ရေးသားသူ ထင်လင်းအောင်
*ဘ၀မှာ ကုသိုလ်ကောင်းမှုလုပ်ခြင်းရယ်၊ရိုးသားမှုရယ်၊ကြိုးစားမှုရယ်ရှိနေရင် ကံကောင်းခြင်း
လက်ဆောင်တွေ ရလာမှာပါ။

*ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာ၊ကိုယ့်ကို ကူညီတဲ့သူတွေကို မေ့လို့မဖြစ်ဘူး။အမြဲတမ်းဦးထိပ်ထား
နေရမယ်။

*မြတ်စွာဘုရားရှင်ရဲ့ သားတော်အရှင်ရာဟုလာက တစ်နေ့တစ်နေ့မှာ သူတော်ကောင်းတွေဆီက
လက်တစ်ဆုပ်စာသဲပမာဆုံးမသွန်သင်စကားတွေရရင်ကောင်းမှာပဲ လို့ အကြံဖြစ်မိတယ်။

*ဘ၀အောင်မြင်မှုအတွက် အောင်မြင်သောသူ၊သူတော်ကောင်းသူတော်မြတ်တွေက ဘ၀အောင်မြင်
အောင် ဘယ်လိုနေထိုင်ရမယ်၊ဘယ်လိုကြိုးစားရမယ် လို့ ငါ့ကို နေ့တိုင်းဆုံးမသွန်သင်ကြရင်
ကောင်းမှာပဲ။

*လူတစ်ယောက်ကို သံယောဇဉ်နှောင်ဖွဲ့ တကယ်ချစ်ခဲ့မိရင် အဲဒီလူကို မေ့ပြစ်လိုက်ဖို့ဆိုတာ
တော်တော်ခက်လိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ အဲဒီလူဟာ ကိုယ့်အတွေး၊ကိုယ့်သွေးထဲမှာ
စီးဆင်းနေလို့ပေါ့။
ရေးသားသူ ထင်လင်းအောင်
ASP.NET ကို လေ့လာမယ်ဆိုတော့ ကျနော့်အကျင့်ကလည်း Ebook ကိုမဖတ်ချင်။Tutorials တွေပဲ လိုက်ပြီးဖတ်နေမိတယ်။Tutorials တွေက လည်းဖတ်ရတာကောင်းပါတယ်။အရင်ကတော့ html , css,
javascript, php တို့ကို နားလည်အောင်လုပ်မယ်ဆိုပြီး လေ့လာတုန်းကလည်း tutorials တွေကို
ဖတ်မိတာပဲ။web applications languages တွေကို လေ့လာမယ်ဆိုရင် ကျနော်ကတော့
w3schools ကို ဒိုးတော့တာပဲ။

w3schools မှာက သေသေချာချာ အခြေခံကျကျရှင်းလင်းထားတာကိုး။ဒါပေမယ့် အခု ASP.NET ကို
လေ့လာတော့မယ်ဆိုတော့ w3schools မှာလေ့လာရတာ သိပ်ပြီးအားမရဘူး။ဒါနဲ့ ထုံးစံအတိုင်း ဟိုရှာဒီရှာ Google မှာရှာ...တော့...
www.asp.net
www.functionx.com
ဒီနှစ်ခုကိုတော့ လောလောဆယ်အကြိုက်တွေ့မိတယ်။ဖတ်ရတာရှင်းတယ်။လေ့လာရတယ်လွယ်တယ်။
functionxမှာကတော့ အစုံပဲရှိတာ။ c++,c#,java, vb စတဲ့ programming languages တွေ Database ကိုလေ့လာချင်ရင်လည်း အိုကေပဲရှိတယ်။web application ပိုင်းကိုလေ့လာချင်တယ်ဆိုရင်လည်း အိုကေပဲ။asp.net ကိုလည်း ဖတ်ရတာ ကျွန်တော့်အဖို့တော့ အဆင်ပြေပါတယ်။ကဲ asp.net ကို လေ့လာပါပြီတဲ့။ကိုယ်ဘာတွေ သိထားရမလဲဆိုရင်... html,css,javascript ကို တော့ သိထားရမယ်။အဲဒါတွေ နားလည်မှ asp.net ကို လေ့လာရတာလွယ်မယ်။ ASP.net ကို run မယ်ဆိုရင်တော့ Visual Studio.Net 2005 နဲ့ run ရမယ်တဲ့။ note pad နဲ့လည်း ရေးလို့ရတယ်တဲ့။ဒါပေမယ့် ကျွန်တော့်ကတော့ Visual Studio.Net 2005 Dvd တစ်ချပ်ကိုပဲ ၀ယ်ပြီး install လုပ်လိုက်တယ်။Visual Studio.Net မှာ c# လည်း run လို့ရတယ်။Micorsoft SQL 2005 လည်းပါတယ်လေ။ASP.net ကိုလေ့လာပြီဆိုတော့လည်း asp.net က vb or c# နဲ့ ပေါင်းပြီးရေးရတာလေ။

