ငါ့ဥစ္စာ ငါ့ပစ္စည်း
အစွဲမကြီးနဲ့။
ငါ့သားင့ါသမီး
အစွဲမသီးနဲ့။
နေရာတကာ
ငါ့ဟာင့ါဟာ
စွဲပါလေက
သံသရာမြစ်ထဲ
ဝဲ၀ဲလည်ကာ
မဟာဒုက္ခ
မုချအမှန်
ခံစားရမည်တည့်။
ဒီကဗျာလေးဟာလေးဟာလည်း ရေးထားတာကြာပြီ။ဒါပေမယ့် အခုတော့ ကာရံတွေနဲ့ ကဗျာလေးတွေ
မရေးဖြစ်တာ တော်တော်ကြာပြီဗျ။ကာရံတွေလည်းပျောက်သလောက်ဖြစ်နေပြီ။ကျွန်တော်ရေးခဲ့တဲ့
ဒီကဗျာလေးတွေဟာ ကျွန်တော့်စာအုပ်ထဲမှာ ဟောင်းနေပြီ ဖြစ်ပေမယ့်....ကျွန်တော်ပြန်ဖတ်ကြည့်တိုင်း
ကြည့်တိုင်း... အသစ်အတိုင်းပဲဖြစ်နေဆဲပါပဲလေ....။

ပညာပေး ကဗျာတွေ Good တယ်ဗျာ
ညီက ဘာသာရေး ကဗျာလေးတွေလဲ ရသကိုး။
အတော် တော်တဲ့ ညီဘဲ။
ဆက်လုပ် ညီရေ့ ။
ကျွန်တော်ကတော့ တစ်ခါပဲဖတ်တယ်။ တစ်ခါတည်းနဲ့ ရင်ထဲရောက်သွားတယ်။ ဒီတော့ လင့်မယ်။ ဒါပဲ။ အဟဲဟဲ။
ကဗျာလေးကောင်းတယ်
ကဗျာကောင်းတယ်ရှင့်
ငါသယ်ရင်းတောင် တရားတွေပေါက်နေပြီထင်ပ့ါ...။