ရေးသားသူ ထင်လင်းအောင်
တစ်ခါတုန်းက သူငယ်ချင်းနှစ်ယောက်ဟာ သဲကန္တာရတစ်ခုထဲကို ဖြတ်လျှောက်သွားကြတယ်။
လမ်းခုလတ်တစ်နေရာမှာ သူတို့နှစ်ယောက်ဟာ အငြင်းပွားကြတယ်။တစ်ယောက်နဲ့
တစ်ယောက်အငြင်းအခုန်ဖြစ်ကြရင်း တစ်ယောက်က အခြားတစ်ယောက်ရဲ့ မျက်နှာကို
လက်သီးနဲ့ထိုးလိုက်တယ်။လက်သီးနဲ့ အထိုးခံရတဲ့ သူငယ်ချင်းက နာကျင်သော် လည်းပဲ
ဘာမှမပြောဘူး။ဒါပေမဲ့ သဲပြင်ပေါ်မှာရေးမှတ်လိုက်တယ်။ “ဒီနေ့ ငါ့ရဲ့ အကောင်းဆုံး
သူငယ်ချင်းက ငါ့ရဲ့မျက်နှာကိုထိုးတယ်”

သူတို့သူငယ်ချင်းနှစ်ယောက်ဟာ ရေအိုင်တစ်ခုကိုတွေ့တဲ့အထိ ဆက်လက်လမ်း
လျှောက်သွားကြတယ်။အဲဒီရေအိုင်မှာပဲ သူတို့နှစ်ယောက် ရေချိုးကြတယ်။သူတို့ရေချိုးနေတုန်း
မျက်နှာအထိုးခံရတဲ့ သူက ရွှံ့နွံထဲမှာ နစ်မြုပ်နေစပြုနေပြီ။အဲဒီအချိန်မှာ သူ့သူငယ်ချင်းက
သူ့ကို ကယ်ဆယ်လိုက်တယ်။ရေနစ်သေတော့မလိုဖြစ်ပြီး ပြန်လည်အသက်ရှင်လာတဲ့
သူငယ်ချင်းက ကျောက်တုံးတစ်ခုပေါ်မှာစာလုံးထွင်းပြီး ရေးမှတ်လိုက်တယ်။ “ဒီနေ့ ငါ့ရဲ့
အကောင်းဆုံးသူငယ်ချင်းက ငါ့ရဲ့အသက်ကို ကယ်ဆယ်လိုက်တယ်”

သူ့ကို ကယ်ဆယ်လိုက်တဲ့သူငယ်ချင်းက “ ငါ မင်းရဲ့ မျက်နှာကိုထိုးတုန်းက မင်းက
သဲပြင်ပေါ်မှာ စာတွေရေးမှတ်တယ်...အခု ငါမင်းရဲ့အသက်ကိုကယ်ဆယ်လိုက်တော့
မင်းက ကျောက်တုံးပေါ်မှာစာလုံးထွင်းပြီးရေးမှတ်တယ်...အဲဒါဘာကြောင့်လဲ...”လို့
မေးတယ်။

မျက်နှာအထိုးခံရတဲ့သူငယ်ချင်းက “ငါတို့ရဲ့ သူငယ်ချင်း မိတ်ဆွေတွေက ငါတို့ ကို
နာကျင်အောင် လုပ်ခဲ့ရင် ငါတို့ဟာ သဲပြင်ပေါ်မှာပဲ ရေးမှတ်သင့်တယ်...အဲဒီသဲပြင်မှာ
ရေးရင်သူငယ်ချင်းတွေအပေါ် နာကျင်မှုတွေဟာ ခွင့်လွှတ်ချင်းတွေနဲ့အတူ မကြာခင်မှာ
လွယ်ကူစွာပျောက်ပျက်သွားလိမ့်မယ်...ဒါပေမဲ့ ငါတို့ရဲ့ သူငယ်ချင်း မိတ်ဆွေတွေက
ငါတို့ရဲ့ဘ၀အတွက် အကောင်းမွန်ဆုံး ကူညီခဲ့ရင် ငါတို့ဟာ ဘယ်တော့မှ မပျောက်ပျက်
နိုင်တဲ့ ကျောက်တုံးပေါ်မှာ ရေးထိုးမှတ်ထား သင့်တယ်... ” လို့ပြောလိုက်တယ်။

