ရေးသားသူ ထင်လင်းအောင်
ဘူတာကြီးရဲ့ ခရီးသည်တွေနားနေတဲ့ ထိုင်ခုံလေးတစ်ခုံပေါ်မှာ သူထိုင်ရင်း မလာနိုင်ပါဘူးလို့
ပြောထားတဲ့ “မ” ကို သူ့ရဲ့စိတ်က စောင့်မျှော်နေမိသေးတယ်။မ…ရယ်…မောင်တွေ့ချင်လိုက်
တာ…သူ့ရဲ့စိတ်ထဲကနေ တိုးတိုးလေး…တကယ့်ကိုတိုးတိုးလေး…၀မ်းနဲမျှော်လင့်စွာ ပြောနေ
မိတယ်...။

၁၁:30
သူစီးရမယ့် အမှတ် ၂၉ အထူးမြန်မန္တလေးသွားမည့်ရထားကြီးဆိုက်ရောက်လာပြီ။သူ အလွန်
တွေ့ချင်နေတဲ့ “မ”၊သူသိပ်ချစ်တဲ့ “မ” ကို နောက်ဆုံးမတွေ့မြင်ရတော့ဘူး...။ သူ
ရထားပေါ် ကိုတက်လိုက်တယ်။သူ့ရဲ့ ထိုင်ခုံနေရာကိုကြည့်လိုက်တော့ ပြတင်းပေါက်လေး
ဘေးနားမှာ...သူ ထိုင်နေရင်း ရထားမထွက်ခွာခင်အချိန်ထိ သူ သိပ်ချစ်တဲ့ “မ” ကို
မျှော်လင့်တကြီးစောင့် နေမိတယ်...တကယ့်ကို ရူးသွပ်စွာ...။

၁၂:၁၅
ရထားစတင်ထွက်ခွာနေပြီ..။မနေ့က “မ”နဲ့နောက်ဆုံးတွေ့ဆုံနှုတ်ဆက်ခဲ့စဉ်က “မ”ရဲ့
ပုံရိပ်တွေ...“မ”ရဲ့ နှုတ်ဆက်မျက်ဝန်းလေးတွေ...သူနဲ့ ခွဲခွာရမှာမို့ ...“မ”ရဲ့
ဝမ်းနဲမှုလေး တွေ…သူ့ရဲ့ စိတ်၊သူ့ရဲ့ အတွေးထဲမှာ ခေါက်တုံ့ခေါက်ပြန်သွားလာနေကြ
လေရဲ့။သူများတွေ အိမ်ကိုပြန်ရင် တပြုံးပြုံးနဲ့ ပျော်ရွှင်တတ်ကြနေပေမယ့်... သူက
တော့...အမှန်တကယ်ပြောရ ရင်..သူနဲ့ မတွေ့တာကြာပြီဖြစ်တဲ့ သူသိပ်ချစ်တဲ့ သူ
တန်ဖိုးထားတဲ့ အဖေ၊အမေ၊ညီလေး၊ ညီမလေးတွေကို ပြန်တွေ့ရမှာမို့ ပျော်ရွှင်မိပါတယ်။
ဒါပေမဲ့ ဒီအချိန်မှာ...“မ”ရယ်...မောင် တကယ်ဝမ်းနဲ မိပါတယ်လို့ သူ့စိတ်ထဲကနေ
ကြေကွဲစွာ ပြောနေပေမယ့် “မ”က သူပြောတာ မကြားနိုင်တော့တဲ့ ရန်ကုန်မြို့မှာ
ကျန်ခဲ့ပြီလေ...။

သူဟာ “မ” ကို အမှန်တကယ်ချစ်မြတ်နိုးမိတာပါ။“မ”ကလည်း သူ့ကို အမှန်တကယ်ချစ်မြတ်
နိုးတယ်လို့ သူ အကြွင်းမဲ့ ယုံကြည်နေမိတယ်။“မ”ရဲ့ မျက်ဝန်းလေးတွေ၊မရဲ့ အကြည့်တွေ
ဟာသူ့ကို ရိုးသားစွာချစ်နေတယ်လို့ သူခံစားမိလို့ပါ။“မ”ရဲ့ နှလုံးသားထဲက ဖြစ်ပေါ်လာတဲ့
ချစ်ခြင်းမေတ္တာဟာ “မ”ရဲ့ မျက်ဝန်းတွေထဲမှာ ဖြူစင်စွာ ပေါ်လွင်နေတယ်လေ။

