ရေးသားသူ ထင်လင်းအောင်
ဒီအာရုံလေးကို ကျွန်တော်မယူမိတာ အတော်ကြာနေပြီဖြစ်သည်။ဒီနေ့မနက်ခင်းမှာတော့
ဘယ်လိုကဘယ်လို စိတ်ကူးပေါက်သွားသည်မသိ။ခါတိုင်းခါ ဘုရားရှိခိုးပူဇော်ရင်...
ဗုဒ္ဓ၏ ဂုဏ်တော်ကိုးပါးကို ပါဠိရော၊ အဓိါပ္ပာယ်ပါရွတ်၊ ရွတ်ဖတ်ပူဇော်နေကျ
သုနက္ခတ္တံဂါထာတော်လေးကိုရွတ်၊ဖုဠဿဂါထာတော်လေးကိုလည်းရွတ်ဖတ်ပြီးရင်....
မေတ္တာပို့...အမျှဝေတယ်....။

ဒီနေ့မနက်ခင်းလေးမှာတော့ အာနပါနနုဿတိပွားများမိသည်။ဝင်တယ်...ထွက်တယ်...
ဝင်တယ်...ထွက်တယ်...မိမိရဲ့စိတ်ကိုနှာသီးဖျားမှာထားပြီး...၀င်လေ...ထွက်လေတို့
၏သဘောတရားကိုကြည့်နေမိသည်...၀င်လေ...ထွက်လေတို့၏သဘောတရားဆိုတာက
ပူ၊အေး၊နွေးဆိုတဲ့ တေဇောသဘောတရား...၊မာ၊ပျော့၊ကြမ်း၊ချော၊လေး၊ပေါ့ ဆိုတဲ့
ပထ၀ီသဘော...လှုပ်ရှား၊ရုန်းကန်ဆိုတဲ့ ၀ါယောသဘော... ယိုစီးဆိုတဲ့ အာပေါ
သဘောတရားတွေကို မလွတ်တမ်းကြည့်နေနိုင်ရမှာ...သိနေနိုင်ရမှာ...ဒါပေမယ့်
ဒီအာရုံတွေ... ဒီသဘာဝတရားတွေကို မလွတ်တမ်းကြည့်နေနိုင်ဖို့ဆိုတာက
သတိတရားအမြဲထားနေနိုင်မှ...ကြည့်နေနိုင်မှာ..သတိကို တရပ်စပ်မပြတ်မှတ်နေနိုင်မှ
သိနိုင်မှာ....။

ဟော..အခုတော့ ကျွန်တော်က ဒီအာရုံတွေကို ကြည့်ဖို့မေ့နေတာက အတော်ကြာနေပြီ...။
လူငယ်တစ်ယောက်ဖြစ်နေတယ်ဆိုတော့လည်း ဒီသဘာဝတရားကိုသိအောင် ကျင့်ဖို့မေ့နေတာ။
သတိတရားအမြဲမထားနိုင်တာ...။ လူငယ်ထဲကလူငယ်တစ်ယောက်ဆိုတော့...ပျော်ရွှုင်စရာ
တွေအာရုံထဲမှာ ပျော်နေမိတာဆန်းမယ်မထင်ပါဘူးလေ...။ လူ့သဘာဝ၊ လူ့စရိုက်ကိုက
မကောင်းမှုကို လုပ်မယ်ဆိုရင် အလွယ်လုပ်မိကြသည်။အချန်မရွေးလုပ်ဖို့ မနှေးတတ်ကြ။
ကောင်းမှုကုသိုလ်ကိုလုပ်ဖို့ကြတော့ နေ့ရွှေ့ညရွှေ့ လုပ်ဖို့ အထနှေးနေတတ်တဲ့
လူမျိုးတွေလေ....။

ဆိုတော့ကား ၀င်လေ...ထွက်လေကိုပဲ မလွတ်တမ်းမှတ်နေရတာမလွယ်လှ...၀င်လေ...
ထွက်လေ...မှတ်နေရင်းနဲ့..အတွေးတွေက ဖျက်ကနဲ ဖျက်ကနဲ ၀င်ဝင်လာလိုက်တာလေ...
အခုပဲကြည့်...ကျေးဇူးတင်တဲ့စိတ်ကလေး...ကျေးဇူးတင်တဲ့အတွေးလေး...ဖျက်ကနဲ
ဲဝင်လာတယ်...ခဏလေးပါပဲ...မှတ်သိစိတ်က...အတွေးတွေးမှန်းသိလိုက်တဲ့အခါ...
ငါပျံ့လွင့်သွားပြီပဲ...ဆိုပြီး သတိကိုမြင့်လိုက်သည်...၀င်လေ...ထွက်လေကို အာရုံပေါ်
ကိုပြန်တင်လိုက်သည်။ဝင်လေ၊ထွက်လေမှတ်ရင်းနဲ့ ကိုယ့်စိတ်ကို ပြန်ကြည့်လိုက်တဲ့အခါ...
စိတ်ရဲ့ ငြိမ်းချမ်းမှု၊စိတ်ရဲ့တည်ငြိမ်မှုလေးတွေကိုတွေ့ရသည်။

ဘာကိုမှမတွေးတဲ့စိတ်...အမှန်တရားကိုသိမြင်တဲ့စိတ်...စိတ်ကိုညစ်ကြေးစေတဲ့၊စိတ်ကို
ပူလောင်စေတဲ့ ကိလေသာဆိုတဲ့အရာတွေရဲ့ လွှမ်းမိုးချုပ်ချယ်မှုအောက်မှ လွတ်မြောက်နေ
တဲ့စိတ်ဟာ ဘယ်လောက်အေးချမ်းလိုက်မည်နည်း...ဘယ်လောက်လွတ်လပ်လိုက်မည်နည်း.... ဘယ်လောက်ငြိမ်းချမ်းလိုက်မည်နည်း...။
3 Responses
  1. ၀င်လေ၊ထွက်လေမှတ်ရင်းနဲ့ ကိုယ့်စိတ်ကို ပြန်ကြည့်လိုက်တဲ့အခါ...
    စိတ်ရဲ့ ငြိမ်းချမ်းမှု၊စိတ်ရဲ့တည်ငြိမ်မှုလေးတွေကိုတွေ့ရသည်။

    "ငြိမ်းချမ်းမှုလေး"
    ဖတ်ပြီး ငြိမ်းချမ်းသွားပါတယ်--
    ပျော်ရွှင်ပါစေ--


  2. တော်ကြာ တရားပေါက်သွားလို့ ပို့စ်ကောင်းကောင်းလေးတွေ ဖတ်ခွင့်မရမှာတောင် စိုးရိမ်မိသေးတော့၏။


  3. mgnge Says:

    ကောင်း ပါ့.... ငါလည်း မကြာမကြာလုပ်တတ်တ တ် ဟ။။
    နံနက်ခင်းအိပ်ယာစောစောထတဲ့ နေ့ တွေဆို လုပ်ဖြစ်တာ များတယ်....။ 15 မီးနစ်လောက်ပဲ အာနာပါဏရှု ကြည့် .. တစ်နေ ကုန် စိတ် ကိုလန်းဆန်းနေတာပဲ..။

    ကောင်းတယ်သူငယ်ချင်းဆက်သာလုပ်


    အားပေးလျက်