ဒီပုံပြင်လေးကို ကြည့်ပြီး ကျွန်တော်တို့ရဲ့ အကောင်းဆုံးမိတ်ဆွေ သူငယ်ချင်းတွေက
ကျွန်တော်တို့ကို နာကျင်အောင်ပြုမူခဲ့ရင် သဲပြင်ပေါ်မှာ ရေးမှတ်မယ်...
ကျွန်တော်တို့ဘ၀ အတွက် အကျိုးကျေးဇူးတွေကို သူငယ်ချင်းမိတ်ဆွေတွေက ပြုလုပ်ခဲ့ရင်
ဘယ်တော့မှ မပျောက်ပျက်နိုင်တဲ့ ကျောက်တုံးပေါ်မှာရေးထိုး မှတ်ထားသင့်တယ်
မဟုတ်လား...။
ရေးသားသူ ထင်လင်းအောင်
ကယ်လာ ပထမဦးဆုံးကလေးကိုယ်ဝန်ဆောင်ချိန် (၂)လအကြာမှာ သူမရဲ့ချစ်ခင်ပွန်းသေ
ဆုံးသွားတယ်။သူတို့ လက်ထပ်ပြီး ၁နှစ်အလွန်မှာ ကိုယ်ဝန်ရခဲ့ခြင်းဖြစ်တယ်။သူတို့ဘ၀ထဲကို
ဝင်ရောက်လာမယ့် ရတနာလေးကို သူတို့ စောင့်မျှော်နေခဲ့ကြတာ...။ ကယ်ရန်ဟာ
သူမကိုယ်ဝန်ရှိမှန်းသိခဲ့တုန်းက အရမ်းပျော်နေခဲ့တယ်...။

သူအလုပ်သွားတဲ့ တစ်မနက်မှာ ကားတိုက်မှုဖြစ်ခဲ့တယ်။ဆရာဝန်တောင် သူ့ရဲ့အသက်ကို
မကယ်နိုင်ခဲ့ပါဘူး။ သည်လို ကြမ္မာဆိုးတွေယူဆောင်လာတဲ့မနက်ခင်းကို ကြုံတွေ့ခဲ့တာ
(၄)နှစ်တောင်ကြာပါပကော။ သူသေသွားပြီး (၂)လအကြာမှာ သားလေးအရေဘင်ကို
မွေးဖွားခဲ့တယ်။အခုဆို သားလေးအရေဘင် တောင် (၄)နှစ်ပြည့်နေပြီ။သူ့အဖေ
အကြောင်းကို တီတီတာတာမေးတတ်စပြုနေပြီ။

သားလေး သူ့အဖေအကြောင်းကို မေးတိုင်း သူမရင်ထဲမှာ နာကျင်လိုက်ရတာ။
သူ့အဖေဟာ သေသွားပြီး ကောင်းကင်ဘုံကို ရောက်သွားတယ်ဆိုတာ ဘယ်လိုနားလည်
အောင်ပြောရပါ့။သားလေးဟာ သူ့အဖေကို အရမ်းတမ်းတနေတာ။ ဒါပေမဲ့ ဘယ်လိုမှ
သားလေးနားလည်အောင်မဖြေနိုင်ခဲ့ပါဘူး။ညတစ်ညမှာ သားလေးကို အိပ်ရာထဲမှာသိပ်နေတုန်း
သားလေးက သူ့အဖေအကြောင်းကို မေးပြန်ပါရော။

“မေမေ သား မှာ အဖေဘာလို့မရှိတာလဲ...သားဖေဖေဘယ်မှာလဲဟင်...”