တကယ်တော့ “မ”ဟာ သူ့ရဲ့ ပထမဦးဆုံးချစ်ဦးသူပါ။သူ့ရဲ့ဘ၀၊သူ...လူငယ်ဘ၀ကျင်လည်
ခဲ့တဲ့ သည်အချိန်ထိ “မ”လောက် သူ့ရဲ့အတွေးထဲမှာ…သူ့ရဲ့စိတ်ထဲမှာ စိုးမိုးနေရာယူနိုင်သူ
မရှိသေးပါဘူး။“မ” ရဲ့ပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်တတ်မှု၊“မ”ရဲ့ရိုးသားမှု နဲ့ “မ”ရဲ့ချစ်
ခြင်းမေတ္တာကို ဖော်ပြနေတဲ့ မျက်ဝန်းလေးတွေဟာ သူ့ကိုအလွှမ်းမိုးဆုံးအရာတွေပါ။

“မ” နဲ့ သူနဲ့ ချစ်သူမဖြစ်ခင်တုန်းက “မ” ပြောခဲ့တဲ့ စကားတွေကို အမှတ်ရနေမိသေးတယ်။
သူက “မ”ကို ချစ်တယ်လို့ဖွင့်ပြောတော့ “မ” က သူငယချင်းလိုပဲခင်မင်ရအောင်တဲ့။
“မဖြစ်နိုင်ဘူး “မ”ရာ၊ကျွန်တော်က “မ”ကို ချစ်သူတစ်ယောက်လိုချစ်မြတ်နိုးတာလေ”
“မ” ကဆက်ပြောတယ်...
“ချစ်သူရည်းစားဆိုတာ ကြာရှည်မတည်မြဲဘူး”
“အာ...မဟုတ်သေးပါဘူးဗျာ...တစ်ယောက်နဲ့ တစ်ယောက် နားလည်စွာ သစ္စာရှိရှိ ချစ်ကြ
ရင် သက်ဆုံးထိတိုင် တည်မြဲပါတယ်”
ဒါပေမဲ့ “မ”ကတော့ တုံဏိဘာဝေ....တိတ်တဆိတ်လေးနေနေတယ်...။


မနေ့ ဆုံတွေ့တဲ့တစ်နေ့...။
“ မ ရယ်...ကျွန်တော့်ကို အဖြေပေးပါတော့၊ကျွန်တော်ပြတ်ပြတ်သားသားသိချင်တယ်...”
သူ ပြောလိုက်တယ်။
“မချစ်ဘူး ” “မ” က ပြတ်သားစွာပြောလိုက်တယ်။
သူ့ရဲ့ဘ၀၊သူ့ရဲ့လောကမှာ မကြားချင်ဆုံး စကားကို သူကြားလိုက်ရတော့ သူ့ရဲ့ပါးစပ်တွေ
ရုတ်တရက်ဆွံအသွားကြတယ်။သူ့ရဲ့စိတ်ထဲမှာ တကယ့်ကို ၀မ်းနဲ့ကြေကွဲစွာ “ငါ က မရဲ့
အချစ်ကို အရမ်းမျှော်လင့်နေတာ....အခုတော့ သွားပါပြီကွာ” ဟု ရေရွတ်မိတယ်။

ဒါပေမဲ့ “မ” ရဲ့အချစ်ကို သူရခဲ့ပါတယ်။အဲဒီနေ့က လပြည့်ကျော်တစ်ရက်နေ့၊အေးမြတဲ့
ညချမ်းလေး...သူနဲ့ ” “မ”က တံတားလေးပေါ်မှာ ကြည်လင်အေးချမ်းလှပလွန်းတဲ့
လမင်းကြီး ကိုကြည့်ရင်း...သူက သူ့ရဲ့ နှလုံးသားထဲက သဘာဝအတိုင်းဖြစ်ပေါ်လာတဲ့
ခံစားချက်လေးတွေကို “မ” ကိုပြောပြနေတယ်။“မ” က သူ့ရဲ့ ခံစားချက်တွေကို
တိတ်ဆိတ်စွာ နားထောင်နေတယ်...။

