ရေးသားသူ ထင်လင်းအောင်
ငါဟာ ချစ်တတ်တဲ့သူ တစ်ယောက်ဖြစ်လေတော့
မေတ္တာတွေပေးရင်း ပြီးဆုံးသွားရမှာ...


မင်းနဲ့ ဝေးရခြင်း ရက်တွေလည်း
လွမ်းလွမ်းဆွေးဆွေး တွေးနေတာ....


ငါ့ရဲ့ သတိရတမ်းတမှုကို
အချိန်မှီ သိရှိနိုင်ပါ့မလား....


အိပ်မရနိုင်လောက်အောင်
လွှမ်းမိုးနိုင်ခြင်းကို
အချိန်မှီ နားလည်နိုင်ပါ့မလား....


တကယ်တော့
မင်းကို ကိုယ်ချင်းစာတတ်စေချင်တာပါ...


အထူးသဖြင့်
မင်းကို မေတ္တာထားတတ်စေချင်တာပါ.....
Labels: edit post
1 Response
  1. mgnge Says:

    ဘယ်သူ့ ကို ပြောတာလည်း မေတ္တ္နာ ထားတတ်စေ ချင်တယ် ဆိုတာ က...။ ကောင်လေးမရိုးတော့ဘူးထင်တယ်......။
    :D