“သားလေး...ဟိုး...မိုးကောင်ကင်မှာရှိတဲ့ ကြယ်ပွင့်လေးတွေကိုတွေ့လား...အလင်းလက်ဆုံး
နဲ့ အကြီးမားဆုံး ကြယ်ပွင့်လေးကိုတွေ့လား”

“ဟုတ်ကဲ့ မေမေ”

“အဲဒါ သားဖေဖေပေါ့ကွယ်...သူက သားကိုစောင့်ရှောက်ဖို့ ကောင်းကင်ဘုံကိုသွားတာလေ...
မိုးကောင်ကင်မှာ လင်းလက်နေတဲ့ အကြီးမားဆုံးနဲ့ အတောက်ပဆုံးကြယ်ပွင့်လေးကိုတွေ့တိုင်း
သားဖေဖေက သားကို ချစ်တယ် လို့ပြောနေတယ်လို့မှတ်လိုက်နော် သားလေး...
သားဖေဖေက သားလေးကို ရဲစွမ်းသတ္တိရှိပြီး ကျန်းမာသန်စွမ်း တဲ့ သားတစ်ယောက်
်ဖြစ်စေချင်တာ...သားလေးကောင်းကင်ဘုံကို သွားရတဲ့ တစ်နေ့မှာ သားလည်း သားဖေဖေလို
ုကြီးမားပြီး လင်းလက်တဲ့ ကြယ်စင်လေးဖြစ်လိမ့်မယ်ကွယ်...”

“ဟုတ်ကဲ့ပါမေမေ...သားဖေဖေ ကို မြင်ချင်တဲ့အခါတိုင်း မိုးကောင်ကင်မှာလင်းလက်နေတဲ့
ကြယ်ပွင့်လေးတွေ ကို သားမော့ကြည့်လိုက်ပါမယ်...”

အရေဘင်ဟာ သူ့ဖေဖေအကြောင်းကို သိလိုက်ရလို့ထင်ပါရဲ့ တော်တော်လေးစိတ်ကျေနပ်
သွားပုံရတယ်...။သူမရဲ့ သားလေး ဘ၀တိုးတက်အောင် စောင့်ရှောက်ပေးပါ...သားလေး
ဘေးရန်ကင်းရှင်းစေဖို့စောင့်ရှောက်ပေး ပါလို့ ကောင်းကင်ဘုံမှာရှိတဲ့ သူ့ခင်ပွန်းဆီကို
တိုးတိုးလေးဆုတောင်းလိုက်ပါတယ်...။

သူမ ဖြတ်သန်းသွားရမယ့် ဘ၀ခရီးလမ်းဟာ ရှည်လျားလိမ့်မယ်...ရံဖန်ရံခါမှာ အခက်အခဲ
အတားအဆီးတွေနဲ့ ကြုံတွေ့နေရမယ်ဆိုတာသူမသိနေတယ်။သူ့မရဲ့ခွင်ပွန်းဟာ သူတို့ကို
ကာကွယ်စောင့်ရှောက်လိမ့်မယ်...သူမ ဟာ သားလေးအတွက် ဒီလောကကြီးမှာ
အကောင်းဆုံးသော မိခင်တစ် ယောက်ဖြစ်စေဖို့ သူမခင်ပွန်းဟာ အားအင်တွေပေးနေမယ်ဆိုတာ
သူမယုံကြည်နေမိတယ်...။

နောက်ဆုံးတစ်နေ့မှာ သူမရယ်...သူမရဲ့ခင်ပွန်းရယ်...သူတို့ရဲ့သားလေးတို့ဟာ ပြန်လည်
ဆုံတွေ့ကြမှာပါ။ မိုးကောင်ကင်မှာရှိတဲ့ ကြယ်စင်လေးတွေ ကြားမှာ သူ့ဖေဖေ ရှိနေတယ်ဆိုတာ
သားလေးက သိနေတယ်။ဒါကြောင့်မို့လို့သားလေးဟာ မိုးကောင်ကင်ကိုအမြဲတမ်းမော့ကြည့်
နေလိမ့်မယ်...။ အဲဒီသားလေးကို အကျင့်စာရိတ္တ ကောင်းမွန်ပြီး ပျော်ရွှင်ချမ်းမြေ့တဲ့
ဘ၀တစ်ခုကိုပိုင်ဆိုင်အောင် သူမကြိုစားရအုံးမယ်...။


Among the stars ဆိုတဲ့ ၀တ္ထုတိုလေးကို ကျွန်တော်ကြိုးစားပြီးဘာသာပြန်ကြည့်ထားတာပါ။
ရေးသားသူ ထင်လင်းအောင်
အမှန်တကယ်တော့ သူလိုချင်တဲ့နာရီကို ကျွန်တော်ပေးသင့်ပါသည်။ အခုတော့ သူလိုချင်တဲ့
ပစ္စည်းကို ကျွန်တော် က မပေးတော့ ပြဿနာက အကြီးအကျယ်တက်သွားပြီ။