အဲဒီတော့ c# or vb အခြေခံသဘောတရားတွေကို နားလည်ထားမှလည်း အဆင်ပြေမယ်။အဲဒီအတွက်လည်းမပူပါနဲ့ c# နဲ့ရေးချင်တယ်ဆိုရင်ဖြင့် c# အကြောင်းကို functionxမှာ လေ့လာလိုက်ပါလို့ တိုက်တွန်းပါရစေ။ အဆင်ပြေမှာပါလေ။ကဲ...သူငယ်ချင်းတို့ရေ...web application
ကို စိတ်ဝင်စားတယ်ဆိုရင်ဖြင့်...ကျွန်တော်နဲ့ ဒီဆိုက်လေးတွေမှာ အတူတူလေ့လာကြရအောင်ဗျာ။
ဒီဆိုက်လေးတွေဆိုတာ....
functionx
ASP
မမေ့နဲ့နော်.....:D
ရေးသားသူ ထင်လင်းအောင်
ကျွန်တော့်ဘလော့ဂ်လင့်လေးပြောင်းလိုက်ပြီဗျာ...
နောက်ဆို သူငယ်ချင်းတို့ ကျွန်တော့်ဆီ လာလည်ချင်ရင်....
http://www.htinlinnaung.co.cc မဟုတ်တော့ဘူးနော်..
http://htinlinnaung.myanmarbloggers.info
ဆိုပြီးလာခဲ့ပါတော့။အသေအချာ ကျွန်တော်ရှိနေမယ်။
ရေးသားသူ ထင်လင်းအောင်
မေမေမေမေ ခေါ်လေချင်လည်း
မေမေမှာကား တစ်နယ်ခြားမှာ...။

မေမေ့စကား ကြားချင်လှလည်း
မေမှောကား တစ်နယ်ခြားမှာ...။

မေမေ့မေတ္တာ ကြင်နာအများ
သားရချင်လည်း
မေမေမှာကား တစ်နယ်ခြားမှာ...။

မေမေနဲ့ သား
မိုင်ပေါင်းများစွာ ဝေးကွာခြားလည်း
များလှကျေးဇူး အထွေထူးကို
ဦးထိပ်ထားကာ
ရှိခိုးလျက်ပါ မေမေရယ်...။

ကျွန်တော့်ဘလော့ဂ်မှာ ပထမဦးဆုံးတင်တဲ့ ကဗျာလေးပါ။ခုဆို....တစ်နှစ်နဲ့ ၄ရက်ရှိသွားပြီ။
ကျွန်တော် မေမေ့ကို အရမ်းသတိရတဲ့အတွေးတွေ ရင်ထဲမှာထိမ်းမရလွန်းလို့....
စာရွက်ပေါ်မှာ ကာရံလေးတွေနဲ့ ရေးခဲ့တာပါ။မှတ်မိနေပါသေးတယ်....။ကျွန်တော် မုံရွာ
ကွန်ပျူတာတက္ကသိုလ်ကြီးမှာ စတက်တော့မယ်ဆိုတော့...အမေနဲ့ ခွဲခွာရတော့မယ်။မေမေ့ကို
ခွဲခွာခါနီး ထိုင်ပြီး...ရှိခိုး...ကန်တော့တော့..ကျွန်တော် မျက်ရည်ကျပြီး...မေမေ့ရင်ခွင်ထဲမှာ ငိုခဲ့တာကိုလေ....။ကျွန်တော်ငိုတော့ မေမေလည်း ငိုတာပါပဲ။ဒီတစ်ခါ ရန်ကုန်လာခါနီး
မေမေ့ကို ကန်တော့်တော့ ကျွန်တော်မငိုတော့ပါဘူး။မေမေရော....။ မေမေ့မျက်ဝန်းထဲမှာ...
ကျွန်တော့်နဲ့ ခွဲခွာရတော့မယ်ဆိုတဲ့ အတွေးတွေနဲ့ ဆို့နစ်ကြေကွဲနေတယ်ဆိုတာ....
မေမေ့မျက်ဝန်းတွေကို ကြည့်ရင်း ကျွန်တော်သိခဲ့ပါတယ်လေ။မေမေ့ကို ကျွန်တော်နေ့တိုင်း
သတိရပါတယ်။မေမေနဲ့ အဖေ ကို ကျွန်တော် မျက်နှာသစ်တိုင်း...ဤရေကဲ့ သို့
မေမေနဲ့ အဖေတို့ရဲ့ စိတ်နှလုံးအေးချမ်းပါစေလို့...မေတ္တာပို့ပေးပါတယ်။
မေမေနဲ့ အဖေ နေကောင်းပါစေသား......ဟု...ဆုတောင်းရင်း....စိတ်ထဲကနေ
ရှိခိုးကတော့လိုက်ပါတယ်။
ရေးသားသူ ထင်လင်းအောင်
ASP.NET စပြီးလေ့လာလို့ကောင်းမယ်လို့ထင်ရတဲ့ ebook လေးတွေကျွန်တော်
ရှာထားတယ်...။သူငယ်ချင်းတို့လိုချင်ရင်ယူသွားလေ....။ကျွန်တော်လည်းဖတ်ရ
အုံးမယ်...ဒေါင်းလုပ်သာလုပ်ထားတာခုထိမဖတ်ဖြစ်သေးဘူး။
GettingASP.NET