လမင်းကြီးဆီက ဖြာထွက်လာတဲ့ အေးမြတဲ့ အလင်းရောင်...တံတားလေးပေါ်ကို
ဖြတ်တိုက်လာတဲ့ လေပြေလေနုလေးတွေက သူနဲ့ “မ”ရဲ့ ချစ်မေတ္တာကို
ပေါင်းစပ်ပေးမယ့် မြှားနက်မှောင်သဖွယ်....။

သူဟာ “မ”ရဲ့ လက်နွေးနွေးလေးကို မ၀ံ့မရဲ ဆုပ်ကိုင်လိုက်တယ်။
“မ...ကျွန်တော်ကို ချစ်လားဟင်”သူ ခပ်တိုးတိုးလေး မေးလိုက်တယ်။“မ” က ဘာမှ
ပြန်မပြော။တုံဏိဘောလုပ်နေပြန်တယ်။

“မ...ကျွန်တော့်ကိုချစ်လားပြောပါ။”သူက ပြောပြောဆိုဆိုနဲ့ “မ”ကို သူ့ရင်ခွင်ထဲ
ဆွဲသွင်းလိုက်တယ်။“မ” က အတင်းရုံးပြီး “မဖက်နဲ့ ”လို့ပြောတယ်။
ဒါပေမဲ့ သူက “မ”ကို မလွှတ်တော့ဘူး။
“မ...ကို ကျွန်တော့်ဘ၀ထဲကနေ ကျွန်တော့်ရင်ခွင်ထဲကနေ မလွှတ်ချင်တော့ဘူး”
“မပိုနဲ့ ”လို့ပြောတယ်။ဒါပေမယ့် “မ”ပြုံးနေတယ်။“မ” ရဲ့ အပြုံးနုနုလေးတွေကို
မြင်ရင် သူပျော်တယ်။


ငါ့တူကြီး ထမင်းစားရအောင်လား..ဘေးဘက်ခုံက ဦးကြီးကပြောမှ ထမင်းစားဖို့
သူသတိရတော့တယ်။အချိန်နာရီကိုကြည့်လိုက်တော့ ည ၇ နာရီထိုးနေပြီ။ထမင်း
စားနေစဉ်မှာ လည်း “မ” နဲ့ အတူတူထမင်းစားခဲ့တာတွေ..“မ” နဲ့ အတူတူ
လျှောက်လည်ခဲ့ကြတာ တွေဟာ သူရဲ့ အတွေးစဉ်ထဲမှာ သွားလာနေကြပြန်လေရဲ့။


“မ..ရယ် မောင် အရမ်းသတိရတာပဲကွာ”သူ့စိတ်ထဲကနေ “မ” ကို တမ်းတစွာ
ရေရွေတ်နေမိတယ်။“မ”လည်းသူ့ ကို သတိရနေပါ့မလား...“မ” ရဲ့ အတွေးထဲမှာ
သူရှိနေပါ့မလား...လို့ မေးခွန်းထုတ်နေမိပေမယ့် “မ” ရဲ့ အတွေးထဲမှာ သူ
အသေအချာရှိနေမှာပါလို့ ယုံကြည်နေမိတယ်။ဘာလို့လဲဆိုတော့...“မ” က
သူ့ ကို အရမ်း ချစ်တာကိုး။

ယခုအချိန်မှာ “မ” နဲ့ မိုင်ပေါင်းများစွာ ဝေးကွာလှတဲ့ အညာမြေမှာ သူရောက်ရှိနေ
ပေမယ့် “မ”ကို သူ ရဲ့ စိတ်ထဲမှာ မြင်ယောင်နေလေတော့ “မ” ဟာ သူ့ အနား
ရောက်နေသလိုပါလား လို့ ရူးသွပ်စွာ ထင်မြင်နေမိပြန်တယ်။

“မ” နဲ့ ဝေးတဲ့ သူ့ရဲ့ ညတွေရောက်တိုင်းလည်း ညီလေးနဲ့ ဂစ်တာလေးတီး၊
အလွမ်းသီချင်းတွေ ဆိုရင်း “မ” ကို လွမ်းတယ်...။


