ရေးသားသူ ထင်လင်းအောင်
အကိုတစ်ယောက်လို ခင်မင်ရတဲ့ ကိုလမင်းငယ်က ကျွန်တော့်ကို tag ထားတယ်တဲ့။
မနက်ခင်းကို ဘယ်သို့အိပ်ရာထမယ်တဲ့။မရေးခင် အကိုtag ထားတာလေးကို
သေချာဖတ်မိပါတယ်။ကိုလမင်းငယ်က တော့ သူ အလွန်ချစ်မြတ်နိုး ရတဲ့ သူသဲသဲ
လှုပ်ချစ်ရတဲ့ ငယ်လေးဆိုတဲ့ ကောင်မလေးက သူမရဲ့ ချစ်သူကိုကြီးကို...
"ကိုကြီးးလေ မင်္ဂလာနံနက်ခင်းပါရှင်...မိုးလင်းပြီနော် အိပ်ယာကထတော့...
ကိုကြီး မိုးလင်းပြီလေကွာမထသေးဘူးလား...ကျောင်းသွားရမယ်ပာုတ်...
ကိုကြီးရေ မိုးလင်းပြီ ထတော့ လေကွာ ကိုကြီးအိပ်ပုတ်... အာဘွား...တဲ့
"အဲလို alarm ပေးပြီးနိုးသတဲ့လေဘယ်လောက်ကြည်နူးစရာကောင်းတဲ့ နံနက်ခင်း
လေးလဲ....ပထမဦးဆုံး ကိုယ်အလွန်ချစ်ရတဲ့ ချစ်သူရဲ့ အသံကိုကြားပြီး အိပ်ရာထရတာ
ဟာမနက်ခင်းတိုင်းဟာလှပနေမှာပါ...ကျနော့်ရဲ့ မနက်ခင်းကရော...ဘယ်လိုလဲ....
အကိုလမင်းငယ်ကသိချင်ပြန်သတဲ့လေ...

*********

ညက စာတွေဖတ်၊ကိုယ့်ရဲ့ခံစားချက်လေးတွေကိုရေးနေတာရယ်ကြောင့်...
အိပ်တာနောက်ကျသွားတယ်….။ဆိုတော့ကား ခါတိုင်းခါ ၆ နာရီထနေကျ
အခုမထချင်သေးဘူး။နိုးတော့နိုးနေပြီ။ ဒါပေမယ့် ဆက်မှေးနေလိုက်တယ်။

“မောင်....မောင်...မောင်...”

ချစ်ရတဲ့ ချစ်သူလေးရဲ့ ရဲ့ အသံလေး... ဆက်ကြားချင်နေမိလို့...
မကြားချင်ယောင် ဆောင်ပြီး... ဆက်မှေးနေလိုက်သေးတော့... ။

“မောင်... ရေ... ထတော့လေကွာ... ဒီမှာ မ တောင် စာကလေးတွေကို
အစာကျွေးပြီးပြီ...မောင်...အိပ်ပုတ်လေး...ချစ်ဆုံးလေး...ထတော့လေ
ကွာ..”

ချစ်သူလေး ကပြောပြောဆိုဆိုနဲ့ အနားလာပြီး... နိုးတယ်.. မထသေးဘူး...
ဘယ်ရမလဲ။ ဒီလိုနိုးနေရုံလေးနဲ့တော့် ဒီကကောင်က ဘယ်ထအုံးမလဲ...။
ဆက်ပြီး...အိပ်ချင်ယောင်ဆောင်နေလိုက်တယ်... ။ ချစ်သူ လေးက
မျက်နှာနားလေးကပ်ခါ...

“.....”
သုံးကြိမ်အနမ်းပေးပြီး...
“မောင်...ထတော့ အလုပ်လည်းသွားရအုံးမယ်ကွာ...ထတော့ ”လို့
ပြောတော့ ကျွန်တော် မထပဲမနေနိုင်တော့်...ကျွန်တော် လိုချင်တဲ့ ချစ်သူရဲ့
အနမ်းလေးတွေ...ကျွန်တော်သိပ်ချစ်တဲ့ ချစ်သူရဲ့ အသံလေးတွေကို
ကြားလိုက်ရတော့...ကျွန်တော် အားအင်အသစ်တွေနဲ့ နေ့သစ်တခ်ခုကို
နိုးထလိုက်ပါပြီ... ချစ်သူရဲ့ အသံလေးတွေနဲ့...ချစ်သူရဲ့ အနမ်းလေးတွေနဲ့
ဒီနေ့မှာ ဖြစ်လာမယ့် စိန်ခေါ်မှုတွေ၊ ဒီနေ့မှာဖြစ်လာမယ့် လောကဓံတရားတွေကို
ရင်ဆိုင်ဖို့ready ဖြစ်နေပါပီလေ။ ကျေးဇူးပဲချစ်သူရေ...ကိုယ့်ကို...ဒီနေ့...
အကောင်းဆုံးလုပ်ဖို့... အားအင် တွေပေးတဲ့ အတွက်ပေါ့...။