ကျွန်တော့်ကို တစ်မျိုးထင်သွားပြီ။ကျွန်တော်ဟာ သူ့ဆီက အယူပဲရှိပြီး မပေးချင်တဲ့သူ...
ကျေးဇူးမသိတတ်တဲ့သူ တဲ့။ ကျွန်တော်ဟာ သူပြောသလို များဖြစ်သွားပြီလား...
နာရီလေးတစ်လုံးအတွက်နဲ့ သူ့ကျေးဇူးကို မသိတတ်တဲ့ သူ ဖြစ်သွားပြီလား...။

သူအဲဒီလို ထင်ချင်စရာဖြစ်အောင် ကျွန်တော်က ပြုမူခဲ့တာကိုး...။ဒါတွေအားလုံးဟာ
ကျွန်တော့် ရဲ့ မစဉ်းစား မဆင်ခြင်မိပဲ ပြောမိလိုက်တဲ့ စကားလုံးတွေကြောင့်ပါ...။

အဲသည်ညနေ့ဟာ မိုးတွေရွာပြီးခါစ ရာသီဥတုသာယာနေသော အချိန်လေးပင်ဖြစ်သည်။
နေ့လယ်တုန်းက သူနေမကောင်းဘူးဟု အဖေကပြောသဖြင့် ကျွန်တော်ရယ် ညီလေးရယ်
သူတို့အိမ်ကို သွားကြတယ်။ သူ့ဆီကို မရောက်တာလည်းကြာပြီ...ကျွန်တော်က
ကွန်ပျူတာတက္ကသိုလ်မှာ ကျောင်းတက်နေတာဆိုတော့ တစ်လမှာ တစ်ရက်နှစ်ရက်လောက်
်ပဲအိမ်ပြန်တာ...အိမ်ပြန်တဲ့ အချိန်တိုင်းလည်း သူ့ဆီကိုတော့ အမြဲရောက်ဖြစ်သည်။

သူဆိုတာက ကျွန်တော်တို့ရဲ့ အဖေကြီး။ ကျွန်တော်တို့အညာဒေသမှာတော့
ကိုယ့်မိဘတွေရဲ့ အဖေ၊ အမေ တို့ကို အဘိုး၊ အဘွားလို့ မခေါ်ပဲ အဖေကြီး၊ အမေကြီး
ဟုသာ ခေါ်ကြတယ်။ကျွန်တော်က အဖေကြီးလက်ပေါ် မှာ ကြီးလာတာဟု ပြောလို့ရသည်။
ကျွန်တော်ငယ်ငယ်လေးကတည်းက အဖေကြီးက ခေါ်ပြီးမွေးစားထားတာ ကိုး...။
အဖေကြီးတို့အိမ်မှာပဲ စားတယ်။အဖေကြီးတို့အိမ်မှာပဲ အိပ်တယ်။ ကျွန်တော် အဖေကြီးတို့
အိမ်မှာ မနေ ပဲ ပြန်ပြေးလာတာက အဖေကြီးလက်ကျိုးပြီးဆေးရုံတက်တဲ့ အချိန်။
သွေးသံရဲရဲတွေကိုမြင်တော့ ကလေးဖြစ်တဲ့ ကျွန်တော်က ကြောက်ပြီး အိမ်ပြန်ပြေးသည်တဲ့။
အမေကြီးက ခဏခဏပြောပြတယ်။

အဖေကြီးတို့အိမ်မှာသာညမအိပ်တာပါ။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား
ဘ၀တွေကို အဖေကြီးတို့အိမ်ကနေပြီးတက်လာခဲ့တာပါ။အဖေကြီးတို့အိမ်နဲ့ ကျွန်တော်တို့
တက်တဲ့ကျောင်းကနီးတယ်လေ။ ကျွန်တော်တို့အိမ်နဲ့ကျအတော်လေးဝေးသွားပြီ။ အဲဒီတော့
ကျွန်တော်တို့ညီအစ်ကိုတွေက အဖေကြီးတို့ အိမ်ကနေပြီး ထမင်းစားပြီး ကျောင်းတက်
်ကြသည်။ညနေကျောင်းဆင်းမှ အိမ်ပြန်ကြတယ်။