စာအုပ်စားပွဲရှေ့ရောက်တိုင်း မရေးတတ်ရေးတတ် ကဗျာလေးတွေရေးရင်း၊၀တ္ထုတိုလေး
တွေ ရေးရင်း...“မ” ကိုလွမ်းတယ်။


သူ့ရဲ့ အမေနဲ့ အဖေတို့ ကို မေတ္တာပို့ပြီးတိုင်း သူချစ်မြတ်နိုးတဲ့ “မ” ကို နှလုံး
စိတ်ဝမ်းငြိမ်းချမ်း ပါစေလို့ မေတ္တာပို့ရင်း “မ” ကိုလွမ်းတယ်။


အမှန်တကယ်ပါပဲ။သူ့ရဲ့ စိတ်ထဲမှာ အချစ်ဆိုတဲ့ အရာရှိနေသ၍ “မ” ကို သူ
ချစ်နေမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် ခွင့်လွှတ်နားလည်ခြင်းရယ်၊အေးမြတဲ့
ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားတို့ ပေါင်းစပ်တည်ရှိနေသ၍ “မ” နဲ့ သူ့ရဲ့
ချစ်ခြင်းဟာ သက်ဆုံးထိတိုင်တည်ရှိနေမှာ မြေကြီးလက်ခတ်မလွဲပါဘူးလေလို့
သူယုံကြည်နေမိတယ်။တကယ့်ကို ရူးသွပ်စွာ...။
ရေးသားသူ ထင်လင်းအောင်
ကျွန်တော့်ရဲ့ ဘလော့လင့်ကို htinlinnaung007.blogspot.com
ကနေ http://www.htinlinnaung.co.ccသို့ ပြောင်းလဲလိုက်ပါပြီ။ blogspot
ကိုဖွင့်ရတာ ကျော်ရခွရနဲ့ တဖြည်းဖြည်းအာရုံနောက်လာလို့ပါဗျာ....။freegate
ကလည်း အားကိုးလို့မရတော့ဘူး။ freedom ကလည်းတစ်ခါတစ်ခါပွင့်ဖို့
တော်တော်စောင့်ရတယ်။ ဘုရားတပြီးဖွင့်နေရတယ်။ အချိန်တော်တော်ကုန်တာပဲ။
ဒါကြောင့်မို့ ကျော်စရာလည်းမလို၊ အချိန်လည်း ကုန်သက်သာတဲ့
blogspot မှသည် co.cc သို့ ပြောင်းလဲလိုက်ခြင်းဖြစ်ပါသည်ခင်ဗျား...။
ကျွန်တော့်ဘလော့ကိုဒီတစ်ခါဖွင့်ရင် ကျော်စရာမလိုတော့ဘူးနော်။
www.htinlinnaung.co.cc
ဆိုရင်ရပြီနော်။သူငယ်ချင်းတို့ အချိန်ကို
အကျိုးရှိစွာ အသုံးပြုတတ်ကြပါစေဗျာ..။
ရေးသားသူ ထင်လင်းအောင်
ကိုယ်သိတဲ့ မျက်ဝန်းလေးဟာ
ကိုယ့်ကို လွမ်းလျစိတ်နဲ့ ရီဝေနေမလား...
ကိုယ်မဟုတ်တဲ့ အခြားသူကိုပဲ မြင်ယောင်နေမှာလား...
ကိုယ့်အမြင်အာရုံတွေကတော့
မင်းဆီမှာပဲပေါ့ကွယ်။


ကိုယ်ပြောချင်တဲ့စကားလုံးတွေဟာလည်း
ကိုယ့်ရင်မှာတစ်ခံနေတော့
ကိုယ့်နှလုံးသားက
ထွက်ပေါက်မဲ့တဲ့ ကျောက်ဂူထဲမှာ ပိတ်မိနေသလို
အရမ်းကို မွမ်းကျပ်နေလှပြီ။


