ရေးသားသူ ထင်လင်းအောင်
မေမေမေမေ ခေါ်လေချင်လည်း
မေမေမှာကား တစ်နယ်ခြားမှာ...။

မေမေ့စကား ကြားချင်လှလည်း
မေမှောကား တစ်နယ်ခြားမှာ...။

မေမေ့မေတ္တာ ကြင်နာအများ
သားရချင်လည်း
မေမေမှာကား တစ်နယ်ခြားမှာ...။

မေမေနဲ့ သား
မိုင်ပေါင်းများစွာ ဝေးကွာခြားလည်း
များလှကျေးဇူး အထွေထူးကို
ဦးထိပ်ထားကာ
ရှိခိုးလျက်ပါ မေမေရယ်...။

ကျွန်တော့်ဘလော့ဂ်မှာ ပထမဦးဆုံးတင်တဲ့ ကဗျာလေးပါ။ခုဆို....တစ်နှစ်နဲ့ ၄ရက်ရှိသွားပြီ။
ကျွန်တော် မေမေ့ကို အရမ်းသတိရတဲ့အတွေးတွေ ရင်ထဲမှာထိမ်းမရလွန်းလို့....
စာရွက်ပေါ်မှာ ကာရံလေးတွေနဲ့ ရေးခဲ့တာပါ။မှတ်မိနေပါသေးတယ်....။ကျွန်တော် မုံရွာ
ကွန်ပျူတာတက္ကသိုလ်ကြီးမှာ စတက်တော့မယ်ဆိုတော့...အမေနဲ့ ခွဲခွာရတော့မယ်။မေမေ့ကို
ခွဲခွာခါနီး ထိုင်ပြီး...ရှိခိုး...ကန်တော့တော့..ကျွန်တော် မျက်ရည်ကျပြီး...မေမေ့ရင်ခွင်ထဲမှာ ငိုခဲ့တာကိုလေ....။ကျွန်တော်ငိုတော့ မေမေလည်း ငိုတာပါပဲ။ဒီတစ်ခါ ရန်ကုန်လာခါနီး
မေမေ့ကို ကန်တော့်တော့ ကျွန်တော်မငိုတော့ပါဘူး။မေမေရော....။ မေမေ့မျက်ဝန်းထဲမှာ...
ကျွန်တော့်နဲ့ ခွဲခွာရတော့မယ်ဆိုတဲ့ အတွေးတွေနဲ့ ဆို့နစ်ကြေကွဲနေတယ်ဆိုတာ....
မေမေ့မျက်ဝန်းတွေကို ကြည့်ရင်း ကျွန်တော်သိခဲ့ပါတယ်လေ။မေမေ့ကို ကျွန်တော်နေ့တိုင်း
သတိရပါတယ်။မေမေနဲ့ အဖေ ကို ကျွန်တော် မျက်နှာသစ်တိုင်း...ဤရေကဲ့ သို့
မေမေနဲ့ အဖေတို့ရဲ့ စိတ်နှလုံးအေးချမ်းပါစေလို့...မေတ္တာပို့ပေးပါတယ်။
မေမေနဲ့ အဖေ နေကောင်းပါစေသား......ဟု...ဆုတောင်းရင်း....စိတ်ထဲကနေ
ရှိခိုးကတော့လိုက်ပါတယ်။
Labels: edit post
6 Responses
  1. mikozan Says:

    တိုက်စိုင် တယ်
    အမေဆုံးတာ တနှစ် နဲ့ လေးရက်ပြည်. တဲ့ ဒီနေ့ မှာ ဒီpost ကိုဖတ်မိတယ်


  2. poemflower Says:

    ကျွန်မလည်း အမေဆုံးထားတာ ၁နှစ်နဲ့ ၃လ ကျော်၂လေးပဲရှိသေးတာ....


  3. အမေ အကြောင်းရေးထားတဲ့ စာလေးကို
    လေးလေးနက်နက်ဖတ်သွားပါတယ်ဗျာ..
    ကျွန်တော်လည်းလွမ်းတယ်...
    ရန်ကုန်ဆိုတော့ အချိန်မရွေးပြန်နိင်တာပဲ ...
    ကျွန်တော်တို့ လိုဆိုရင်တော့......
    ကျွန်တော့ ဘလော့လေးမှာလဲ အမေ အကြောင်းရေး
    ထားတဲ့ ကဗျာတပုဒ်ရှိပါတယ်။
    ကြော်ငြာတာမဟုတ်ပါဘူး
    ခံစားချက်ချင်း တူလို့ မျှဝေတာပါ


  4. Unknown Says:

    ဟူးး..
    မင်းကတော်သေးတာပေါ့ သယ်ရင်းရာ
    ငါတို့ ဆို......

    ဘာပဲဖြစ်ဖြစ် မိခင်တိုင်းက ကိုယ့်သား သမီး ကို သူတို့ နဲ့ ဝေးရာမှာ ဘယ်ထား ချင်ပါ့မလဲ...။

    ပျော်ရာမနေ တော်ရာနေပေါ့သယ်ရင်းရာ...။


  5. ကျွန်တော်လေးလေးစားစားခံစားသွားတယ်ဗျာ


  6. s Says:

    ကဗျားလေးက ဆွေး၂မြေ့၂လေး ... ဖတ်ပြီးတော့ တစ်မျိုးလေးပဲ ၊ရေးဦးနော် ကောင်းတယ်။