*********

ဒါဟာအိပ်မက်လား...တွေးနေမိတာလား...မသိခင်...ကျွန်တော်နိုးထလိုက်ပါပြီ။
ဒါပေမယ့်ကျွန်တော့်ဘေးနားမှာ ကျွန်တော်သိပ်ချစ်တဲ့ ချစ်သူမရှိဘူးဆိုတာတော့
သေချာတယ်...ချစ်သူက သူမရဲ့ အိမ်မှာပဲရှိနေတာကိုး။ဒါပေမယ့် တစ်နေ့မှာ
အဲလိုဖြစ်လာလိမ့်မယ်လို့အကြွင်းမဲ့ယုံတယ်...ဘာကြောင့်လဲ ဆိုတော့...
ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေဟာ တစ်နေ့ကျရင် အမှန်တကယ်ဖြစ်လာမှာလို့
ယုံကြည်နေမိလို့ပဲ။
Labels: edit post
6 Responses
  1. Anonymous Says:

    ပိာပိာ....တကယ်မှတ်လို့ ဆက်ဖတ်နေတာ ၊ဘယ်ဆိုးလို့လည်းပေါ့ ချစ်သူ နိုးတယ်ဆိုတော့

    ဘာပဲဖြစ်ဖြစ် ယုံကြည်ချက်ကို ခိုင်ခိုင်မာမာထားတဲ့အတွက် ချီးကျူးပါတယ် ၊အဲဒီအတိုင်းဖြစ်လာမှာပါ။

    ရေးပေးတာကျေးဇူးတင်တယ်နော် ကိုကြီးအစား


  2. mikozan Says:

    တကယ်. ဘဝမြန်မြန် ရောက်အောင်ဆုတောင်းပေးမယ်


  3. may16 Says:

    ကိုထင်လင်းအောင် . . . နံက်ခင်းကို နိုးထပုံကို ရေးထားတာ ဖတ်လို့ကောင်းပါတယ် ပျော်ရွင်ပါစေ ယုံကြည်ချက်တွေ အမြန်ဆုံးဖြစ်လာပါစေရှင်...


  4. "မနက်ခင်းကို ဘယ်သို့အိပ်ရာထမယ်"

    စာဖတ်ချိန်ကများတော့ နေမကောင်းတဲ့ အချိန်ကလွဲရင်
    ည ၂နာရီနောက်ပိုင်းမှ အိပ်ရာဝင်ဖြစ်တယ်-----
    နံနက်ခင်းစောစော ဘယ်တော့မှ မထနိုင်ခဲ့လို့
    နံနက်ခင်းအလှကို မတွေ့ ရတာ ကြာလှပြီ--
    အိပ်ယာထချိန် တန်လာပြီဆိုရင်ဖြင့်---
    အင်မတန်နူးညံ့သိမ်မွေ့လွန်းသည့် မွေးသမိခင်
    ကျေးဇူးရှင် မေမေ ရဲ့ သာယာသောအသံ သဲ့သဲ့လေး
    ကို စ တင်ကြးရပြီလေ--မေမေ က ထ တော့လေ လို့
    ဘယ်သောအခါမှ မနိုးခဲ့ပါဘူး---
    သွာက္ခာတော ဘဂဝတာဓမ္မော
    သန္ဒိဌိကော
    အကာလိကော
    ဧဟိပဿိကော
    သြပနေယျိကော
    ပစ္စတ္တံ ဝေဒိတဗော ဝိညှုဟိ----
    အဲဒီခါ---ကျမ အိပ်ရာက ထပြီ-----


  5. mgnge Says:

    အိုးမာရေးမျက်စွာ ဖယား။။။
    အိန္ဒြာ ကျော်ဇင်နဲ့ ညား...။

    နာ့စိတ်ကူးး....။

    ဒါမှတို့ ဘော်ဘော် ကွ..။ လူအထင်ကြီးအောင် ရေးတတ်တယ်..။ ဟိဟိ


  6. Min Myat Soe Says:

    ဒီ Post လေးထဲကအတိုင်း ကိုထင်လင်းအောင်ကြီး ဖြစ်လာပါစေဗျာ