လေထုထည်ကနေ လွင့်မျောသွားတဲ့
ကိုယ့်ရဲ့ချစ်ခြင်းကို ပြန်ခေါ်ချင်ပေမဲ့
မမှီတော့ဘူး။


ကိုယ်မရဘူးတဲ့ ချစ်ခြင်းမေတ္တာဟာ
မင်းဆီမှာ ရှိနေနိုင်မလား...။


ကိုယ်က မင်းရဲ့အလင်းရောင်လေးကိုကြည့်
မီးနီပြသလိုဖြစ်နေရင်
အို...လောကမှာ
တစ်ယောက်ချစ်ရင် မပစ်ခွာပဲ
ပြန်လည်ကာချစ်ပါစေလို့ ဆုတောင်းမယ်...။
ရေးသားသူ ထင်လင်းအောင်
မနက် ၃နာရီခန့်လောက်ဟု ခန့်မှန်းရသည်။ကျွန်တော် အိပ်မက်တစ်ခု မက်သည်။ကျွန်တော့်
အိပ်မက်က အတော့်ကို ထူးဆန်းသည်။ကျွန်တော် လူမှန်းသိတတ်စ အရွယ်မှစ၍ ယခုအသက်
အသက် ၂၀ အချိန်ထိ သည်လိုအိပ်မက်မျိုးကို ကျွန်တော် မမက်ဖူးပေ။

အိပ်မက်ထဲတွင် ကျွန်တော် ဖြုန်းစားကြီးသေသွားသည်။သို့သော် ကျွန်တော့် အသုဘချခါနီးတွင်
အခေါင်းထဲသို့ ကျွန်တော်ကိုယ်တိုင်ဝင်ရသည်။

အဖေက ငါ့သား ၀င်တော့ဟုပြောသည်။ကျွန်တော်က ကြောင်ကြောင်စီစီကြီးဖြစ်နေသည်။အဖေ
က ငါ့သားကြောက်နေပြီလားတဲ့။ထိုအခါ ကျွန်တော်သည် ကျွန်တော့်စိတ်ကို တည်ငြိမ်အောင်
ထားကာ အသုဘအခေါင်းထဲသို့ ၀င်လိုက်သည်။ထို့နောက် အဖေက အခေါင်းဖုံးကို အုပ်လိုက်
သည်။ကျွန်တော်သည် အခေါင်းထဲသို့ရောက်သော် နဲနဲကြောက်သလိုခံစားရသည်။သို့သော်
ကျွန်တော့်စိတ်ထဲ အတွေးတစ်ခုဝင်လာသည်။ကျွန်တော် မျက်စိမှိတ်လိုက်သည်။ ထို့နောက်
ကျွန်တော်သည် "လူ၊နတ်၊ဗြဟ္မာ၊သတ္တ၀ါအပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော
မြတ်စွာဘုရား" လို့ ဂုဏ်တော်ပွားလိုက်သည်။ကျွန်တော့် အသုဘအခေါင်းကြီးကို သူတို့ မသွား
ပြီဟု ထင်ရသည်။အဘယ့်ကြောင့်ဆိုသော် အသုဘအခေါင်းကြီးမှာ ရွေ့လျားလှုပ်ယိမ်းနေသော
ကြောင့်ဖြစ်သည်။ကျွန်တော်သည် ဘုရားးဂုဏ်တော်ကို ဆက်ပွားသည်။

"လောဘကင်းစင်တော်မူသောမြတ်စွာဘုရား"
သြော်- မြတ်စွာဘုရားမှာ စိတ်ကိုညစ်ကြေးစေတဲ့၊စိတ်ကို ပူလောင်စေတဲ့ လောဘဆိုတဲ့ ကိလေ
သာအညစ်အကြေးတွေ ကင်းစင်နေပါလား...။

"ဒေါသကင်းစင်တော်မူသောမြတ်စွာဘုရား"
သြော်-မြတ်စွာဘုရားမှာ စိတ်ကိုပူလောင်စေတဲ့ ဒေါသဆိုတဲ့ ကိလေသာမီးတွေ ကင်းစင်နေ
ပါလား...။