ကျွန်တော်ငယ်ငယ်လေးတုန်းက အဖေကြီးက ကျန်းမာရေးအလွန်ကောင်းတာ။အခုတော့
အဖေကြီးအသက်က ၈၀ နားနီးနေပြီ။ အိုခြင်း၊နာခြင်း၊သေခြင်း ဆိုတဲ့ ဘေး(၃)မျိုးထဲမှ
အိုမင်းရင့်ရော်ခြင်း ကို ရင်ဆိုင်နေရသလို ရောဂါဝေဒနာများနဲ့ပါ စစ်ခင်းနေရပြီဖြစ်သည်။

အခုလည်း သူနေမကောင်းတဲ့အချိန်လေးနဲ့ ကျွန်တော်ကျောင်းကပြန်လာတဲ့ အချိန်လေး
ကြုံကြိုက်တဲ့အခါတိုင်း နှိပ်ပေးနေကြဖြစ်သည်။ အဖေကြီးတို့အိမ်ရောက်တော့ အမေကြီး
ကျွန်တော်တို့ကို လက်ဖက်သုတ်ကျွေးတယ်။ ခဏနေမှ “ နင့် အဖေကြီးကို
သွားနှိပ်ပေးလိုက်အုံး” ဟု ပြောသည်။

ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် အဖေကြီးအခန်းထဲသို့ ၀င်သွားကြသည်။
သူ့အခန်းလေးသည် အရင်တုန်းကလိုပဲ မပြောင်းလဲ။ အပေါင်ခံပစ္စည်းတွေ၊သူ့ရဲ့
စာအုပ်တွေ၊ သေတ္တာတွေရော အကုန်ထားသဖြင့် အခန်းက နဲနဲကျဉ်းနေသည်။
မီးကလည်းမလာသဖြင့် မှန်အိမ်မီးမှုန်ပျပျမှာ အဖေကြီးအိပ်နေပြီလားဟုထင်မိသည်။

“ အဖေကြီး အိပ်နေပြီလား ” ဟု ကျွန်တော်က အသံပေးလိုက်တော့ လှုပ်လှုပ်ရွရွ
ွဖြစ်လာသည်။

“ မအိပ်သေးပါဘူးကွာ ”

“ အဖေကြီး ကျွန်တော်တို့နှိပ်ပေးရမလား ”

“ အေး...နှိပ်ချင်နှိပ်ကွာ ” ဟု ပြောတော့ ကျွန်တော်က ဘယ်ဘက်ခြမ်း၊ ညီလေးက
ညာဘက်ခြမ်းကို တာဝန်ယူပြီး အဖေကြီးကို နှိပ်ပေးကြသည်။

အဖေကြီးကို နှိပ်ပေးရင်း ကျွန်တော်တို့တွေဟာ ထွေရာလေးပါစကားပြောကြသည်။
သက်ကြီးစကား သက်ငယ် ကြားဆိုတဲ့အတိုင်း အဖေကြီးပြောတာတွေကိုလည်း
ကျွန်တော်တို့ နားထောင်ကြသည်။ အဖေကြီးက သူ့ရဲ့ရှေးဟောင်းနှောင်းဖြစ်တွေကို
ပြောရတာမောပြီထင်သည်။

“ ဖိုးသား မင်းတို့ကျောင်းက မိုးညှင်းသမ္ဗုဒ္ဓေဘုရားနားမှာရှိတာနော် ”

“ ဟုတ်ကဲ့ အဖေကြီး ”

“Tourists တွေမလာဘူးလားကွ”

“လာတာပေါ့ဗျာ...မုံရွာမှာ အဓိကလည်စရာဆိုလို့ သမ္ဗုဒ္ဓေဘုရားရယ်၊ ဗောဓိတထောင်
ရယ်ပဲရှိတာဆိုတော့ တစ်နေ့တစ်နေ့ Tourists တွေတော်တော်လာကြတယ်”

“ မင်းတို့နေတဲ့ အဆောင်က ဘုရားနဲ့နီးတယ်မလား... Tourists တွေနဲ့သွားပြီး
စကားစမြည်မပြောဘူးလား...”

