးတွေ
လှ ပနေမှဖြစ်မှာ….။ပစ္စုပ္ပန်လေးတွေ လှပနေဖို့ ဆိုတာကလည်း အခုလို စိတ်ကို လွမ်းလျနာကျင်စေမယ့်
အတွေးတွေကို လက်မခံထားမှဖြစ်မှာ….ဟုတ်ပြီ….င့ါရဲ့ အနာဂတ်လေးတွေလှပနေဖို့….
ငါကြိုးစားရမယ်….။"
အနာဂတ်လေးတွေလှပနေဖို့….အနာဂတ်လေးတွေလှပနေဖို့….။
သူမ ခုံတန်းလေးပေါ်မှာ ထိုင်နေရာကနေ ရုတ်တရက် ထလိုက် တယ်….။ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့
လေပြေလေးတွေကို တ၀ကြီး ရှုပစ်လိုက်တယ်…။
ဟော…အခုတော့လည်း လောကကြီးဟာ…လှပနေပါပေါ့လား.....။
10 Responses
  1. mikozan Says:
    heeeeeeeeee
  2. Anonymous Says:
    ညီလေး
    ခံစားသွားတယ်ကွာ။
    အဆင်ပြေပါစေနော်။
    ဆုတောင်းလျက်ပါ။
  3. may16 Says:
    ကိုထင်လင်းအောင်ရဲ့ အနာဂတ်တွေအားလုံး လှပပါစေရှင်
  4. mgnge Says:
    ရိုက်ဒ်
    မဆိုးပါဘူး..........
    ဒါပေမယ့် ဒီနေရာကလည်း စကားပြောခန်း များများ မထည့် သင့်တဲ့ ပုံစံဆိုတော့.. မဆိုးပါဘူး..ကောင်း ပါတယ်.။ စာလုံးတွေတော့ရွေးတတ်သား ပဲ... စကားလုံး လှအောင်...
    try ur best;
    best regards
    mgnge
  5. လာရောက်ဖတ်ရှုသွားပါတယ်
  6. ရသအရေးကောင်းတာပဲ
    ခံစားသွားပါတယ်
    ခင်မင်လျက်
  7. စာရေးကောင်းပါတယ်။ ဝတ္ထုတိုလေးတွေထပ်ပြီးရေးပါဦး....
  8. အကို့ ရေ
    အရမ်းကောင်းတဲ့ ဇာတ်လမ်းလေးပါဘဲ
    အားပေးနေမယ်နော်
    ခင်တဲ့
    မေလေး
  9. ဇော် Says:
    မဖြစ်ဘူး….ငါ အရှုံးပေးလို့ မဖြစ်ဘူး……ငါ့ရဲ့ အနာဂတ် လေးတွေလှပအောင် ငါဖန်တီးချင်တယ်….။
    ဒါဟာ…ငါ့ရဲ့ အကြီးမားဆုံး ရည်ရွယ်ချက်ပဲ….။အနာဂတ် လေးတွေလှပနေဖို့ ဆိုတာ…ပစ္စုပ္ပန်လေးတွေ
    လှ ပနေမှဖြစ်မှာ….။ပစ္စုပ္ပန်လေးတွေ လှပနေဖို့ ဆိုတာကလည်း အခုလို စိတ်ကို လွမ်းလျနာကျင်စေမယ့်
    အတွေးတွေကို လက်မခံထားမှဖြစ်မှာ….ဟုတ်ပြီ….င့ါရဲ့ အနာဂတ်လေးတွေလှပနေဖို့….
    ငါကြိုးစားရမယ်….။"
    ကျနော်လဲ အဲ့လို ဖြစ်ချင်တယ် ကိုလင်း။
  10. ညီရေ... ၀တ္ထုတိုပုံစံထပ်ရေးပါ။ အခုပို့စ်လေးလဲ အဆင်ပြေပါတယ်။ များများရေးရင် ပိုပိုကောင်းလာပါလိမ့်မယ်။