လမ်းတစ်လျှောက်တွင် အကြောက်ပြေစေရန် မြတ်စွာဘုရား၏ ဂုဏ်တော်တွေကို
ကျွန်တော် ကြည်ညိုသွားသည်။ကျွန်တော့်ကို ဘယ်သင်္ချိုင်းသို့ခေါ်ဆောင်သွားသည်မသိ။
ကျွန်တော့် အခေါင်းကလည်းအလုံပိတ်မဟုတ်။ကျွန်တော် ဘေးဘက်သို့ကြည့်ရန် အဖေက
နဲနဲလေးဟထားသည်။ထို့ကြောင့် ကျွန်တော်သည် ဘေးဘက်သို့ ကြည့်လိုက်ရာ
ဘုရားတွေကို မြင်ရသည်။ရွှေပေါ်ကျွန်းမြတ်စွာဘုရား ဆောင်းတန်းထဲတွင်ဖြစ်သည်။
ကျွန်တော်သည် ဘုရားတစ်ဆူ၏ မျက်နှာတော်ကို ဖူး၍မ၀အောင်ကြည် ညိုမိသည်။
အနန္တကျေးဇူးရှင် ဖြစ်သော ဘုရားရှင်၏ဂုဏ်တော်တွေကို အထပ်ထပ်အခါခါပွားများမိသည်။

ကျွန်တော့် အသုဘအခေါင်းကို ချလိုက်ကြသည်။လူတွေက ရိုက်ထားသောအခေါင်းအဖုံးကို
ခွာကြသည်။ထို့နောက် ကျွန်တော်မတ်တပ်ရပ်လိုက်သည်။

အဖေ...ကျွန်တော့်အနားတွင် တွေတွေကြီးရပ်နေသော အဖေ့ဆီသို့တိုးသွားကာ "အဖေ
ကျွန်တော် မသေဘူး အဖေ" လို့ပြောသောအခါ အဖေက "ငါ့သား ရာ မင်းသေပြီကွာ"
ဟုပြောသည်။

"အဖေ ကျွန်တော် ဘာရောဂါနဲ့ သေတာလဲ" လို့မေးတော့ အဖေက "မပြောပါရစေနဲ့"
ဟုပြောသည်။

အမေ...ဟိုမှာ အမေပါလား...ငါ့ကို ကျွေးမွေးပြုစုစောက်ရှောက်ခဲ့တဲ့အမေပါလား....
"အမေ"ဟု ခေါ်လိုက်မသည်။အမေ.....

"အမေ နဲ့ အဖေ ကို သား တစ်ခုပြောစရာရှိတယ်...အဖေ...သားလို မဖြစ်ပါစေနဲ့
အဖေ...သားမှာ ဘုရားရှင်ရဲ့ တရားတော်တွေအတိုင်း သား ဘ၀အတွက် စိတ်ချရ
လောက်အောင်၊ကျေနပ်ရလောက်အောင် သား ကြိုးစားအားမထုတ်ခဲ့ဘူး အဖေ...
အဖေ မသေခင် တရားအားထုတ်ပါနော်...အဖေ" အဖေသည် ကျွန်တော့်ကို
ကြည့်ကာ "အေးပါ ငါ့သားရာ" ဟုပြောသည်။

"အမေ....အမေလည်း တရားအားထုတ်ပါနော်...ပြီးတော့ ညီလေး၊ညီမလေးတွေ
ကိုလည်း တရားထိုင်ခိုင်းနော် အမေ။အမေ...သား သွားတော့်မယ်နော် အမေ...
အမေ မငိုနဲ့နော် အမေ..."

အမေသည် ကျွန်တော်ပြောလိုက်မှ ငိုမဲ့မဲ့ဖြစ်သွားသည်။ကျွန်တော့်ကို သင်္ဂြိလ်ပစ်လိုက်
်ပြီဟု ထင်ရသည်။


အဖေ၊အမေ တို့ အိမ်ပြန်ကြတော့မည်။ခါတိုင်းဆိုလျှင် အဖေတို့ အိမ်ပြန်ရင်ကျွန်တော်
က သား လိုက်ခဲ့မယ်ဗျာ ဟု ခွင့်တောင်းစရာမလို။ အခုတော့ ဘ၀ခြားသွားပြီမို့
ခွင့်တောင်းရပေတော့မည်။

"အဖေ...သား အိမ်လိုက်ခဲ့ရမလား အဖေ..."