“ပြောတာပေါ့...အဖေကြီးရာ...အရင်တစ်ပတ်ကဆိုရင် Tourists (၃) ယောက်နဲ့
တွေ့တယ်၊ သူတို့မှာ Guide မပါဘူး…ဒါနဲ့ကျွန်တော်လည်း သူတို့နဲ့
စကားသွားပြောတယ်...သူတို့က ဟောလန်ကတဲ့ သမ္ဗုဒ္ဓေဘုရားထဲမှာ ဘာတွေရှိလဲလို့
ကျွန်တော့်ကို မေးတယ်...ဘုရားထဲဝင်ရင် (၃) ဒေါ်လာပေးမှာရကိုး...ကျွန်တော်က
ဘုရားထဲမှာ ဘုရားပေါင်း ၅၈၂၃၆၃ ဆူ ရှိကြောင်း သေချာရှင်းပြလိုက်တယ်...
ကျွန်တော်နဲ့ သူတို့ (၃) ယောက်အတူတူ ဘုရားထဲသို့သွားကြတယ်...
ကျွန်တော်က သူတို့ တွေထဲက တစ်ယောက်နဲ့ စကားလက်ဆုံကျမိတယ်...
ကျွန် တော်က သူသိချင်တာတွေကိုပြောပြတယ်...သူနဲ့ကျွန်တော်နဲ့ ဟာ
အချိန်တိုလေးအတွင်းမှာ တကယ့် သူငယ်ချင်း အရင်းတွေလို ခင်မင်မိကြတယ်..
သူက သူ့မှာ ပါတဲ့ ကင်မရာနဲ့ ကျွန်တော့်ကို ရိုက်ပေးတယ်...သူ့ရဲ့ mail address
ကိုပေးတယ်...ပြန်ခါနီးမှာ ကျွန်တော့်ကို လက်ဆောင်တစ်ခုပေးတယ်ဗျ ”

“ဘာလက်ဆောင်လဲဟ ”

အဖေကြီးက စိတ်ဝင်စားစွာမေးတယ်။

“နာရီလေးဗျ...သူတို့နိုင်ငံကထုတ်တဲ့ နာရီလေး”

“အော်...ဟုတ်လား”

“ ဖိုးသား မင်းမှာ နာရီတစ်လုံးရှိတယ်မလား...အဲဒီနာရီကို ငါ့ပေးပါလားကွ”

ကျွန်တော်ရုတ်တရက် ငြိမ်ကျသွားမိသည်။ ဘာပြောရင်ကောင်းမလဲလို့ မစဉ်းစားမိသေးခင်မှာ
ရုတ်တရက်နှုတ် က “ အဲဒီနာရီလေးကို ကျွန်တော်က အမေ့ပေးမလို့”ဟုလည်းပြော
လိုက်ရော အဖေကြီးလည်းဘာမှထပ်မပြော တော့။နောက်ထပ် ၅ မိနစ်လောက်ဆက်နှိပ်ပြီး
“တော်ပြီကွာ မင်းတို့ပြန်ကျတော့ ” ဟု ပြောသဖြင့် ကျွန်တော်တို့တွေလည်း
အိမ်ပြန်ခဲ့ကြသည်။