ASP.net sample
ရေးသားသူ ထင်လင်းအောင်
ရေတွေပက်နေကြပြီလေ....ဒီနေ့သင်္ကြန်အကြိုနေ့ကိုးဗျ...ကျွန်တော်ကတော့ ရေလည်းမပက်
နိုင်ပါဘူး။မနက်ခင်းအစောကြီးအိပ်ရာထပြီးတော့... ဘုရားကိုသွားပြီး အောင်သပြေခက်တွေနဲ့
နှစ်သစ်မှာ ကုသိုလ်ယူလိုက်တယ်ဗျာ။ဘုရားကို ပူဇော်လိုက်တယ်။စိတ်ထဲမှာတော့ နှစ်သစ်
အကြိုမှာ စိတ်တွေပျိုသွားသလိုပါပဲ။ရေကတော့ပက်လည်းပက်ချင်စိတ်မရှိဘူး။ဒါပေမယ့်
အိမ်မှာတစ်ယောက်တည်း နေနေရတာတော့ ပျင်းတယ်ဗျာ...။ဘေးနားက အိမ်က
သူငယ်ချင်းတစ်ယောက်နဲ့ တော်ကီပွားပြီး...tea shop ကိုဒိုးတယ်။.tea shop ဆိုင်
မှာ ဆက်ပြီးတော်ကီပွားတယ်။လူကို ကချင်စိတ်အတော်ပေါက်တဲ့ သီချင်းတွေကို ဆိုင်က
ဖွင့်နေတယ်။စိတ်ကိုအတော်တင်းထားရတယ်။စိတ်ထဲကတော့ ပြောနေတယ်...ကချင်လိုက်တာ
လို့...:D ။ရပ်ကွပ်တွင်းက ကလေးတွေရေပက်တာကို ကြည့်နေလိုက်ပြီး ကိုယ်ငယ်ငယ်က
ရေကစားခဲ့၊ရေပက်ခဲ့တာကို သတိရမိပြန်တယ်။tea shop မှာ ၁ နာရီသာသာလောက်ထိုင်
ပြီးတော့ အိမ်ပေါ်တက်ပြီး တစ်ရေးတစ်မောအိပ်လိုက်တယ်။နိုးတော့ ၁၂ နာရီထိုးနေပြီ။ကဲ...
ဒီအချိန်တော့ ရေမပက်လောက်တော့ပါဘူးလို့ အောက်မေ့ပြီးဆိုင်ကို ထွက်လာခဲ့တယ်။
ကိုယ်လုပ်တဲ့ အင်တာနက်ဆိုင်မှာလည်း ကိုယ်တစ်ယောက်တည်း။အဖော်တစ်ယောက်က
မလာဘူး။ဆိုတော့ ဒီနေ့ဘာလုပ်ရကောင်းမလဲစဉ်းစားရင်း btemplates
မှာ template တွေရှာကြည့်မိတယ်။ကိုယ်ကြိုက်တဲ့ ပုံစံကို ရှာရတာမလွယ်ပါဘူး။အချိန်၁
နာရီလောက်ပေးရလိုက်ရတယ်။တွေ့တော့ template change ကြည့်မိတယ်။ပြင်ပြီးတော့
အချိန်က ၅ နာရီထိုးနေပြီ။ကိုယ်ပြင်လိုက်တဲ့ ပုံစံလေးကို ကြည့်ပြီး မောတာတွေတောင် ဘယ်ရောက်သွားမှန်းမသိပါဘူး။ပျော်လိုက်တာ....။သူငယ်ချင်းတို့လည်း ကျွန်တော့်
template လေးကို သဘောကျကြရဲ့လားမသိဘူး။ကျွန်တော်ကတော့ ရန်ကုန်သင်္ကြန်
အကြိုနေ့မှာ အပြင်ဘက်က နတ်ဒိုးတွေကို နားထောင်ပြီး ပြောင်းလိုက်တာဗျိုး။