"င့ါသားရာ မင်း သွားချင်ရာသွားပါတော့ကွာ "ဟု အဖေကပြောသည်။

"အဖေ ...သား ဘုရားထဲ တရားထိုင်လို့ရလား "ဟု ကျွန်တော်က မေးသောအခါ
အဖေက"ဒါတော့ ငါမသိဘူးကွာ။ဒါပေမယ့် အာရုံထားတာခြင်းကတော့ အတူတူပါပဲ"
ဟုပြောသည်။

ထို့နောက် အဖေတို့ အိမ်ပြန်သွားကြသည်။ကျွန်တော်သည် ဘုရားဆောင်းတန်းထဲ
လျှောက်သွားသည်။ကျွန်တော့်စိတ်ကိုလည်း မြတ်စွာဘုရား၏ဂုဏ်တော်ထဲသို့
သွင်းထားသည်။ထို့နောက် ကျွန်တော်သည်ဘုရားထဲမှထွက်လာသည်။ကျွန်တော့်
သူငယ်ချင်းအိမ်တစ်အိမ်သို့ ဖြတ်သွားသောအခါ အတော်ကြာကွဲကွာနေသော
ဗိုလ်ဖြစ်နေသော ကျွန်တော့် သူငယ်ချင်း အားတွေ့ပါသည်။သူကလည်း ကျွန်တော့်
ကိုမြင်သောအခါ "ဟေ့ယောင် လာလေကွာ၊ဘာလုပ်နေတာလဲ"ပြောကာ ကျွန်တော့်
ကို လှမ်းခေါ်သည်။

ကျွန်တော်က "သူငယ်ချင်း မင်း ငါ့သတင်းမကြားဘူးလားကွ။ငါသေသွားပြီကွ"
ဟုပြောသောအခါ သူငယ်ချင်းဖြစ်သူက ခပ်တွံ့တွံ့ဖြစ်သွားပုံရသည်။ သို့သော်
သူသည် ကျွန်တော့်ကို မုန့်ကျွေးသည်။သူတို့စကားဝိုင်းထဲသို့ ထိုင်ခွင့်ပြုသည်။
သူက ငဂျူးဆီမသွားဘူးလား ဟုမေးသည်။ကျွန်တော်က"မသွားတော့ ပါဘူးကွာ"
ဟုပြောတော့ သူက သွားလိုက်ပါတဲ့။"အေးကွာ ...ဒါဆိုလည်း ငါသွားလိုက်
အုံးမယ်"ဟု ဆိုကာ ကျွန်တော်ထွက်လာခဲ့သည်။

ကျွန်တော် အဖေကြီးတို့ အိမ်သို့ ရောက်ခါနီးတွင် အဖေတို့ နှင့်တွေ့နေပြန်သေး
သည်။ညီလေးကစက်ဘီးတွန်းလာသည်။ညီမလေးတွေက အိပ်နေကြသဖြင့် အဖေနှင့်
အမေက ချီပိုးလာကြသည်။ညီလေးက စက်ဘီးရပ်ကာ အိပ်နေသော အကြီးမ ကို
နိုးသည်။ထိုအချိန်တွင် ဘယ်က ဘယ်လိုရောက်လာမှန်းမမသိသော အမူးသမားတစ်စုက
အဖေ့ကိုရန်ရှာသည်။အများနဲ့တစ်ယောက်။ထို့နောက် သူတို့က အဖေ့ကို ၀ိုင်းချကြ
သည်။ကျွန်တော် မနေသာတော့။ကျွန်တော်ပါ အဖေ့ဘက်က ၀ိုင်းကူ၍ ၀င်လုံးတော့
သည်။ထိုအချိန်တွင် ကျွန်တော် အိပ်ရာမှ ဖျက်ကနဲလန့်နိုးလာသည်။ကျွန်တော်သည်
ကျွန်တော်မက်သော အိပ်မက်ကိုပြန်စဉ်းစားကြည့်မိသည်။

အိပ်မက်ကလည်း ဘယ်လိုအိပ်မက်ပါလိမ့်...ငါသေသွားတဲ့အိပ်မက်ကြီးပါလား...
သာမန်တွေးကြည့်ရင်တော့ နိမိတ်မကောင်းဘူး၊တရားဘက်က ကြည့်ရင်တော့
ငါ့ကို "ဟေ့ကောင် မင်းဘ၀စိတ်ချရအောင် တရားအားထုတ်တော့"ဟု
သတိပေးတာလား ကျွန်တော်တွေးမိသည်။