ဒါပေမဲ့ ကိစ္စက ဒီတွင်မပြီး။နောက်တစ်နေ့ ညနေ အဖေကြီးတို့အိမ်သွားတော့
အမေကြီးက “ နင့် အဖေကြီးက နင့်ကို စိတ်ဆိုးနေတယ်...သူ့တောင်းတဲ့နာရီမပေးလို့တဲ့...
အဲဒါ သူတောင်းတာပေးလိုက်လေ...” ဟု အမေကြီးကပြောတယ်။ သွားပြီ အဖေကြီး
ကျွန်တော့်ကို စိတ်ဆိုးသွားပြီ။ကျွန်တော်အိမ်ပြန်ပြီး နာရီလေးကို ယူ လိုက်သည်။
ကျွန်တော် အဖေကြီးလိုချင်တဲ့ နာရီကို ကျေကျေနပ်နပ်ကြီးပေးသင့်ပါသည်။
ကျွန်တော်တို့မြေးတွေ က အယူသာရှိပြီး အပေးဆိုတာမရှိသေးဘူး။ကျွန်တော်တို့လိုချင်တဲ့
ပစ္စည်းတွေကျတော့ အဖေကြီးကပေးတာ များသည်။သူလိုချင်တဲ့ ပစ္စည်းကျတော့
ကျွန်တော်တို့က မပေးချင်ဘူးဆိုရင် အတ္တကြီးမားတဲ့သူတွေဖြစ်သွား မည်။ နောက်ပြီး
ဒီအဖေကြီးက ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးတရားတွေ ဘယ်မှာသွားထားမလဲ...
ဟေ့ ကောင် ဖိုးသား မင်းစဉ်းစားစမ်း...ဆပ်လို့မကုန်နိုင်တဲ့ ကျေးဇူးတွေအများကြီးပဲကွ...
တော်တော်အသုံးမကျတဲ့ ကောင်...ကျေးဇူးမသိတတ်တဲ့ကောင်ဟု ကိုယ့်ကိုယ်ကို
အပြစ်တင်ဝေဖန်မိသည်။ကဲ အခုတော့ အမှားကို အမြန်ပြင်ပြီး အဖေကြီးလိုချင်တဲ့ နာရီလေးကိုယူ...အဖေကြီးအခန်းထဲဝင်သွားလိုက်သည်။

အဖေကြီးက ကျွန်တော့်ကို မြင်သော်လည်း မသိချင်ယောင်ဆောင်နေပြီး
ရေဒီယိုနားထောင်နေသည်။ကျွန် တော်ကနာရီလေးကိုကိုင်ပြီး “ အဖေကြီးကို
သားလာကန်တော့တာပါ ” ဟုပြောပြီး နာရီလေးကို သူဘေးနားမှာ တင်ထားလိုက်သည်။
နှုတ်မှလည်း “ ကျွန်တော့်ကို ခွင့်လွှတ်ပါ အဖေကြီး ” ဟု ပြောကာ ဦးသုံးကြိမ်ချ
ရှိခိုးကန်တော့လိုက်သည်။

ခါတိုင်းခါ ကျွန်တော်ကျောင်းသွားခါနီးတိုင်း ကန်တော့ရင် ဆုတွေအများကြီးပေးတဲ့
အဖေကြီးဟာ တိတ်ဆိတ်နေသည်။

“တော်ပါပြီကွာ မင်းနာရီလည်း ငါမလိုချင်ပါဘူး၊ငါ့မှာနာရီတွေအများကြီးရှိသားပဲ ငါက
မင်းစိတ်ကို စမ်းကြည့်တာ ”

“ကျွန်တော့်ရဲ့မိုက်မဲလှတဲ့ စိတ်ကို ခွင့်လွှတ်ပါ အဖေကြီး ” ဟု ကျွန်တော်ထပ်ပြော
လိုက်သည်။ အဖေကြီးက ဘာမှပြန်မပြော။ကျွန်တော့် ကို ကျေးဇူးမသိတတ်တဲ့ကောင်လို့
အမှန်တကယ်ထင်သွားပြီလား...ဟု ကျွန်တော် အဖေကြီးကို ကြည့်လိုက်မိတော့
အဖေကြီးပြုံးနေသည်။
ရေးသားသူ ထင်လင်းအောင်
အပြစ်ထောက်ပြသူတိုင်း

ရွှေအိုးပေးသူမဟုတ်ပါဘူး။

သဘောထားမှန်မှန်၊အသိဥာဏ်ပါပါနဲ့

အကျိုးရှိအောင်အပြစ်ထောက်ပြသူသာ

ရွှေအိုးပေးသူပါ။

ကိုယ့်အကြိုက်နဲ့မကိုက်တိုင်း

မကောင်းဘူးလို့သတ်မှတ်ပြီး

အပြစ်ပြောသူကတော့်

ရွှေအိုးပေးသူမဟုတ်ပါဘူး၊

ရွှံ့အိုးပေးသူပါ။

အရှင်ဆန္ဒာဓိက
(ရွှေပါရမီတောရ)