ကျွန်တော်သည် အိပ်မက်ထဲက အတိုင်း ယခု ဖြုန်းစားကြီးသေသွားပါက
အသက် ၂၀ လူ့လောကတွင် နေခွင့်ရခဲ့သော်လည်း လူဖြစ်ရကျိုးမနပ်သေးသော
လူသားတစ်ယောက်ဟု မိမိကိုယ်ကို မှတ်ချက်ပြုရမည်ဖြစ်သည်။အဘယ့်ကြောင့်
ဆိုသော် ကျွန်တော်သည် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော
ရုပ်၊နာမ် ဖြစ်ပျက်တို့ကို မမြင်သေး။ထိုသို့သေချာမမြင်သေးရခြင်းမှာလည်း
သဒ္ဒါ၊၀ီရိယ၊သတိ၊သမာဓိ၊ပညာ တည်းဟူသော ဗိုလ်ငါးပါးတို့ အင်အားလျော့နည်း
နေသောကြောင့်ဖြစ်မည်။အကယ်၍ ကျွန်တော်သည် ကျွန်တော့်အိပ်မက်ထဲကလို
ဖြုန်းစားကြီးသေသွားလျှင်တော့ ကျွန်တော့်ဘ၀သည် ဘယ်ဘ၀ ရောက်မည် ဆိုတာမသေချာ။မဟာဗောဓိမြိုင်ဆရာတော်ကြီးဟောကြားတော်မူသော
တရားစကားတစ်ခုကိုသတိရမိသည်။"ပမာဒဿ-မေ့လျော့နေသူအား၊
စတ္တာရောသာရော-အပါယ်လေးဘုံသည်၊သကသေရ-မိမိအိမ်ရာနှင့်တူ၏"တဲ့။
သည်တရားတော်အတိုင်းဆိုလျှင် ကျွန်တော်သည် အိပ်ရာက နိုးသောအချိန်မှ
အိပ်သောအချိန်ထိ သတိမကပ်နိုင်ပါက၊သတိမရှိပဲသေသွားပါက မိမိအိမ်ရာနှင့်
တူသော အပါယ်ဘုံတစ်ခုခုသို့ ပြန်သွားရမည်လားမသိ။ အပါယ်ဘုံသို့
ရောက်သွားပါက ကျွန်တော်အခုရရှိထားသောလူ့ဘ၀သို့ ပြန်ရောက်ဖို့ရာမလွယ်။
သည်အပါယ်ဘုံတွင် ဆင်းရဲဒုက္ခကြီးများအတော်ခံစားရမည်။စစ်ကိုင်းမဟာဂန္ဓာရုံ
ဆရာတော်ကြီး၏ ဆင်းရဲကြီးကိုမြင်က ဆင်းရဲကလေးကို ကြိတ်မှိတ်ခံ ဟူသော ဆုံးမစကားအတိုင်း ကျွန်တော်သည် ယခုဘ၀ခံစားရသော ဆင်းရဲ
ဒုက္ခကလေးများကို ကြိတ်မှိတ်ခံကာ ဆင်းရဲဒုက္ခကြီးများ တသီတတန်းကြီး ခံစားရသော
အပါယ်ဘုံသို့မရောက်အောင်ကြိုးစားရမည်။ထို့ထက်ကျွန်တော်သည် ကျေးဇူးတော်
အနန္တရှိတော်မူသော မြတ်စွာဘုရားဟောကြားတောမူသော ခန္ဓာငါးပါးတို့၏
အနိစ္စ၊ဒုက္ခ၊အနတ္တ တရားတော်တို့ကို ကိုယ်တိုင်သိမြင်အောင် ကျင့်ကြံအားထုတ်
ရပေအုံးမည်ဟု အခိုင်အမာဆုံးဖြတ်ချက်ချမိသည်။

မှတ်ချက်။ ။လွန်ခဲ့သော ၃နှစ်ခန့် ကျွန်တော်အိပ်မက်မက်ခဲ့စဉ်ကရေးသားထားခဲ့သော
ဆောင်းပါးဖြစ်သည်။